Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ငါလဲ အပါအ၀င်

| Monday, July 13, 2015
သက်သေပြစရာလဲ မရှိခဲ့ဘူး
လူ လူချင်းသနားညာတာမှုမရှိ လုပ်ကြံမှုများ
ပါးစပ်ဖျားမှာတော့ ပျားရည်အပြည့်
ပီပြင်ပုံမရတဲ့ အပြုံးတွေကြားထဲ
ငါ ဘယ်သူ့ကိုမှ မမုန်းမိပါ
ရက်လ အလီလီ ဒီခရီး ဒီလမ်း တို့တွေ လျှောက်လှမ်းရင်း
ဘုရားဘုရား ဆိုတဲ့သူတွေ စိတ်ရောလက်ပါ 
ကားယား ကားယား ဖြစ်နေပြီ 
မချမ်းသာချင်ဘူးပြောတဲ့သူတွေ 
ပိုက်ဆံဆို ငမ်းငမ်းတက်
စိန်ရွှေမကြိုက်ပါဘူးဆိုသူကတော့
မကြာမကြာ ရွှေတွေဝယ်စုလေနေရဲ့ 
အတ္တများကြားထဲ ဖြူစင်မှု အပိုင်းအစ 
ငါ ဘယ်လိုရှာရမလဲ ။
မသိတာမရှိ မတတ်တာမရှိ ဆိုတဲ့ လူတတ်ကြီးတွေကြားထဲ
ငါ ဟာ လူဗလာလိုလို ယုန်သူငယ်လိုလို
အသက်အရွယ်မမျှမှုတွေကြား 
စကားတွေစစ်ထိုး အလှဲလှဲ အပြိုပြို
ငါဟာ ပဲလှော်ကြားကဆား ။
တို့ ဘ၀တွေက ဆယ်ကျော်သက်မဟုတ်လေတော့
အမြင်မှား အတွေးတွေေ၀၀ါးစရာမလိုဘူးထင်ခဲ့တာ
ဘ၀တခုရဲ့
ကုသိုလ် အကုသိုလ်
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း
အောင်မြင်ခြင်း ဆုံးရှုံးခြင်း တွေကို
ကိုယ်တိုင်လုပ်ယူကြရတာပါ 
အရိုအသေရှိခံချင်သူက ရိုသေထိုက်အောင်နေပေးပါ
ငါမှ ငါဆိုလျှင်လဲ ငါ့ကိုယ်ငါ တန်ဖိုးရှိစွာနေပေးပါ
အရာအားလုံး သိမြင်ခဲ့ရင်
လောဘ မောဟ နဲ့ အကြီးမှားဆုံး အတ္တဆိုတာတွေ
ဖြိုချလိုက်ပါက အနေလှနေပြီ။  

jasmine

4 comments:

{ 3rdthameetaw } at: July 13, 2015 at 10:47 PM said...

ကောင်းလိုက်တာ ဂျက်ရေ
ဟန်ဆောင်နေထိုင်တဲ့ လူတွေကို
ရှင်းရှင်းလင်းလင်း ဖွင့်ပြလိုက်သလိုပဲ

{ စံပယ်ချို } at: July 14, 2015 at 6:37 PM said...

ကျေးဇူးတင်ပါတယ်သမီးတော်ရေ

{ Aunty Tint } at: July 15, 2015 at 2:26 AM said...

ကြုံဆုံရတဲ့လူ့ဘုံဘ၀ပေါ့ ဂျက်ရေ... အားပေးသွားပြီနော်
လွင်ပြင်လေးကိုလဲ သတိတရနှုတ်ဆက်ပါတယ်လို့ :)

{ စံပယ်ချို } at: July 17, 2015 at 3:04 PM said...

ဟုတ်ကဲ့ပါတီတင့် လွင်ပြင်က အလုပ်တဖက်ကျောင်းတဖက်နဲ့ဆိုတော့ ကဗျာတွေစာတွေကိုသူ့ရင်ဘတ်ထဲမှာခဏသိမ်းထားတယ်လို့ပြောပါတယ် အမှန်တော့သူမအားလို့ တီတင့်ရေ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine