Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

"ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘ၀"

| Friday, August 29, 2014
         ဘလော့ဒေး အမှတ်တရ ရေးဖို့ ကိုယ်တိုင်ရှက်နေမိပါတယ်  ဘာကြောင့်လဲဆိုတော့ ဘလော့ပေါ်ဘာမှ တာဝန်မကျေခဲ့သူတယောက်ပါ။ တီတင့်ပြောသလိုပါပဲ အချိန်လေးရတုန်းဖုန်ခါတဲ့သဘောဆိုလဲ မမှားပါဘူးရှင် ကိုယ့်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စကားကို ဥပေက္ခာ မပြုချင်တာလဲအပါအ၀င်မို့ သိသလို တတ်သလို ဟန်လုပ်ပြီး (အချိန်လုကာ) ရေးသားလိုက်ပါတယ်ရှင် ။
        ဘလော့ ကိုစပြီးရေးသားကတဲက သိလို့ တတ်လို့ရေးတာလဲမဟုတ်ခဲ့ပါ ငယ်ငယ်ကတဲက မရေးရ မနေနိုင်တဲ့ အခြေအနေမို့ အမြင်မတော်သူ အိမ်ကလူ(ကိုလွင်ပြင်)က ဘလော့လေးတခုကိုစတင်ပြီးဖွင့်ပေး
ခဲ့လို့သာ ရေးခဲ့ဖူးတဲ့ ကဗျာများစွားကို တင်ပြခွင့်ရခဲ့ပါတယ် ။ February 14, 2011 မှ စတင်ပြီးဘလော့လေးကိုဖွင့်ခဲ့တာ သူငယ်ချင်းမိတ်ဆွေများရဲ့ အားပေးမှုကြောင့် ယနေ့တိုင်အောင်ပါပဲရှင် ။ ဘလော့ဒေး ဆိုတာလဲ ဘယ်နေ့ဘယ်ရက်တခါမှ စိတ်ဝင်စားမှုမရှိခဲ့သလို ဘာကြောင့်သတ်မှတ်တယ်ဆိုတာလဲ မသိခဲ့ပါဘူး ခုတော့ ဘလော့တွေလည်ပတ်ရတဲ့အကျိုးကျေးဇူးကြောင့်အတော်လေးသိခဲ့ရပါတယ်ဘလော့တွေကို အလည်သွားပြီးစာတွေ ကဗျာတွေဖတ်ခဲ့ရတာလဲ ကျွန်မအတွက်တော့ပျော်စရာတမျိုးပါပဲ- ဒီနေ့ထိ ကိုယ်တိုင်ဘလော့ဂါလို့မထင်မိတာတကယ်ပါ ၊ နောက်ပိုင်းပိုပြီးဆိုးမလားပဲ အိမ်အလုပ်လုပ်ရတာနဲ့ ကိုယ့်မျိုးသားအတွက်လုပ်ကိုင်ပေးရတာနဲ့ ကျောင်းတဖက်ပြေးရတာနဲ့ ကိစ္စ တွေအများသားမို့ ဘလော့ဂါ အားလုံးကို အားနာနေမိတယ်. ကိုယ့်ကဗျာကိုယ်ချစ်ရတာမို့ရယ် သူများတင်တဲ့ ဗဟုသုတ - အက်ဆေး - ဟာသ - ခရီးသွားအတွေ့အကြုံ - ရသ - အကြိုက်ဆုံးကတော့ ကဗျာ အဲတာလေးတွေကိုလဲမဖတ်ပဲမနေနိုင်ခဲ့ပါရှင်။
        ကျွန်မရေးသမျှ အမြဲလာရောက်အားပေးခဲ့ကြတဲ့သူတွေအားလုံးကို လေးစားပြီး ကျေးဇူးတင်လျှက်ပါရှင် ။ ကဗျာတွေရေးဖို့အချိန်တိုင်း အားပေးတဲ့ ခဲ့တဲ့ အိမ်ကလူ ကိုလဲ ရာသက်ပန်ကျေးဇူးတင်ပြီး ရိုးမြေကျ တူတူလက်တွဲရပါစေလို့ဆုတောင်းခဲ့ဖူးပါတယ် (ဘလော့ဒေးနဲ့ဘာမျှမဆိုင်ပေမဲ့) ကျွန်မအတွက် ဘလော့ဆိုတာ သူကဖြစ်လာခဲ့တာပါ. နောက်တခုကတော့ Comment  တွေအများကြီးလိုချင်လို့ဘလော့ရေးတာမဟုတ်ပေမဲ့လဲ Comment  လေးတခုလောက်တွေ့လိုက်ရရင်ပဲ နှလုံးသားကိုပျားရည်လောင်းသလိုခံစားလိုက်ရတဲ့အရသာ ကျွန်မကြိုက်ခဲ့ပါတယ်. ဒါကြောင့် အလည်သက်သက်လာတဲ့သူ-Comment  လေးချန်ခဲ့သူ
ကဗျာလေးဖတ်ခဲ့သူ-အားလုံးကို ဒုတိယအကြိမ်ကျေးဇူးတင်ပါတယ်လို့သာပြောပါရစေရှင်.
ကိုယ်တိုင်လဲ အားလတ်တဲ့အချိန်တိုင်း မိတ်ဆွေအားလုံးရဲ့ ဘလော့တွေထဲ ၀င်ရောက်လည်ပတ်ပြီးအားပေးနေမှာပါရှင် ။ တွေ့ဖူးမြင်ဖူးပြီးတဲ့ဘလော့ဂါတွေကိုထပ်ပြီးတွေ့ဆုံချင်မိသလို မတွေ့ဖူး မမြင်ဖူးသေးတဲ့ လလော့ဂါတွေကိုလဲ အပြင်မှာတွေ့ဖူးမြင်ဖူးချင်ပါတယ် ။

ကျေးဇူးတင်လျှက် Jasmine



17 comments:

{ Yoemyaykya } at: August 29, 2014 at 10:26 PM said...

လွမ်းတယ်မမ။ စာတွေမေ၇းဖြစ်တာ ကြာပီ။ ကိုယ့်ဘလော့ကိုယ်လဲ ဖုန်မခါဖြစ်ပါဘူးမမ။
သတိရနေတယ်နော်

{ စံပယ်ချို } at: August 29, 2014 at 10:41 PM said...

ကေသီရေ
မဂျီးလဲလွမ်းလျှက်ပါကွယ်

{ Unknown } at: August 29, 2014 at 11:44 PM said...

အားပေးသွားတယ် မကြီးဂျက်ရေ...သက်ဆုံးတိုင်လက်တွဲ သွားနိုင်ပါစေဗျာ....(Happy Blog Day)မှာလည်း ပျော်ရွှင်ပါစေ.....(*_*)

{ Latt Latt } at: August 30, 2014 at 12:28 AM said...

ပစ်ထားတဲ့ဘလော့ပြန်ဝင်ပြီး ကျေးဇူးတင်စွာနဲ့လာမန့်ပါတယ်။ သတိတရရှိနေပါတယ်။ အရာအားလုံး အဆင်ပြေပြီး ကျန်းမာ ပျော်ရွှင်စွာနဲ့ စာတွေများများ ဆက်ရေးနိုင်ပါစေနော် ....

{ Aunty Tint } at: August 30, 2014 at 3:17 AM said...

ဂျက်ရေ… ဘလော့ဂါတိုင်းရဲ့ တူညီတဲ့ ခံစားချက်လေးတွေပါပဲ… ဘလော့ဒေးနဲ့ သက်ဆိုင်တာဖြစ်စေ မသက်ဆိုင်တာဖြစ်စေ ပို့စ်တစ်ပုဒ်ဖတ်ခွင့်ရလိုက်တာကိုပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျေးဇူးပါနော်။

{ ရာဇာထွေး } at: August 30, 2014 at 3:37 AM said...

ဘာပဲဖြစ်ဖြစ်ပေါ့...ဘလော့ဒေးအမှတ်တရပို့စ်လေး
တစ်ခုတော့အမဖြူရေးဖြစ်ခဲ့ပြီလေ...ဒါကိုကြည့်ခြင်း
အားဖြင့်ဘလော့ဂါတစ်ယောက်ဟာသူ့ဘလော့လေး
နဲ့ဘလော့ဂါတွေအပေါ်သံယောဇဉ်ရှိတယ်၊ လေးစား
တယ်ဆိုတာပေါ်လွင်ပါတယ်အမဖြူရေ...ပို့စ်မရေး
နိုင်တဲ့သူတွေကိုတာဝန်မကျေဘူး၊ ဘလော့အပေါ်သံ
ယောဇဉ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်...အ
ကြောင်းအမျိုးမျိုးကြောင့်အချိန်မပေးနိုင်ဘူးဆိုတာကို
ကိုယ့်အခြေအနေနဲ့ယှဉ်ပြီးနားလည်ပါတယ်အမဖြူ
ရေ...ဒီဘလော့ဒေးတဂ်ပို့စ်လေးရေးဖို့ကို အချိန်
လေးရက်လောက်ယူရတယ်အမဖြူရေ...အချိန်ပေး
နိုင်ရင်ပေးနိုင်သလောက်ဘလော့မှာပဲလည်တော့
မယ်အမဖြူ...ဘလော့ကရတဲ့ Comment လေး
ကတန်ဖိုးကြီးသလိုလေးလည်းလေးနက်တယ်လို့
ခံစားမိတယ်အမရေ...ဘလော့ဒေးအမှတ်တရ
တဂ်ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်အမဖြူရေ..

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

{ Cameron } at: August 31, 2014 at 3:43 AM said...

မာမီဂျက် ကဗျာတွေတင်ပါဦးလေ

{ ရင်ငြိမ်းသူ (Yin Nyein Thu) } at: August 31, 2014 at 5:43 AM said...

အစစ အဆင်ပြေပြီး ကျန်းမာ ပျော်ရွှင်စွာနဲ့ စာတွေအများကြီး ဆက်ရေးနိုင်ပါစေ မမစံပယ် ...

{ ရွှေယွန်းဝါ } at: August 31, 2014 at 8:08 AM said...

ဘလော့မဂင်းနိုင်တာကြာလှပြီမို့ အကြာကြီးထဲမှာမှ ပထမဆုံး ပြန်လာလည်ဖြစ်ပါတယ်။

{ ရွှေယွန်းဝါ } at: August 31, 2014 at 8:08 AM said...

ဘလော့မဂင်းနိုင်တာကြာလှပြီမို့ အကြာကြီးထဲမှာမှ ပထမဆုံး ပြန်လာလည်ဖြစ်ပါတယ်။

{ blackroze } at: August 31, 2014 at 10:44 AM said...

ဂျက်စ်ရဲ့ဆုတောင်းလေးလည်းပြည့်ပါစေနော်..
happy blog day ပါ ဂျက်စ်ရေ..

{ Thu } at: August 31, 2014 at 8:24 PM said...

Happy Blog Day ချစ်မကြီး။
အသူတင်သမျှ အမြဲကွန့်မန့်တွေပေးတတ်တဲ့..လာဖတ်တတ်တဲ့ချစ်မကြီးကို
အမြဲချစ်လျက်...
@Ahthu

{ သူကြီးမင်း (တုံးဖလား) } at: September 1, 2014 at 3:02 AM said...

ဒီလိုဘဲ ဟို အကြောင်းပြ ဒီအကြောင်းပြနဲ့ ဘလော့ဂါတွေ ဘလော့နဲ့ ဝေးသွားကုန်ကြတာလေ။ မရဘူး။ ဆက်ရေး။ များများရေး။ ဒါဘဲ။း))

{ 3rdthameetaw } at: September 1, 2014 at 8:07 AM said...

ဂျက်ရေ
ဆုံတွေ့ ခွင့်ရရင်တော့ အကောင်းဆုံးပေါ့နော်
အရမ်းကိုပျော်စရာကောင်းမှာပဲ

{ 3rdthameetaw } at: September 1, 2014 at 8:09 AM said...

ဂျက်ရေ
ဆုံတွေ့ ခွင့်ရရင်တော့ အကောင်းဆုံးပေါ့နော်
အရမ်းကိုပျော်စရာကောင်းမှာပဲ

{ မိုးသက် } at: September 1, 2014 at 3:44 PM said...

ပျော်စ၇ာကြီးနော် ကွန်မန့်တွေ အများကြီးပဲ.. ဘလော့ခေတ် တစ်ဖန်ဆန်းသစ်ပါစေ..

{ ဇွန်မိုးစက် } at: October 23, 2014 at 12:31 AM said...

မဂျက်ရေ... ဒီတစ်ခါတော့ တကယ်အရောက်လာနိုင်ခဲ့ပြီ။ ကဗျာတွေလည်း ဖတ်သွားတယ်။ အချိန်ရရင် ထပ်လာခဲ့ဦးမယ်နော်။း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine