Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ငါလွမ်းနေတဲ့ မြို့

| Friday, September 5, 2014
ဒီမြင်းနဲ့ ဒီခရီး
နှင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်
ဦးထီးဆိုင်ဆိုခဲ့သလို (အရင်လိုဘ၀မျိုးရောက်ချင်ပြီ)
ငါကတော့ ငါ့မြင်းကြီးကိုသနားလို့
အရင်လိုဘ၀မျိုးပြန်မရောက်ချင်တော့ပါဘူး
မြင်းကြီး ၂ ခါမောနေမှာစိုးလို့
 
ရာသီစာတွေ ဖောသီတဲ့ ငါ့ အရပ် ငါ့ ဒေသ
ပွင့်လင်းရာသီရော မိုးရာသီပါလှပနေတဲ့ နေရာ
ငါ မလွမ်းဘယ်ရှိပါ့မလဲ ။
 
ငါ့ တို့မြို့ရဲ့ အရှေ့ဖက်ကိုကြည့်လိုက်
လှပတဲ့ တောင်ချွန်း
သူ့ကို မနက်တိုင်းငါသတိရနေမိတာလဲပါတယ်
ငါရောက်တဲ့ အရပ်
မကြာခင် နှင်းထုတွေ ဖုန်းတော့မယ်
ငါကြီးပြင်းခဲ့တဲ့ မြို့
မြူခိုးတွေ တရေးနိုးမဲ့အချိန်
နေကြာရိုင်းတို့ ငိုသံလိုလို
ချယ်ရီတွေ ငြီးထွားသံလိုလို
ငါ ကြားနေခဲ့တာ
တကယ်များလား ။
 
ကမ္ဘာကြီးရဲ့ တဖက်ခြမ်း
ငါ ရောက်နေခဲ့တယ်
ငါ တို့ဖက်မှာ ည
သူ တို့ ဖက်မှာ နေ့
ငါတို့ နှင်းကျတဲ့အချိန်
သူတို့ပူနေရောပေါ့
ငါတို့အိပ်တဲ့အချိန်
သူတို့ စားဝတ်နေရေးအတွက်
လှုပ်ရှားနေရတဲ့နေရာ
တခုထဲပါကွယ်
ငါတို့ရဲ့ အမိုးပေါ့
ကောင်းကင်ကြီးက
တူတူပါပဲ
ဒါပေမဲ့ ငါတို့တွေ
အဝေးဆုံးဖြစ်နေခဲ့တာ
ငါ့မြင်းကြီး ဘယ်တော့နေရပ်ကို ပြန်နိုင်မလဲကွယ် ။
 
Jasmine
 ပစ်ရေ ရေးလိုက်ပြီနော် ကဗျာလေးပါပဲ စာရေးအဆင်မပြေလို့နော်
ကျေနပ်တယ်ဟုတ်
သူများတွေကတော့ ဘလော့ဂါ ၁၀ ယောက်ကို ဆက်ပြီး တဂ် ကြပါတယ်
သိရသလောက်ကုန်ပြီလို့ထင်တယ် ဒါကြောင့် ဆက်ပြီး မတဂ်တော့ဘူးနော်။
ပစ်ရေ သာဂျီးကါန်မက်လေးဖတ်ပြီးမှ ပြန်ဖြည့်လိုက်တယ်နော်
သာဂျီးမင်းက လုပ်ပြီးသားလူတွကို ဆက်လုပ်မိလဲရပါတယ်ဆိုလို့
ဆက်လက်ပြီးတဂ်ထားလိုက်ပါတယ်။

ရာဇာထွေး
လတ်လတ် http://lattkalay.blogspot.com/
တတိယမြောက်သမီးတော် http://www.3rdthameetaw.com/်
(ဒုဒု)http://mrsecond2.blogspot.com/
အသူ(My Emotions)http://areal-myworld.blogspot.com/
ကောင်းကင်ဖြူ(မာင်ဘုန်း)http://kaungkinphyulay.blogspot.com/
မိုးညချမ်း http://www.moenyachan.com/
ဖြူစင်သောစိတ်ကလေး(ဆွေလေးမွန်)
http://roseayemaung.blogspot.com/(နှင်းဆီ)
http://thadarhline.blogspot.com/သဒ္ဓါလှိုင်း

အတတ်နိုင်ဆုံးလေး ရေးပေးစေလိုပါတယ်
jasmine

14 comments:

{ Thu } at: September 5, 2014 at 11:32 PM said...

ချစ်မကြီးအိမ်မြန်မြန်ပြန်နိုင်ပါစေ ^_^
ချစ်တဲ့@Ahthu

{ သူကြီးမင်း (တုံးဖလား) } at: September 6, 2014 at 8:58 AM said...

မြင်းကြီးဆိုတာ ဘူ့ကို ပြောတာပါလိမ့်။ လွမ်းနေတဲ့ မြို့ကြီးကို တချိန်ချိန် ပြန်ရောက်နိုင်ပါတယ် ကြောင်စမင်းရယ်။
စာသာ များများ ဆက်ရေးနော်။ လွမ်းရင် စာနုနု ကဗျာနုနုလေးတွေ ထွက်တတ်တယ်။

ဒါနဲ့..
ချဲလင့်လုပ်ခံထိပြီးသား သူတွေကိုလဲ ပြန် ချဲလင့် လုပ်နိုင်ပါတယ်။ ဒါမှ ဘကုန်းရွာလေး စည်ကားလာတော့မပေါ့။ ချဲလင့် လုပ်သာလုပ်နော်။ လူထပ်သွားလဲ ကိစ္စမရှိဘူး။ ပြီးတော့ စာရေးဝါသနာပါတဲ့ ဘလော့ဂါပေါက်စလေးတွေရှိလဲ သူတို့ကို တွဲခေါ်တဲ့အနေနဲ့ ချဲလင့် လုပ်ခေါ်ပေးပေါ့။း)

{ blackroze } at: September 6, 2014 at 11:12 AM said...

ဂျက်စ်ရေ
အိမ်ကိုအမြန်ဆုံးပြန်နိုင်ပါစေနော်...
ဘလော့ဂါ 10ယောက်က လူထပ်လည်းကိစ္စမ၇ှိပါဘူးဂျက်စ်..
တက်ဂ်သာတက်ဂ် လိုက်နော်...
သူများတွေလည်းတလှည့်ပြန်လည်ပြီင်္းရေးကြတာပေါ့..

{ စံပယ်ချို } at: September 6, 2014 at 12:05 PM said...

သာဂျီးမင်းပြောလို့ ရှာပြီး Tag ထားတယ်နော်

{ ဆွေလေးမွန် } at: September 6, 2014 at 8:46 PM said...

Tag စာ စားပြီးသွားပြီနော်...ဂျက်

ဒီမြင်းနဲ့ ဒီခရီး
နှင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်
ဦးထီးဆိုင်ဆိုခဲ့သလို (အရင်လိုဘ၀မျိုးရောက်ချင်ပြီ)
ငါကတော့ ငါ့မြင်းကြီးကိုသနားလို့
အရင်လိုဘ၀မျိုးပြန်မရောက်ချင်တော့ပါဘူး

အဲဒီအပိုဒ်လေးပိုသဘောကျ

{ ရာဇာထွေး } at: September 7, 2014 at 4:30 AM said...

ဒီလမ်း...ဒီခရီး....ဒုံးတပစ်သာသာရှိလိမ့်မည်(မြှားခေတ်ကုန်သွားပြီးအခုဒုံးခေတ်ရောက်
လာလို့သီချင်းစာသားနည်းနည်းပြောင်းထားပါကြောင်း):P ကဗျာလေးကိုဖတ်ရင်းခံစားရတယ်
အမဖြူ...ပျော်ရာမှာမနေရ၊ တော်ရာမှာနေနေရတဲ့အခုလိုဘ၀မျိုးတွေဒီလောကကြီးမှာအများ
ကြီးပါအမဖြူရေ...တစ်နေ့နေ့တစ်ချိန်ချိန်အမိမြေမှာပြန်လည်အခြေချနိုင်ပြီးအလွမ်းမီးတောက်
တွေငြိမ်းအေးနိုင်ပါစေလို့အမိမြေနဲ့ခွဲခွာပြီးနေနေရတဲ့သူတွေအတွက် ရင်ထဲကနေဆုတောင်းပေးလိုက်ပါတယ်အဖြူ...

အမ ဆွေလေးမွန် ပြောသလိုပဲ “Tag စာစားသွားပြီနော်” အမဖြူ...
ပို့စ်မတင်နိုင်လို့5000သာပေးနေရရင်ဖြင့်ရင်း...အင်းမိန်းမရေ..ဒီလ
တော့အကုန်အကျသက်သာအောင်မင်းတို့သားအမိတွေအမေ့အိမ်မှာခဏ
ပြန်နေနေကြအုန်းဆိုပြီးယောက္ခအိမ်ပို့ထားရမယ့်ကိန်းပဲအမဖြူရေ... :P

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

{ လရိပ်အိမ် } at: September 7, 2014 at 7:51 AM said...

မစံပယ်တို့မြို့ကို ဟိုးးးငယ်ငယ်တုန်းက တခါရောက်ဖူးတယ်။ ငယ်တုန်းက သွားရတာဆိုတော့ မမှတ်မိတော့ဘူး။ အဆင်ပြေရင်တော့ သွားလည်ချင်တာ အမှန်ပါ။

{ လရိပ်အိမ် } at: September 7, 2014 at 7:51 AM said...

မစံပယ်တို့မြို့ကို ဟိုးးးငယ်ငယ်တုန်းက တခါရောက်ဖူးတယ်။ ငယ်တုန်းက သွားရတာဆိုတော့ မမှတ်မိတော့ဘူး။ အဆင်ပြေရင်တော့ သွားလည်ချင်တာ အမှန်ပါ။

{ လရိပ်အိမ် } at: September 7, 2014 at 7:52 AM said...

မစံပယ်တို့မြို့ကို ဟိုးးးငယ်ငယ်တုန်းက တခါရောက်ဖူးတယ်။ ငယ်တုန်းက သွားရတာဆိုတော့ မမှတ်မိတော့ဘူး။ အဆင်ပြေရင်တော့ သွားလည်ချင်တာ အမှန်ပါ။

{ လရိပ်အိမ် } at: September 7, 2014 at 7:54 AM said...

မစံပယ်တို့မြို့ကို ဟိုးးးငယ်ငယ်တုန်းက တခါရောက်ဖူးတယ်။ ငယ်တုန်းက သွားရတာဆိုတော့ မမှတ်မိတော့ဘူး။ အဆင်ပြေရင်တော့ သွားလည်ချင်တာ အမှန်ပါ။

{ Angelhlaing(May everybody be happy and healthy! } at: September 7, 2014 at 1:17 PM said...

အိမ်တောင် အပြေးပြန်ချင်အောင် ဖြစ်သွားတယ်မမရယ် .. လူဆိုး...မမ :)

မမရေ.. ညီမလေး BPP Challenge လုပ်ထားပါတယ်လို့.. :)

{ Aunty Tint } at: September 7, 2014 at 4:52 PM said...

ဂျက်ရေ... ၅ရက်နေ့က မှတ်မှတ်ရရ ဂျက်ရဲ့ ကဗျာလေးဖတ်နေတုန်း ညီမလေးဆီက ဖုန်းလာပြီး သူ့မြေးလေး အိမ်မှာတစ်ယောက်ထဲမို့ သွားစောင့်ပေးပါဆိုလို့ ကမန်းကတန်းပြေးသွားပြီး ဒီမနက်မှ အွန်လိုင်းပြန်သုံးခွင့်ရလို့ ဂျက်ကဗျာလေး နောက်တစ်ခေါက်ပြန်လာဖတ်ခွင့်ရတယ်။ အဝေးရောက်နေသူတစ်ယောက်ရဲ့ ခံစားချက်လေး ပေါ်လွင်အောင် ပီပီပြင်ပြင် စပ်ဆိုထားတဲ့ ကဗျာလေးတစ်ပုဒ်။

{ Cameron } at: September 7, 2014 at 8:47 PM said...

မာမီလဲ ကဗျာလှလှလေးနဲ့စိန်ခေါ်လိုက်ပါပြီ... ပျော်စရာကြီး ဘလော့ရွာလေးခုမှ စည်စည်ကားကားလေးဖြစ်သွားပြီ

{ အမ်တီအန် } at: September 7, 2014 at 9:54 PM said...

ကဗျာလေး ခံစားဖတ်သွားတယ် ညီမရေ..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine