Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သိနေခဲ့ခြင်း

| Saturday, August 16, 2014
မိုးပွင့်တို့ကြွေတဲ့ ရာသီ
ငါ
သူ့ကို သတိရနေမိတယ်
နှင်းစက်တွေ မြေခတဲ့ ရာသီ
ငါ
သူ့ကို တမ်းတနေမိတယ်
တွေဝေမှုကင်းတဲ့ လေပွေ
ခပ်ရမ်းရမ်းလေး လှမ်းလာတဲ့အချိန်
ငါ
သူ့ကိုမေ့မရခဲ့ဘူးကွယ် ။

 နက္ခတ်တွေကို မြင်နေရတဲ့
Planetarium ထဲ ငါရောက်နေတဲ့အချိန်
သူ့လက်ကိုဆွဲပြီး ကြယ်အစုံတွေကြား
ငါ      တိုးဝင်နေမိပြီလေ ။

မကြာခင် ရောက်လာမဲ့ ဆောင်းဦး
ဝေတဲ့ပန်းတွေ ကြွေ
ငါ့       အလွမ်းတွေမကြွေဘူးကွယ်ဆိုတာ
သိနေခဲ့ပြီ ။
 
jasmine





9 comments:

{ Toe Yee Yee } at: August 16, 2014 at 3:56 PM said...

အလွမ်းတွေဝေနေဆဲပါဂျက်ရယ်

{ Aunty Tint } at: August 17, 2014 at 1:49 AM said...

'သိနေခဲ့ခြင်း' ကို ဘလော့မှာ ဖတ်မရလို့ ဘလော့ကနေ ကဗျာလေးကို copy လုပ် Micro soft words မှာ Paste ပြန်ချပြီး ဖတ်သွားတယ် ဂျက်ရေ.. :P

{ စံပယ်ချို } at: August 17, 2014 at 12:11 PM said...

ခက်ခက်ခဲခဲလေးအားပေးခဲပတဲ့တီတငိ့ကို ဂျက်ကလဲ ကျေးဇူးတင်ပါတယ်ရှင်

{ သဒ္ဓါလှိုင်း } at: August 18, 2014 at 9:20 PM said...

အလွမ်းတွေနဲ့ ရစ်ပတ်နေတဲ့သူကတော့ အလွမ်းတွေအကြောင်း သိနေခဲ့ပါပြီကွယ်..
ကဗျာလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်မိတယ် ဂျက်ရေ

ချစ်ခင်လျက်
သဒ္ဓါ

{ Thu } at: August 19, 2014 at 9:14 PM said...

ဒီမှာမိုးအေးအေးနဲ့လွမ်းနေတာနော်.. မကြီး
@Ahthu

{ သူကြီးမင်း (တုံးဖလား) } at: August 20, 2014 at 5:42 AM said...

ပန်းတွေကြွေပေမဲ့ အလွမ်းတွေ မကြွေကျဝံ့သူ ကြောင်စမင်းရဲ့ အလွမ်းဓါတ်မျိုးတော့ ချီးကျူးလောက်ပါတယ်။ ဆောင်းဦးအလွမ်းတွေ မကြာခင် ဖတ်ပြန်ရလိမ့်မယ်ထင်၏။း)

{ Unknown } at: August 24, 2014 at 10:00 PM said...

လာလည်သွားတယ် မကြီးဂျက်ရေ.... chat box ဘယ်ပျောက်နေတုန်းဗျ(*_*)....

{ စံပယ်ချို } at: August 26, 2014 at 10:40 AM said...

chat box သိမ်းထားတာပါတချို့ မိုက်ရိုင်းတဲ့ အရေးအသားတွေကြောင့် ဘလော့ထဲလာလည်တဲ့သူတွေကို စိတ်အနှာက်အယှက်ဖြစ်မှာစိုးတယ်

{ MSSK } at: August 31, 2014 at 4:04 AM said...

ယောက်ခမရေ လာရောက်ဖတ်သွားပါတယ် မြန်မာပြည်ကလိုင်းမကောင်းဝူး :P

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine