Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နွေးထွေးတဲ့ ကဗျာချစ်သူ

| Thursday, May 1, 2014
အဓိပ္ပါယ်ရှိရှိ နေဖို့အတွက်
ရင်ဘတ်ထဲမှာ သပွတ်အူလို အမှိုက်များ
ရှိမနေသင့်တာ သိပေမဲ့လဲ
သူတပါးခိုက်အောင် ရေလိုက်ငါးလိုက်
အကြိုက်ဆောင် မနေတတ်ခဲ့တာ
ငါ့ အမှား ။
 
မြင်တွေ့ရတဲ့အရာတွေထဲ
ငါရော မင်းပါ တခြားသူအပါအ၀င်
မှောက်ကျနေတဲ့  အဌား   သိက္ခာ   တွေအများဆုံးပေါ့
ပြုံးပြနေလဲ အဆုံးတော့
နောက်ကျောကိုဒါးထိုးခံလိုက်ရတယ်
အလင်းရောင်မဲ့နေတဲ့အရပ်မှာ
ရောင်စဉ်ရှာဖွေနေတဲ့သူက
ငါကိုယ်တိုင်ပဲ ။
 
မျော်လင့်ခြင်းပါင်းများစွာအတွက်
ဖြတ်သန်းနေရတဲ့ လမ်းကြမ်းကြမ်းကြီးတွေ
စီးထားတဲ့ ကိုယ်ပိုင်ဖိနပ်လေး
ပါးလုလု ။
 
တမ်းတချင်း လွမ်းရချင်းတွေကို သွေးမျက်ရည်ဖုန်းပြီကွယ်
ဟိုးအဝေးကို လှမ်းကြည့်မိတော့ သံစဉ်ပျက်ကို
အက်ကွဲတဲ့ ဂီတာ နဲ့ တီးနေရသလို
ကာရံ မပါတဲ့ ကဗျာတွေ အတွက်
နောင်တ တွေ မျိုချ သောက်သုံးရင်း  >>>>>>>>>>>>>>>>>
 နိုင်ငံရေးကိုလဲ အရေခြုံမထား
ဘာသာရေးကိုလဲ  အရေခြုံမထား
လူမျိုးရေးကိုလဲ  အရေခြုံမထား
အပြုံးတုတွေကိုလဲ အရေခြုံမထားပဲ
ဖြူစင်သူတွေရဲ့
မြတ်နိုးတွယ်တာစရာ ကောင်းတဲ့ ခင်မင်မှုတွေကိုငုံပြီး
နွေးထွေးတဲ့ နှလုံးသားလေးကို ထွေးပိုက်ထားတဲ့
ကဗျာချစ်သူ တယောက်မျှသာ ။    
 
jasmine 



7 comments:

{ Han Kyi } at: May 2, 2014 at 12:46 AM said...

ဂျက်ရေ...သဗွတ်အူ = သပွတ်အူ

သည်ကဗျာကတော့ ဂျက်ရဲ့ ရပ်တည်မှုကို အကောင်းဆုံး မီးမောင်းထိုးပြထားတဲ့ ကဗျာပဲ ဖြစ်မယ်ထင်ပါရဲ့...ဦးဟန်ကြည်လည်း ထို့နည်းလည်းကောင်း ခံယူထားပါသဗျား...

{ စံပယ်ချို } at: May 3, 2014 at 9:20 AM said...

ဆရာရေ
ကျေးဇူးပါရှင် ဖတ်ခဲ့ပေးတာရော အမှားပြင်ေးတာရောကိုပါ

Anonymous at: May 5, 2014 at 3:00 AM said...

ကဗျာလေးကိုလည်း ချစ်ပါတယ် မဂျက်ကိုလည်း ချစ်ပါတယ် :)

~ Kk ~

{ blackroze } at: May 5, 2014 at 12:35 PM said...

ဂျက်စ်ရေ
တကယ်တော့ကဗျာတွေကိုချစ်ရတာအကောင်းဆုံးပါဘဲ
ဆက်ပြီးတော့လည်း ချစ်ဖို့ကောင်းတဲ့
ကဗျာလေးတွေ ဖန်တီးပါဦးလို့

{ Toe Yee Yee } at: May 6, 2014 at 8:12 PM said...

သူငယ်ချင်းရဲ့ နွေးထွေးမှုလေးကို လာခံစားသွားတယ်နော်

{ Toe Yee Yee } at: May 6, 2014 at 8:13 PM said...

သူငယ်ချင်းရဲ့ နွေးထွေးမှုလေးကို ခံစားသွားတယ်နော်

{ witch83 } at: May 6, 2014 at 9:00 PM said...

နွေးထွေးတဲ့ ကဗျာချစ်သူတစ်ယောက် ရေးထားတဲ့ ကဗျာကောင်းတစ်ပုဒ်ကို လာဖတ်သွားတယ်။း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine