Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သင့်ကြောင့် ကျွန်မ လူဆိုးမဖြစ်ချင်ပါ

| Monday, May 26, 2014
ချစ်ခြင်းတွေ အပြည့်ခင်းထားတဲ့
အနာဂတ်လမ်း
တူတူလျှောက်လှမ်းမယ်ဆို
ရဲရဲသာဝင်ခဲ့
တံခါးဖွင့်ထားတယ်။

ဂတိတွေ တန်ဖိုးထားတတ်တယ်ဆို
ရဲရဲသာ ၀င်ခဲ့
တံခါးဖွင့်ထားတယ်။

ကိုယ်ကျင့်တရားကို တန်ဖိုးတတ်တယ်ဆို
ရဲရဲသာ ၀င်ခဲ့
တံခါးဖွင့်ထားတယ်။

သိက္ခာကို ချခင်းထားပြီး
လိုချင်မှု့ တခုအတွက်နဲ့
အပြုံးလှလှ မျက်နှာဖုန်းတွေကို
အိမ်ထဲမ၀င်ခင် ခွါချခဲ့ပေးပါ။
 
ဝံပုလွေတကောင်ရဲ့ အပြုံး
ခြသေ့င်္ တကောင်ရဲ့ အကြည့်တွေနဲ့
အရူးကွက်နင်းပြီး အိမ်ထဲဝင်မလာပါနဲ့မိတ်ဆွေ။
 
သင်သာလျှင်ဖြူစင်ပါစေ
ကျွန်မရဲ့ ခင်မင်မှု အမျှင်တန်းလျှက်ရှိနေမှာပါ။
ဟန်ဆောင်မှုတွေက ခဏတာအတွက်ပဲကောင်းပြီး
ဘ၀ တသက်တာအတွက်ကတော့
အဆိပ်ပြင်းတဲ့မြွေကို အိပ်ထဲထဲ့ထားရသလိုပါပဲ။
 
သင့်ကိုလဲ
အဆိပ်ပြင်းတဲ့မြွေ မဖြစ်စေချင်သလို
ကျွန်မကိုယ်တိုင်လဲ
ပြောသောစကား ပြုံးသောအပြုံးတို့ကို
ထိန်းချုပ်မထား ချင်သူပါ
သင့်ကြာင့် ကျွန်မရဲ့ ဖြူစင်မှု
အဓွန့်ရှည်ပြီး တည်တန့်ပါစေ။
 
ရေးသားသူ jasmine
 
 
 
 
 
 

9 comments:

{ Toe Yee Yee } at: May 27, 2014 at 4:58 AM said...


ကိုယ်ကျင့်တရားကို တန်ဖိုးတတ်တယ်ဆို
ရဲရဲသာ ၀င်ခဲ့
တံခါးဖွင့်ထားတယ်။

{ သူကြီးမင်း (တုံးဖလား) } at: May 27, 2014 at 5:38 AM said...

ကြောင်စမင်းက လူဆိုး ဘယ်တော့မှ ဖြစ်မှာဟုတ်ပါဘူး။ ဒီလောက် သဘောကောင်းနေတာ။

{ Unknown } at: May 27, 2014 at 7:29 AM said...

ကဗျာ ချစ်သူ တစ်ယောက်မို့
ခံစား ဖတ်ရှု ခဲ့ပါတယ်....

{ Iora } at: May 28, 2014 at 6:41 PM said...

ဖတ်သွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ 3rdthameetaw } at: June 2, 2014 at 6:49 AM said...

ဟန်ဆောင်မှုတွေက ခဏတာအတွက်ပဲကောင်းပြီး
ဘ၀ တသက်တာအတွက်ကတော့
အဆိပ်ပြင်းတဲ့မြွေကို အိပ်ထဲထဲ့ထားရသလိုပါပဲ။

မိုက်တယ် ဂျက်
တကယ်ထိတယ်
ခုခေတ်က ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ လူတွေ
များတယ် ဖြူစင်တဲ့သူရှားပါးလာတော့
လူတွေကိုကြောက်တတ်လာတယ်
ကိုယ်တိုင်က ဟန်ဆောင်ခြင်းမလုပ်တတ်လို့ 
ရှောင်ပုန်းတဲ့အလုပ်ကိုလုပ်ဖြစ်လာတယ်

{ စံပယ်ချို } at: June 3, 2014 at 10:03 PM said...

ဟုတ်တယ်သမီးတော်ရေ------ကိုယ်တွေ့အတော်တော်များများက ဟန်ဆောင်မှုတွေနဲ့ ကိုယ့်ကိုဆက်ဆံကြတယ် အဲတာကြောင့်လဲ ရေးဖြစ်သွားတာပါ

{ မိုးညချမ်း } at: June 5, 2014 at 3:00 AM said...

"သိက္ခာကို ချခင်းထားပြီး
လိုချင်မှု့ တခုအတွက်နဲ့
အပြုံးလှလှ မျက်နှာဖုန်းတွေကို
အိမ်ထဲမ၀င်ခင် ခွါချခဲ့ပေးပါ။" ...

အစကနေ အဆုံးထိ တစ်လုံးချင်း ရင်ထဲထိတယ် မမရေ ... :)

{ မြတ်နိုးသူ } at: June 8, 2014 at 2:15 AM said...

သင်သာလျှင်ဖြူစင်ပါစေ
ကျွန်မရဲ့ ခင်မင်မှု အမျှင်တန်းလျှက်ရှိနေမှာပါ။
ကဗျာလေးလာရောက်ခံစားသွားပါတယ်မာမား။

{ yinminkhine } at: June 9, 2014 at 5:40 AM said...

သံယောဇဉ်တွေက ထုထောင်းခြင်းခံနေရသလို
နှလုံးသားနုနု သွေးခြေအုနေရပြီ ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine