Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပြောင်းလဲခြင်းနဲ့ ချစ်သူ

| Monday, September 29, 2014
ချစ်သူဟာ တခါတလေ
လမင်းကြီး ဖြစ်တယ်
ချစ်သူဟာ တခါတလေ
ချယ်ရီပန်းလေး ဖြစ်တယ်
ချစ်သူဟာ တခါတလေ
တောင်တန်းကြီး ဖြစ်တယ်
တခါတလေ
ပန်းပွင့်လေး
တခါတလေ သစ်ပင်လေး
ချစ်သူဟာ ပြောင်းလဲတတ်တယ်
ချစ်သူဟာ တခါတလေ
မုန်တိုင်း
ချစ်သူဟာ တခါတလေ
လေပြေ ဖြစ်နေပြီး
ချစ်သူ့မျက်နှာ
ရံဖန်ရံခါ ပျော်၇ွှင်ကြည်နူးခြင်းတွေအပြည့်ပေါ့
ရံဖန်ရံခါ ညှိုးလျသိမ်ငယ်ခြင်းတွေနဲ့ပြည့်နေတတ်တယ်
အဲတာ ကျွန်တော့် ချစ်သူပါပဲ။
 
 
တင်ပြီး ကျွန်မကို ပြန် Tag  ထားတဲ့ပိုစ့်လေးပါ။
ခင်မင်လေးစားလျှက်။
jasmine

8 comments:

{ မဒမ်ကိုး } at: September 29, 2014 at 6:14 PM said...

ချစ်သူလေးကရသစုံပေးတယ်

{ Aunty Tint } at: September 29, 2014 at 6:23 PM said...

ဘယ်သို့ဘယ်ပုံ ပြောင်းလဲနေပါစေ အရောင်ပြောင်းလဲမှု မရှိတဲ့ ချစ်သူပါ ဂျက်ရေ....
ကဗျာလေးအားပေးသွားတယ် ♥♥♥

{ ဆွေလေးမွန် } at: September 29, 2014 at 8:14 PM said...

ကဗျာလေး ဖတ်သွားပြီးနော် ဂျက်.
:) :) :)

{ 3rdthameetaw } at: September 29, 2014 at 10:11 PM said...

ချစ်သူဆိုတာ
အဲ့လိုမျိုးလား ဂျက်ရေ

{ သူကြီးမင်း (တုံးဖလား) } at: September 30, 2014 at 3:41 PM said...

နေမင်းကြီးကို သနားပါတယ်။ ဘယ်သူမှလဲ သူ့ကို ချစ်သူနဲ့ မတင်စားကြလို့။ အမြဲမြင်နေရလို့ တန်ဖိုးမထားကြတာများလားး)

{ လရိပ်အိမ် } at: October 5, 2014 at 12:33 AM said...

တခါမှ ချစ်သူမထားဖူးတဲ့အတွက် ဒီကဗျာလေးကိုဘဲ ဖတ်သွားတယ်။ :)

{ မိုးညချမ်း } at: October 5, 2014 at 2:44 AM said...

ချစ်သူရဲ့ပြောင်းလဲခြင်းလေးက အမျိုးမျိုးပေါ့နော် ... သို့ပေသိ ညလေးကတော့ မုန်းတိုင်းတိုက်ချိန်ဆို အရမ်းကြောက်တယ် ... :P

{ စံပယ်ချို } at: October 5, 2014 at 12:28 PM said...

အဲ လရိပ်လေးက တခါမှချစ်သူ မထားဖူးသေးဘူးဆိုတော့ မကြီးတို့ရှာပေးရမှာပေါ့ ချစ်စရာကောင်းတဲ့ ချစ်သူတယောက်ကိုလေ--သဘောတူတယ်နော်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine