Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခ်စ္တတ္သူ

| Friday, October 10, 2014
မိသားစု - ချစ်သူ - မိတ်ဆွေ - သူငယ်ချင်း
မည်သူ့ပေါ်ကိုမှ ဟန်ဆောင်ပြီး
မပြုံးပြခဲ့ဖူးပါ ။
 
မာယာမျက်နှာ
မျက်လုံးတတောက်
ငါ  မကြည့်ခဲ့ဖူးပါ
မျက်စိတဆုံးနဲ့
(ပြုံးချင်လဲ ပြုံးမိမယ်)
ငါ ကြိုဆိုလျှက်ပါ ။
 
ငါ့ရဲ့စိတ်တွေ နေသားတကျဖြစ်ဖို့
လိုအပ်နေတာ အချိန်တခု
သိမ်မွေ့မှု မရှိတဲ့ အရာအားလုံး
နှလုံးသားထဲ ကြာရှည်မထားချင်ခဲ့သူ ။
 
ဒွိဟတွေ မမွေးမြူချင်ပါ
 အာဃာတကိုလဲ  စိတ်ထဲမ၀င်စေချင်
အံ့သြစရာကောင်းလှတဲ့ကံကောင်းခြင်း
ငါ  တခါမျှ အခါအခွင့် မရခဲ့ပါ ။
 
မျက်ရည်ပေကျံဖူးတဲ့ နှလုံးသား
အရောင်စွန်းစေတဲ့ ချစ်ခြင်းတွေနဲ့
ချစ်သူကို မပေးရက်ပါ
မည်သူ့ကိုမှလဲ မပေးချင်သူပါ။
 
jasmine
 
 
အသူရဲ့ Tag ကိုရေးတဲ့ ကဗျာပါ။ 

8 comments:

{ သူကြီးမင်း (တုံးဖလား) } at: October 11, 2014 at 11:50 AM said...

တကယ်ချစ်တတ်တဲ့ သူပေဘဲ။
ချစ်သူအတွက်ဆို စိတ်ဆင်းရဲမှုတွေ ဘာတစ်ခုမှ မပေးချင်ဘူးဆိုတော့။ ချစ်နိုင်ကြပါစေ။

{ 3rdthameetaw } at: October 12, 2014 at 5:47 AM said...

အချစ်စံချိန်တင်တဲ့သူ ဂျက်

{ မဒမ်ကိုး } at: October 14, 2014 at 1:37 AM said...

ချစ်တတ်တဲ့မမစံပယ်

{ စံပယ်ချို } at: October 14, 2014 at 2:54 PM said...

ကဗျာဖန်ဆင်းခြင်းသက်သက်ပါရှင်

{ Thu } at: October 14, 2014 at 9:52 PM said...

ရေးပေးတဲ့အတွက်ကျေးဇူးပါမမရေ...

{ Thu } at: October 14, 2014 at 9:54 PM said...

ရေးပေးတဲ့အတွက်ကျေးဇူးပါမမရေ...

{ Thu } at: October 14, 2014 at 10:29 PM said...

သိပ်ချစ်ဖို့ကောင်းတဲ့မမ ရေးပေးတဲ့အတွက်ကျေးဇူးပါ

{ Aunty Tint } at: October 16, 2014 at 2:33 AM said...

စစ်မှန်တဲ့ ဖြူစင်အချစ်တွေနဲ့ ချစ်စရာကဗျာလေး အားပေးသွားတယ် ဂျက်ရေ...
အခုတော့ အောင်မြင်စွာနဲ့ လင့်ခ်ချိတ်နိုင်ခဲ့ပြီ ... :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine