Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အိပ်ခွင့်မရတဲ့ မြို့

| Saturday, December 13, 2014
စနိုးကြမ်းကြမ်းကြီးတွေက တစိမ့်စိမ့်ကျနေလေရဲ့
မမြင်ရတဲ့ မနက်ဖြန်အတွက်ခြေလှမ်းတွေကို
ရမ်းသမ်းလျှောက်လှမ်းရင်း
ရင်ဘတ်ထဲမျော်လင့်ချက်လေးတွေ တလိမ့်လိမ့် စီးဆင်းလာလေရဲ့ကွယ်။
ဘ၀တွေကဒီလိုပဲခက်ခဲနေကြတာပါ
မိုက်မိုက်မဲမဲတော့ မဆုံးဖြတ်သင့်ဘူး
ကံဇာတ်ဆရာရဲ့ အကြိုက်တော့ လိုက်ကရမယ်ထင်တယ်။

ခုရက်တွေ ကောင်းကင်က ပိုပြီးမှောင်မိုက်လာတယ်
အအေးဒါဏ်က ပိုပြီးတုန်ခိုက်လာတယ်
လေတိုက်ခတ်မှုတွေပိုလာတယ်
အစောကြီးမိုးချုပ်လာတယ်
မြူလိုလို နှင်းလိုလို အကျပိုလာတယ်
အချိန်မတော်လန့်ဖြန့်ပြီး အိပ်ယာက နိုးနိုးလာတတ်တယ်။

အလင်းရောင်တွေ အားမကောင်းဘူး
မျော်လင့်ချက်တွေ အရောင်မှိန်တယ်
အပြုံးတွေ အားမကောင်းဘူး
မျက်နှာဖုန်းအုပ်ထားတဲ့သူတွေ ပိုပြီးအောင်မြင်လာတယ်
မာယာနှလုံးသားရှိတဲ့သူတွေ အင်အားကောင်းလာတယ်
 ဗြမဟ္မာစိုရ်တရား  သူ့တို့ရင်ဘတ်ထဲ ထဲ့မထားသူတွေများလာတယ်
အတွေးတွေ ချချရေးဖြစ်ပေမဲ့လဲ
အရေးအသားက မကောင်းတာများနေပြီ
ဖေးမမည့်သူ မျော်လင့်နေလဲ သူတို့ရဲ့ စိတ်ထဲ ကိုယ်ရှိမနေခဲ့
သိခဲ့ပြီ     သိနေတယ်   သိရအုန်းမယ်ထင်ပါတယ်
မျော်လင့်ခဲ့ဖူးတယ်  မျော်လင့်နေတယ်   မျော်လင့်နေအုန်းမယ်ကွယ်
ကံကောင်းခြင်း လက်ဆောင်တချို့အတွက်ပေါ့ ။
သေချာတာ တခုအဖြေရနေပြီ
ငါနေတဲ့မြို့မိုးချုပ်နေသော်လဲ
ငါ့ မျက်လုံးတွေ မှေးစက်ခွင့်မရတာကြခဲ့ပြီ ။  ။
 
jasmine
 









3 comments:

{ Aunty Tint } at: December 13, 2014 at 4:28 PM said...

အိပ်ခွင့်မရတဲ့ မြို့လေးအကြောင်း ခံစားသွားပြီ ဂျက်ရေ။ ဖေးမသူမရှိပေမယ့် ကိုယ့်လမ်းကိုယ်ဖောက် ကိုယ်လျှောက်ခဲ့တဲ့ခရီး ရှည်လျားခဲ့ပါပြီ ....

{ Toe Yee Yee } at: December 13, 2014 at 11:11 PM said...

ရင်ဘတ်ခြင်းတူစွာခံစားသွားပါတယ်ဂျက်ရေ

{ 3rdthameetaw } at: December 17, 2014 at 3:56 AM said...

အစောကြီးမိုးချုပ်လာတယ်
မြူလိုလို နှင်းလိုလို အကျပိုလာတယ်
အချိန်မတော်လန့်ဖြန့်ပြီး အိပ်ယာက နိုးနိုးလာတတ်တယ်။

အဲ့ဒီ မြို့ လေး အကြောင်း လာဖတ်သွားတယ် ဂျက်ရေ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine