Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခံစားရဖူးတဲ့​ အကြောင်းရင်း တချို့

| Friday, June 20, 2014
မီးပျက်တဲ့ လကွယ်ည
အလွမ်းတွေ မြင်နေရတယ်
အနားသတ် ပြီးသွားခဲ့ပါပြီ
တခါလာလဲ ဒီ အစ ကိုပြန်ဆွဲထုပ်
တွယ်တာမှု အကုန်ပေးခဲ့လဲ
အပယ်ခံ လိုက်ရတဲ့အချိန်
ညဟာ မှောင်နေတယ်
ညဟာ တိတ်ဆိတ်နေတယ်
နေရာတိုင်း ခြောက်သွေ့နေတယ်
ရင်ဘတ်ထဲ မှာတော့ ရွဲရွဲစိုနေတယ်
နှလုံးသား က ကျလာတဲ့ မျက်ရည်တွေပေါ့ ။

အကြောက်ဆုံး  ရာသီ 
အချစ်ကိုတွေ့လိုက်ရပြီး
တပြိုင်နက် ဆုံးရှုံးလိုက်ရတဲ့   အချိန်ရာသီပေါ့
အကြောက်ဆုံး  အချိန်
ချစ်သူရဲ့ နောက်ကျောကို
မိမိ ဆန္ဒမပါပဲ ကြည့်နေရတဲ့  အချိန် ။
 
ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ။
 
jasmine

10 comments:

{ သဒ္ဓါလှိုင်း } at: June 22, 2014 at 11:11 PM said...

ကဗျာကောင်းလေးတွေ အမြဲရေးတဲ့ ဂျက်ကို ချီးကျူးး
လေးစားမိပါတယ်. သတိတရ လာသွားတယ်

ချစ်ခင်လျက်
သဒ္ဓါ

{ roseayemaung } at: June 23, 2014 at 7:17 AM said...

မ ရယ်ကဗျာလေးကိုဖတ်ပြီတမျိုးမျိုး
ခံစားမိတယ်..မ ကိုနိပ်စက်သူရှိရင်ပြောနော်
လက်တီးစာကျွေးပစ်လိုက်မယ်

{ ရင်ငြိမ်းသူ (Yin Nyein Thu) } at: June 24, 2014 at 1:07 AM said...

သတိတရ ရောက်ခဲ့တယ် အမဂျက်

{ witch83 } at: June 25, 2014 at 8:18 AM said...

ကဗျာလေး.. လာ.. ဖတ်သွားပါသည်။
btw, စုတ်ပဲ့တာ က တဝင်းပူအသတ် sis ( Ref; http://myanmarwords.pikay.org/2008/12/sa-lone.html#salone39)

{ စံပယ်ချို } at: June 25, 2014 at 1:31 PM said...

ညီမလေးရေ-----ပြင်လိုက်ပါပြီ အမှားကိုမြင်ပြီး ပြင်ပေးခဲ့လို့ကျေးဇူးပါ

{ Toe Yee Yee } at: July 5, 2014 at 3:45 AM said...

ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ဆိုတဲ့အရသာကို လက်ရှိကိုခံစားနေရလို့ ပါ

{ Toe Yee Yee } at: July 5, 2014 at 3:45 AM said...

ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ဆိုတဲ့အရသာကို လက်ရှိကိုခံစားနေရလို့ ပါ

{ မိုးညချမ်း } at: July 10, 2014 at 5:13 AM said...

"ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ။" :)

{ စံပယ်ချို } at: July 12, 2014 at 8:56 PM said...

ကွန်မင့်လေးတွေတင်တာ နောက်ကျသွားပါတယ် ဘလော့ထဲမ၀င်ဖြစ်ခဲ့လို့ပါရှင် -------အားပေးတဲ့ ကွန်မက်လေးတွေအတွက် ကျေးဇူးပါ

Anonymous at: July 24, 2014 at 7:29 PM said...

ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ

ရင်ကိုထိရှသော ကဗျာလေးတစ်ပုဒ်ပါ

~ Kk ~

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine