Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လက်ရှိ ဆုတောင်း

| Monday, September 8, 2014
သဘောထားမတိုက်ဆိုင်တိုင်း
မကောင်းဘူးလို့ ပြောရမယ်ဆိုရင်
ကိုယ့်စိတ်နဲ့ ကိုယ့် ခန္ဓာတောင်
မတိုင်ဆိုင်မှုတွေအများသား ။

ထက်ချပ်မခွါ ပါလာတဲ့
ခြေလှမ်းတူတူ
ငါတို့ ရပ်မနေခဲ့ဘူးလေ
ဟိုးရှေ့မှာ လမ်းဆုံးနေပြီ
ဘယ်မှာလဲ    တို့ရွာ ။

ကျင်းထဲကျပ်ထဲရောက်ပြီး
လောကရဲ့ မုန်တိုင်းကြောင့်
မျော်လင့်ချက်တချို့
ဆတ်ဆတ်ခါအောင် နာခဲ့ရတယ်
ဘ၀က မလှပခဲ့ပေမဲ့လဲ
လောကဒါဏ်က ချကျွေးတဲ့
မရိုးသားမှုတွေ
ငါတို့  လုံးဝ မစားသုံးခဲ့ဖူးပါ ။

ကော်ဖီခါးခါးတခွက် လျှာထဲစိမ့်ဝင် ဖြတ်သန်းသွားသလို
မျော်လင့်ခြင်းရောင်စဉ်
ဝင်ရောက်ဖြတ်သန်းသွားခဲ့ရင်
ခံစားချက်တွေ အနည်းငယ် သက်သာမလားပဲ ။
 
ကောင်းကင်ကြီးက သူ့ရဲ့အေးမျှမှုနဲ့
ကြယ်တွေကိုအုပ်မိုးထားတာလား
ဒါမှမဟုတ်
ကြယ်တွေက ကောင်းကင်ကြီးကို
တာဝန်တခုလို ထမ်းထားရတာလား .....

အသောမသတ်နိုင်တဲ့ စိတ်တွေကပဲ
လူတွေကို ဒုက္ခ ပေးနေခဲ့တာပါ.....

တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....
 
တိုးတိုးလေး ဆုတောင်းနေမိတာ
အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ။
 
 
 
http://angelhlaing.blogspot.com/ ညီမငယ်လေး
Tag ထားတာမို့ ထပ်ပြီးတင်ဖြစ်တဲ့ ကဗျာလေးပါ
ထပ်ပြီး Tag ရမှမို့ရေးဖို့ အချိန်လေးပေးနိုင်မယ်ဆိုရင်
ဝမ်းသာမိမှာပါ
 
 မိုးသက် @ မေမြို့မိုး
 
Jasmine
 


 

14 comments:

{ သူကြီးမင်း (တုံးဖလား) } at: September 8, 2014 at 5:08 PM said...

အဝေးရောက်တွေ အားလုံးအတွက် ပန်းတိုင်မပျောက်ဘဲ အိမ်ပြန်ရောက်ကြပါစေလို့
ဝိုင်းဝန်းဆုတောင်းပေးလိုက်ပါတယ် ကြောင်စမင်း။

{ သူကြီးမင်း (တုံးဖလား) } at: September 8, 2014 at 5:08 PM said...

အဝေးရောက်တွေ အားလုံးအတွက် ပန်းတိုင်မပျောက်ဘဲ အိမ်ပြန်ရောက်ကြပါစေလို့
ဝိုင်းဝန်းဆုတောင်းပေးလိုက်ပါတယ် ကြောင်စမင်း။

{ မဒမ်ကိုး } at: September 8, 2014 at 6:20 PM said...

တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....

တိုးတိုးလေး ဆုတောင်းနေမိတာ
အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ။


ဟုတ်ပမကြီးဂျက်ရေ ၁၀၀ အပြည့်သာနာကျင်ပြစ်လိုက်ချင်တော့တယ် အိမ်ပြန်ဖို့နီးလာလေ ရည်ရွယ်ချက်တွေကပျောက်ဆုံးလေလေများဖြစ်နေသလားဘဲ မသိတော့ပါဘူး

{ Aunty Tint } at: September 8, 2014 at 6:42 PM said...

ဆုတောင်းကဗျာလေးဖတ်သွားတယ် ဂျက်ရေ... တစ်နေ့တစ်ခြား ကဗျာလေးတွေ ပိုလှလာတယ်.. တောင်းဆုလေးအတိုင်း ပြည့်ပါစေလို့...
အသောမသတ်နိုင်တဲ့စိတ်တွေ လူတွေကိုဒုက္ခပေးဆဲပါ :)

{ ကြယ်ပြာ } at: September 8, 2014 at 8:07 PM said...

မ ရေ ... ဘယ်ကဗျာဖြစ်ဖြစ်လား ဆုတောင်းကဗျာပဲလားဟင်?

{ စံပယ်ချို } at: September 8, 2014 at 9:34 PM said...

ဟုတ်တယ် ကြယ်ပြာလေရေ
ဘာမမလုပ်နိုင်လဲ ဆုတောင်းတဲ့အလုပ်လေးတော့လုပ်ဖြစ်နေတယ်

{ Angelhlaing(May everybody be happy and healthy! } at: September 9, 2014 at 6:36 AM said...

ပန်းတိုင်မပျောက်ပဲ ပြန်ရောက်ဖို့ ညီမလေးလည်း ကြိုးစားရဦးမယ် မမရေ... ကဗျာလေး လှတယ်.. :)

ကော်ဖီခါးခါးတခွက် လျှာထဲစိမ့်ဝင် ဖြတ်သန်းသွားသလို
မျော်လင့်ခြင်းရောင်စဉ်
ဝင်ရောက်ဖြတ်သန်းသွားခဲ့ရင်
ခံစားချက်တွေ အနည်းငယ် သက်သာမလားပဲ ။

ဒီလိုနဲ့ပဲ နေ့မှ လ.. လမှနှစ်သို့ တိုင်ခဲ့ရပြန်ပြီမမရေ..

{ blackroze } at: September 9, 2014 at 8:58 AM said...

အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ

ဂျက်စ်တောင်းပေးတဲ့ဆု ပြည့်ရပါစေနော်..

{ ကြယ်ပြာ } at: September 9, 2014 at 10:15 AM said...

ဟုတ်ကဲ့။ ဟိုလေ ကြယ်ပြာ့ကို တဂ်ထားတာ ဘာခေါင်းစဉ်နဲ့ ကဗျာရေးရမှာလဲဟင် မမ။

{ စံပယ်ချို } at: September 9, 2014 at 12:56 PM said...

ကြယ်ပြာလေးရေ
ဘာပဲရေးရေး ရတယ်လေ ကိုယ်အားသန်တာရေးပေါ့နော် ဘာအကြောင်းလို့မှ သူတိ့ခေါင်းစဉ်မပေဒဘူး....

{ ကြယ်ပြာ } at: September 9, 2014 at 9:38 PM said...

မမဂျက်ရေ .....

တဂ်ကဗျာလေး ရေးပြီးပါပြီရှင့် ....

http://kyelpyar.blogspot.sg/2014/09/blog-post_9.html

{ စံပယ်ချို } at: September 9, 2014 at 10:39 PM said...

ok ပါကြယ်ပြာရေ
လာဖတ်မယ်နော်
အဲဒီလိုနဲ့ ဘလော့တွေပြန်လည်စည်ကားလာလို့ပျော်မိတယ်

{ မောင်သီဟ } at: September 9, 2014 at 11:12 PM said...

ကဗျာလေးကောင်းတယ်
ကဗျာတပုဒ်လောက်ဖွဲ့အုံးမယ်း)

Anonymous at: September 15, 2014 at 12:06 AM said...

တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....

သိပ်မိုက်စ် :)

တဂ်ထားတာတွေ့လို့ ကဗျာတင်ထားပါ၏ :D

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine