Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

November လွမ်းချင်း

| Sunday, November 2, 2014
 စိတ်တွေက မခိုင်မမြဲဖြစ်နေချိန်
ရာသီဥတုကလဲ ဖရိုဖရဲနဲ့ပါလားကွယ်
သစ်ရွက်တွေကြွေနေသလို
ငါ့ အလွမ်းတွေကြွေခွင့်ရှိရင် ကောင်းမှာပဲ
ထင်ထားသလောက်တော့ မအေးသေးတာ
ကျေးဇူးတင်ပါတယ်နိုဝင်ဘာ
လေတိုက်သံတွေ အိမ်ထဲကနေကြားနေရတယ်
နွေရာသီမှာစမ်းစိုခဲ့တဲ့ သစ်ရွက်တွေ
မရှိတော့ဘူးကွယ်
သစ်ရွက်ကြွေသံတွေထဲကနေ
ကဗျာတပုဒ်တော့ ရကောင်းပါရဲ့
တယောက်နဲ့တယောက် ဘ၀တွေပေးခဲ့ပြီးမှ
အလွမ်းတွေမလိုချင်တော့ဘူး
ချစ်ကြ မုန်းကြ
ရုန်းကြ ကန်ကြ
ရယ်ကြ ငိုကြ
ဘ၀တွေထဲကနေ
နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။
 
jasmine
 

8 comments:

{ rose of sharon } at: November 2, 2014 at 8:15 PM said...

နှစ်​နှစ်​ကာကာပြုံးပြသွားပါတယ်​... ဒီတ​ဆောငမူလုံး ​နွေး​ထွေးပါ​စေ ;-)

{ ဆွေလေးမွန် } at: November 2, 2014 at 9:56 PM said...

ဒီကဗျာလေးမှာတော့ ..ပိုနှစ်သစ်မိတယ် ဒီစာသားလေး

ဘ၀တွေထဲကနေ
နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။

{ Unknown } at: November 3, 2014 at 2:08 AM said...

နန်းတို့ဆီမှာတော့ လေရော၊ မိုးရော၊ မိုးကြိုးတွေရော၊ လျှပ်စီးတွေရော နှစ်နှစ်ကာကာတောင်မကဘူး အားရပါးရကို ဟားတိုက်ရီပြနေကြတယ်။ ခု မန့်နေချိန်မှာတောင် အပြင်မှာ မိုးရော၊ လေရော တဝုန်းဝုန်းပဲ။ နန်းတို့ဆီမှာတော့ ဆောင်းတွင်းလဲ မချမ်းပါဘူးလေ။ အသဲတုန်အောင်ချမ်းတဲ့ မန္တလေးဆောင်းကို လွမ်းလိုက်တာ...။

{ blackroze } at: November 3, 2014 at 11:31 AM said...

အား၇ပါးရကို ပြုံးပြသွားတယ် Jas ရေ...
ဒီအပြုံးလေးနဲ့ နွေးပါစေလို့

{ စံပယ်ချို } at: November 3, 2014 at 3:14 PM said...

ဒီတခါ အပြုံးတွေအများကြီးရလိုက်လို့ ဆောင်းဦးကိုမကြောက်တော့ဘူးနော်

{ Thu } at: November 3, 2014 at 11:58 PM said...

မမ အသူဒီကဗျာလေးကြိုက်တယ်ကူးထားလိုက်ပြီ။

{ Aunty Tint } at: November 4, 2014 at 3:04 AM said...

တစ်ဆောင်းလုံးနွေးစေမယ့် စစ်မှန်တဲ့အပြုံးကလေးရဲ့ ပိုင်ရှင်သခင်ဖြစ်ပါစေကွယ်....
နိုဝင်ဘာလွမ်းချင်းလေး ခံစားသွားတယ် ဂျက်ရေ။

{ 3rdthameetaw } at: November 5, 2014 at 3:24 AM said...

နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။

ဒီ အပိုဒ်လေးကတော့ အားလုံးကို
ဖမ်းစားသွားတယ်ဂျက်
သမီးတော်လည်း တော်တော်လေး
သဘောကျမိတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine