Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နှလုံးသားရဲ့ အရှင်သခင်

| Saturday, November 8, 2014
နှလုံးသားရဲ့ အရှင်သခင်
****************** 
ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
jasmine
 
 
ပါရမီဖြည့်ဖက်
 
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
 
 
ညီမငယ်လေးပစ်ပစ်( http://blackroze-blackrose.blogspot.com/2014/11/blog-post.html)
အဲဒီကနေတဂ်ထားလို့ ကဗျာကြွေးဆပ်လိုက်ပါပြီ
ကိုလွင်ပြင်အတွက်ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ ။
 
jasmine

6 comments:

{ blackroze } at: November 9, 2014 at 10:39 AM said...

ကမ္ဘာတသောင်းအထိ ပေါင်းရပါစေ မကြီးဂျက်စ်ရေ

{ 3rdthameetaw } at: November 9, 2014 at 7:32 PM said...

အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။

ချစ်ပေါ့ ဂျက်ရာ
အချစ်သက်တမ်းလေး ရှည်ပါစေ

{ ဆွေလေးမွန် } at: November 10, 2014 at 11:08 PM said...

ပါရမီဖြည့်ဖက်

ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။

အဲဒီကဗျာတိုလေး ကြိုက်တယ်

{ ဆွေလေးမွန် } at: November 10, 2014 at 11:13 PM said...

ပါရမီဖြည့်ဖက်

ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။

အဲဒီကဗျာလေး နှစ်သက်တယ်။ ခုနက မန့်လိုက်တာ ဘယ်ရောက်သွားလဲ သိဘူး :)

{ Aunty Tint } at: November 11, 2014 at 4:32 AM said...

နှလုံးသားအရှင်သခင်အတွက်
ခိုင်မြဲလှတဲ့သံယောဇဉ်တွေ
ကမ္ဘာတစ်သောင်းထိတိုင်
ထပ်လောင်ပြီးပေါင်းအုံးမတဲ့လား ဂျက်ရေ...
ကဗျာလေးခံစားသွားတယ်။

{ စံပယ်ချို } at: November 11, 2014 at 5:53 PM said...

အချိန်ပေးပြီးလာရောက်အားပေးသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine