Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အတွေးလေးကို ရေးချမိတာပါ

| Friday, November 14, 2014
ငါ ဘယ်တုန်းကမှ
အကျဉ်းသားမဟုတ်ခဲ့သလို
ငါ ဘယ်သောအခါမျှ
လွတ်လပ်ခွင့်မရခဲ့ပါ
ငါ မင်းကို ဘယ်တုန်းကမျှ မမုန်းခဲ့ပါ
သို့သော် ချစ်လဲ မချစ်ခဲ့ပါ
ငါ အစပြုပြီး ရန်လိုချင်းမရှိခဲ့ပါ
အကယ်၍
မင်းရန်ပြုခဲ့သော်
ငါ အသာလေးဆုပ်ခွါလိုက်မှာပါ
ခင်မင်မှုက ဘာအရောင်လဲလို့မေးခဲ့ရင်
သံယောဇဉ်နဲ့ ခင်မင်မှုမှာ
အရောင်တွေမရှိပါဘူး
အဲလိုလေးပဲဖြေပါရစေ
ကိုယ့်ရဲ့ စိတ်ရင်းက
ကိုယ် ခံစားရတဲ့ အရောင်ပဲလေ
လောကကို ဟိုဝေ့ဒီဝိုက်
မလုပ်ပဲ မှန်တချပ်ကို
တည့်တည့် ကြည့်လိုက်ပါ
ငါ့ ကိုအကဲခတ်နေတဲ့ သင့်
မျက်နှာကို သင် သေသေချာချာမြင်ရပါလိမ့်မည်
ဘာမှ အစိုးမရဘူးကွယ်
စိတ်ထဲက ခံစားမှု အလုံးအရင်းတွေ
ဖြေချလိုက်ပါတော့
အချိန်အခါ ကျရင် သက်သာစေမယ်
လက်ထဲက ဆုပ်ကိုင်သမျှ
နဲနဲချင်းစီ
လွှတ်ချလိုက်ပါတော့
သင့်စိတ်လေးပေါ့ပါးလို့နေမယ်
တိမ်ညိုတွေကင်းနေတဲ့အခါ
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ
စိတ်တွေလန်းဆန်းပြီး
သင့်မျက်နှာ ပန်းရောင်သန်းလာလိမ့်မယ်
ပန်းအကြောင်း မိုးအကြောင်း
နှင်းအကြောင်း လေအကြောင်း
သစ်ရွက်တို့ အကြောင်းတွေကို
စိတ်ဝင်စားမှု
များများထားပေးပါ
သင် လောကကြီးကိုချစ်တတ်လာမယ် ။

 
 jasmine
 

7 comments:

{ sai } at: November 14, 2014 at 9:56 PM said...

ကဗျာကလည်းကောင်း၊ ခံစားချက်တွေကို ရင်နင့်
တမျှ ခံစားသွားပါတယ် .........ဒီဘလော့လာတာ
အေးလိုက်တာလွန်ရော ပဲအေ......

နန်းကြာဦး ...

{ 3rdthameetaw } at: November 14, 2014 at 10:05 PM said...

ချစ်တတ်အောင် သင်ပေးနေတာလား ဂျက်ရေ

{ Aunty Tint } at: November 15, 2014 at 5:39 AM said...

တစ်ခါတစ်ရံပေါ်လာတဲ့ ရင်တွင်းဖြစ်ကဗျာလေး ခံစားသွားတယ် ဂျက်ရေ....
မှန်ကန်တဲ့အတွေးလေးတွေရေးချသွားတာပါလား။

{ Thu } at: November 16, 2014 at 7:26 PM said...

ခံစားနေရတာတွေ အကုန်လွှတ်ချလိုက်တော့မယ်။:)
လောကကြီးမှာချစ်စရာတွေအများကြီးရှိတာမေ့နေတယ်။
မမကဗျာလေးအတွက်ကျေးဇူး :)

{ စံပယ်ချို } at: November 17, 2014 at 12:42 PM said...

ဟုတ်တာပေါ့အသူရေ.......ဆုတ်ကိုင်တတ်သူတွေက သူများတွေထက်ပိုပြီးပင်ပန်းကြတာလေ

{ ဆွေလေးမွန် } at: November 19, 2014 at 6:44 PM said...

ကဗျာလေးက ရိုးရိုးရှင်းရှင်းနဲ့ အနှစ်သာရတွေ ပြည့်နေတာပဲ . နှစ်သက်စွာနဲ့ ဖတ်သွားတယ် ဂျက်ရေ.

{ စံပယ်ချို } at: November 19, 2014 at 8:57 PM said...

jas ရဲ့ ကဗျာလေးကိုနှစ်သက်စွာဖတ်ခဲ့တယ်ဆိုလို့ဝမ်းသာမိတယ်ဆွေလေးရေ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine