Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဒီဇင်ဘာ အလွမ်း

| Monday, December 1, 2014
 
မြန်မြန် ဆန်ဆန်လေးပဲ
သူရောက်လာခဲ့တယ်
တနှစ်နဲ့ တနှစ်
မြန်လိုက်တာကွယ်
မြို့အ၀င် နေကြာရိုင်း
ဒီအချိန်မှာ ၀ါဝါထိန် ချစ်သူတို့လျှောက်သောလမ်းနားက
ချယ်ရီတွေ
ပန်းနုရောင်မရင့်တရင့်
နှင်းလိုလို မြူလိုလို
ရောကောသောကောနဲ့
မနက်ခင်းတိုင်း ၀င်လာနေတာ
ဒီဇင်ဘာတဲ့လားကွယ်။

ဒီဆောင်း မနက်
နှိပ်စက်နေတဲ့ ချစ်ပုံပြင်
မြူခိုးတွေဝေ
စိတ်တွေ လေလွင့်စေခဲ့တယ်
နှင်းရည်တွေ နှလုံးသားကို လာပုတ်
ဒီ ရင်ဘတ်ကြီး
အရုပ် တရုပ်လို မခံစားတတ်ခဲ့ရင် ကောင်းမယ်
မအီ မသာနဲ့ လမ်းခွဲခဲ့ရတဲ့ အဖြစ်ဆိုး
ကြည်ကြည်သာသာ နဲ့ ငါ့ အလွမ်းပင်တွေ
ရင်ထဲ ပျိုးပြီးရင်း ပျိုးနေခဲ့တယ်။

 ရှေးဘ၀ အဆက်ဆက်
ဘာတွေ လုပ်ခဲ့မိသလဲကွယ်
ချိန်းဆိုခြင်းမရှိတဲ့
အလွမ်းတွေ ရာသီမရွှေး
နေရာမရွှေး ရောက် ရောက်လာတယ်
စလောင်းတပ်ပြီးကြည့်တော့
ကမ္ဘာအကြောင်းအားလုံးသိခဲ့ရတယ်တဲ
အဲဒီ စလောင်း
ငါ့ရင်ဘတ်ထဲက အလွမ်း
မင်းကြည့်လို့ရလားကွယ်
ငါ့ နှလုံးသားတွေ
ဘယ်လောက်များကိုက်ခဲ
နာကျင်နေမလဲ
အဲဒီ စလောင်း မင်းသိလားကွယ်
ဖန်တရာတေနေအောင်
လွမ်းပဲလွမ်းနေရတော့
အလွမ်း ဆိုတာ 
ငါ့အတွက်   ရိုးအီနေပါပြီ
ဘာမှ ဆန်းပြားမှုလဲ
မရှိတော့ပါဘူး ။ 
ငယ်ငယ် ကနားထောင်ဖူးတဲ့ သီချင်းလေးတစ်ပိုဒ်
တကယ်ကိုသတိရမိတယ်
 ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ်တဲ့ ။
 
jasmine
 
ကဗျာဟောင်းလေးကို ခေါင်းစဉ်ပြောင်းပြီး စာသားတချို့ဖြည့်ထားတာပါ။
ချစ်ခင်ရပါသော ညီမလေး ဆွေလေးမွန်ရဲ့ တဂ့်ကဗျာ

6 comments:

{ ဆွေလေးမွန် } at: December 1, 2014 at 7:53 PM said...

Tag ပို့စ်လေးရေးပေးလို့ ကျေးဇူးပါ ဂျက်ရယ်
တစ်နှစ်တစ်နှစ် မြန်လိုက်တာကွယ်
ဆိုတာလေး ဆွေလေးလဲ အဲဒီလို စဉ်းစားမိတယ်

{ စံပယ်ချို } at: December 1, 2014 at 9:02 PM said...

အရင်ဆုံးလာဖတ်ပေးလို့ကျေးဇူးပါဆွေလေးရေ

{ 3rdthameetaw } at: December 2, 2014 at 4:47 AM said...

တကယ်ကိုသတိရမိတယ်
ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ်တဲ့ ။

ဘု ကိုလွမ်းရမှန်း သိတော့ဘူး ဂျက်ရေ

{ Aunty Tint } at: December 3, 2014 at 4:23 PM said...

ဒီဇင်ဘာအလွမ်းလေးဖတ်သွားပြီ ဂျက်ရေ....
ဘယ်ဆီလွမ်းမိတတ်မသိလို့ ဆိုရလေမလား ... :)

{ Thu } at: December 3, 2014 at 9:27 PM said...

ဟုတ်ပါ့တစ်နှစ်တစ်နှစ်အချိန်တွေကုန်တာမြန်လိုက်တာ..
ဆောင်းကတော့ တဖြေးဖြေးနဲ့ဇာတိပြလာပြီ။
တို့မကြီးကတော့ ဒီဇင်ဘာဆောင်းညမှာ မွေးနေ့လေးလဲရှိတော့ပျော်စရာကြီး။
Pre Happy Birthday နော် အဲ့ရက်ကျဘလော့ဂ်ပေါ်မတက်မိမှာစိုးလို့..

{ စံပယ်ချို } at: December 5, 2014 at 7:54 PM said...

အသူရဲ့ မွေးနေ့ဆုတောင်းလေးအတွက် ကြိုတင်ကျေးဇူးတင်ထားတယ်နော်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine