Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နွံနစ်တဲ့ ခံစားချက် - သွေးခြေဥတဲ့ နှလုံးသား

| Sunday, June 8, 2014
 အချိုပေါ့လာတဲ့ ချစ်သူ နှလုံးသား
ပျားရည် ဆမ်းပေးပါရစေကွယ်
အရာသာမဲ့ပြီး ပေါ့ရွတ်ရွတ်ဖြစ်လာတဲ့
ကိုယ့် ကဗျာ မျက်ရည်ဆားလေးခတ်လိုက်မိတယ်
အခါးဓါတ်တွေ ထင်တာထက် ပိုပြီးများနေတာ
ချိုမြိန်ခြင်းတွေ ကုန်ဆုံးလို့လားကွယ် ။

နောင်တကို ဖောင်ဖျက်သလိုဖျက်နေမိတာလား
နောင်တကို အမှောင်ချနေတာလား
ပြန်မေးနေမိတယ်
ကိုယ့်အတွက် တိကျမှုဘာမှမရှိ
အဖြေဘာလဲ ။

တဖြေဖြေးနဲ့ နစ်နေတယ်
လောဘ နွံ သောကနွံ သံယာဇဉ်နွံ
များလှတဲ့ နွံ
ဘာနွံလဲ ကိုယ်တိုင်လဲမသိတော့ ခက်ပြီကွယ် ။

ပန်းသီးရဲရဲကြီးတွေတချိန်က
ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်
ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်
ပန်းသီးအရသာလဲ ခါး လို့လာပြီ။
 
အဆိပ်သင့်သွားတဲ့ ၀ိုင်တခွက်
ပျောက်ဆုံးသားတဲ့ မျက်နှာပေါ်က အပြုံးတွေအတွက်
သံယောဇဉ်တွေက ထုထောင်းခြင်းခံနေရသလို
နှလုံးသားနုနု သွေးခြေဥနေရပြီ ။ 
 
 jasmine
 

12 comments:

{ roseayemaung } at: June 9, 2014 at 12:03 AM said...

နှင်းဆီ​လေးလာသွားပါပြီ
ခုမှဆိုဒ်​ထဲ​ရောက်​မိတယ်​ မ ​ရေ

{ roseayemaung } at: June 9, 2014 at 12:03 AM said...

နှင်းဆီ​လေးလာသွားပါပြီ
ခုမှဆိုဒ်​ထဲ​ရောက်​မိတယ်​ မ ​ရေ

{ roseayemaung } at: June 9, 2014 at 12:09 AM said...

ပန်းသီးရဲရဲကြီးတွေတချိန်က

ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်

ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်

ပန်းသီးအရသာလဲ ခါး လို့လာပြီ။

{ ရင်ငြိမ်းသူ (Yin Nyein Thu) } at: June 9, 2014 at 1:58 AM said...

အမစံပယ်ချိုကဗျာလေးတွေက အရမ်းနူးညံ့တာပဲ

{ Toe Yee Yee } at: June 9, 2014 at 1:22 PM said...

အချိုပေါ့လာတဲ့ ချစ်သူ နှလုံးသား
ပျားရည် ဆမ်းပေးပါရစေကွယ်
အရာသာမဲ့ပြီး ပေါ့ရွတ်ရွတ်ဖြစ်လာတဲ့
ကိုယ့် ကဗျာ မျက်ရည်ဆားလေးခတ်လိုက်မိတယ်.......ချိုပြီးလေးနက်သွားပါပြီဂျက်ရယ်

{ စံပယ်ချို } at: June 9, 2014 at 6:39 PM said...

သွေးခြေအု----မှားနေတာကို စိတ်ရှည်စွာဖတ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်လျှက်ပါ
ခုတော့ ဆရာဦးဟန်ကြည်အသိပေးလို့
သွေးခြေဥ လိုက်ပါပြီရှင်
ကျေးဇူးတင်လျှက် jasmine

{ မိုးညချမ်း } at: June 9, 2014 at 10:37 PM said...

ပန်းသီးရဲရဲကြီးတွေတချိန်က
ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်
ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်
ပန်းသီးအရသာလဲ ခါး လို့လာပြီ။

အဆိပ်သင့်သွားတဲ့ ၀ိုင်တခွက်
ပျောက်ဆုံးသားတဲ့ မျက်နှာပေါ်က အပြုံးတွေအတွက်
သံယောဇဉ်တွေက ထုထောင်းခြင်းခံနေရသလို
နှလုံးသားနုနု သွေးခြေဥနေရပြီ ။

အားပါးပါး ... ကွက်တိကိုထိတယ် မမရေ ... :)

{ Thu } at: June 11, 2014 at 8:27 PM said...

" တဖြေဖြေးနဲ့ နစ်နေတယ်
လောဘ နွံ သောကနွံ သံယာဇဉ်နွံ
များလှတဲ့ နွံ
ဘာနွံလဲ ကိုယ်တိုင်လဲမသိတော့ ခက်ပြီကွယ် ။"
တကယ်ပြန်တက်မလာတော့တာ မမရေ.. :)
ကွန့်မန့်မပေးဖြစ်တာကြာပြီနော်။စာတော့လာဖတ်ဖြစ်ပါတယ်။ဖုန်းနဲ့ဖတ်ရင် ကွန့်မန့်ကပေးဖို့အဆင်မပြေလို့ပါ
အသူကသတိရနေတယ်နော်

{ 3rdthameetaw } at: June 14, 2014 at 4:40 AM said...

ဂျက်ရေ
ချစ်သူရဲ့ နှလုံးသားကိုပျားရည်ဆမ်းတယ်တဲ့လား
ရှာကြံပြီး စကားလုံးလေးတွေသုံးတတ်တယ်နော်

{ ရင်လှိုင်းခတ်သံ } at: June 15, 2014 at 12:58 AM said...

သွေးခြေဥတဲ့ နှလုံးသား လေး တွေ ဘယ်သူမှ ပိုင်ဆိုင်မထားစေချင်ဘူး...။

{ witch83 } at: June 25, 2014 at 8:23 AM said...

ဒီလောကမှာ ဘယ်အရာကမှ မမြဲဘူးဆိုတော့လည်း ...

{ အနှိုင်းမဲ့ } at: July 7, 2014 at 8:38 PM said...

လာလည်တဲ့အတွက်ကျေးဇူးပါ။ ကဗျာတွေရေးမှန်းမသိလို့အခုမှလာတ်ဖြသ်ပါတယ်။ အချိန်တွေ နှမြောမိပါ၏ :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine