Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကြ်န္မ ခ်စ္ရသူ

| Saturday, October 18, 2014
အပြုံးတွေပျောက်ဆုံး
တွယ်တာမှုတွေပျက်သုဉ်းနေတဲ့ ဘ၀လေးကို
ပြန်လည်စိုပြေလာစေတဲ့ သူ
အချစ်တွေကို အသက်သွင်းပေးခဲ့သူ
အမုန်းတွေ ရင်ထဲမထားပဲ
သံယောဇဉ် အသင်္ချေ တွေ ရင်ဘတ်ထဲ ၀င်လာစေတဲ့ သူ
လက်ကျန်ဘ၀လေးအတွက်
အနားသတ်တွေ လှပအောင် လမ်းပြပေးတဲ့ သူ
သဲဖြူခင်းပြီး စံပယ်တွေ ကာရံပေးခဲ့ သူ
ခပ် ပါးပါးသာကျန်တဲ့ မျော်လင့်ချက်လေးကို အရောက်တင်ပေးခဲ့ သူ
ကိုယ် ကြိုက်တတ်တဲ့ သီချင်းလေးတွေ ရှာဖွေဖွင့်ပေးတတ် သူ
အပိုင်းအစတွေများလွန်းလှတဲ့ လောက
အတုတွေပေါများလွန်းတဲ့ လောက
အဖြူစစ်စစ်တွေရှားလာတဲ့ လောက
မိုးရာသီရဲ့ ဟန်ပန်တွေ ဘာမှ မရှိတဲ့နေရာ တခု
နှင်းထုတွေ ဖုန်းလွှမ်းတဲ့ အရပ်ဒေသ
အရိုးထဲ စိမ့်ပြီး အေးလွန်းတဲ့ အိမ်လေးထဲမှာ
အမြဲအားပေး တတ်သူ
ယုယ ကြင်နာပေး တတ်သူ
ဖေးမပေး တတ်သူ
အဲတာ ကျွန်မချစ်ရသူပါ ။ 
 
jasmine
 
စာတွေ များများတင်နိုင်အောင်လို့ တဂ်ပါရစေရှင်
မိမိကြိုက်ရာခေါင်းစဉ်ဖြင့်ရေးသားနိုင်ပါတယ်
သာဂျီးမင်း
လရိပ်အိမ်
တီတင့်
မဒမ်ကိုး
ပစ်ပစ်
 

10 comments:

{ ဆွေလေးမွန် } at: October 18, 2014 at 9:37 PM said...

အမုန်းတွေ ရင်ထဲမထားပဲ
သံယောဇဉ် အသင်္ချေ တွေ ရင်ဘတ်ထဲ ၀င်လာစေတဲ့ သူ
လက်ကျန်ဘ၀လေးအတွက်
အနားသတ်တွေ လှပအောင် လမ်းပြပေးတဲ့ သူ

အဲဒီစာသားလေးတော့ ပို နှစ်သက်မိ

{ စံပယ်ချို } at: October 18, 2014 at 11:04 PM said...

ဟုတ် ဆွေလေးရေ-----ထပ်ပြီးကြွားပါရစေ
အဲတာ ကိုလွင်ပြင်ကိုရေးတာပါ သူကဂျက်ထက်အသက်ငယ်ပေမဲ့လဲ လူကြီးလေးလိုပဲ

{ စံပယ်ချို } at: October 18, 2014 at 11:05 PM said...

ဟုတ် ဆွေလေးရေ-----ထပ်ပြီးကြွားပါရစေ
အဲတာ ကိုလွင်ပြင်ကိုရေးတာပါ သူကဂျက်ထက်အသက်ငယ်ပေမဲ့လဲ လူကြီးလေးလိုပဲ

{ 3rdthameetaw } at: October 19, 2014 at 12:49 AM said...

ဂျက် ရဲ့ ချစ်သူ အမွှန်းတင်
ငကြွားစိန်လုပ်တာလေးကို
လာအားပေးသွားတယ်နော်...:)

{ လရိပ်အိမ် } at: October 19, 2014 at 5:36 AM said...

ခုတလော "သံယောဇဉ်" ဆိုတဲ့ စကားလုံးလေးကို ကြောက်ရွံ့နေမိတယ်။ မကြီးရဲ့ကဗျာလေးက မကြီးချစ်ရသူရဲ့ရင်ထဲကို ထိထိမိမိ ဝင်ရောက်နေမှာပါ။ ကဗျာလေးရယ် ၊ အိမ်လေးရယ် အရမ်းလှနေတယ်။

{ စံပယ်ချို } at: October 19, 2014 at 3:29 PM said...

ကြွားကဗျာ

{ Aunty Tint } at: October 19, 2014 at 8:23 PM said...

ချစ်စရာစကားလုံးလေးတွေနဲ့ သီကုံးထားတဲ့ ကဗျာလေးဖတ်သွားတယ် ဂျက်ရေ....
ရေးအုံးမှာ ... :P ♥♥♥

{ Cameron } at: October 19, 2014 at 10:03 PM said...

အိမ်အသစ်လေးရဲ့အရောင်က မှုန်မှုန်မှိုင်းမှိုင်းနဲ့ မီးမီးကြိုက်တဲ့အရောင်ဆင်းမျိုး

{ စံပယ်ချို } at: October 19, 2014 at 10:41 PM said...

အိုမားနဲ့သာမီးအကြိုက်တူတာပေါ့နော်

{ Toe Yee Yee } at: October 21, 2014 at 5:39 PM said...

ပြီးပြည့်စုံနေတဲ့ချစ်ခြင်းကဗျာ ဝမ်းမြောက်ပီတိဖြစ်ပါ၏။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine