Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဆုတောင်းနေရတဲ့ အခြေအနေ

| Saturday, July 25, 2015
လရောင်မလင်းတဲ့ ည
ကြယ်ရောင်ပျောက်တဲ့ ည
သူ ကိုယ့်အနားမှာ မရှိတဲ့ ည
အရာအားလုံး အဓိပ္ပါယ်မဲ့သွားတဲ့ ည။
အဲဒီလို ညတွေ ဖြတ်သန်းရတာများလွန်းတော့
ခံစားချက် မည်မည်ရရ ဘာမှမရှိတော့ပါဘူး။
အိပ်မက်တွေ မကြာခဏ မက်တတ်သူ
စိတ်ကူးတွေယျဉ်တတ်တဲ့သူ
အဲတာ ကျွန်မပါပဲ။
တချို့ကောင်းတဲ့ အိပ်မက်
မြန်မြန်ဆုပ်ကိုင်ချင်သူ
စိတ်ကူးယျဉ်မှုတွေကို မြန်မြန်ဆုပ်ကိုင်ချင်သူလဲ
ကျွန်မပါပဲ။

စိတ်ထဲကနေ စကားလုံးတွေပြောမယ်လို့ရည်စူးနေတာ
အများကြီး
တကယ်ပြောဖြစ်တဲ့ စကားလုံးနဲ့ ရည်စူးထားတဲ့စကားလုံးတွေ
ခြားနားနေတာ အကြိမ်ကြိမ်
အသက်အရွယ်အရ ကိုယ်တိုင်စည်းတားမိတာ
အခါခါ။

ပုံစံခွက်ထဲ ကြီးပြင်းခဲ့ရတာ များလွန်းတော့
ပျင်းရိခြင်း
အိမ်လည်ခြင်း တွေမရှိခဲ့လည်း
အချက်အပြုတ်ဝါသနာရှိခြင်း အပင်လေးတွေ စိုက်ပျိုးခြင်း
စာဖတ်ခြင်း အလွန်စိတ်ဝင်စားခဲ့တဲ့သူ
အဲတာ ကျွန်မပါပဲ။

လက်ရှိအနေအထားရ
မည်သူကိုမှ လက်မကမ်းနိုင်သလို
တန်ဖိုးရှိအရာဝထ္ထုကိုလဲ မလှမ်းနိုင်တာမို့
မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများအားလုံး
အစစ အရာရာ အဆင်ပြေ ကြပါစေလို့ ဆုတောင်းနေတာ
ကျွန်မပါပဲ။


jasmine
ပစ်ပစ်ရဲ့ tag ပိုဒ့်လေးပါ ခုမှတင်ဖြစ်လို့နောက်ကျနေပြီထင်ပါတယ်
တခြားသူများကိုထပ်ပြီးမတဂ်တော့ပါဘူး ကိုယ်တဂ်မည့်သူတွေက ပစ်ပစ်တဂ်ပြီးသားဖြစ်နေလို့ပါ။

4 comments:

{ 3rdthameetaw } at: July 25, 2015 at 5:12 PM said...

ဆုတောင်းလေးတွေ ပြည့်ပါစေ ဂျက်ရေ

{ Aunty Tint } at: July 25, 2015 at 6:16 PM said...

ဆုတောင်းတဂ်ပို့စ်လေးဖတ်သွားတယ် ဂျက်ရေ...

{ Thu } at: July 27, 2015 at 1:21 AM said...

I miss you sis
and blogging also

{ စံပယ်ချို } at: July 27, 2015 at 1:48 PM said...

အသူရေ
လွမ်းနေပါတယ် တူတူပေါ့
ဘလော့ထဲပြန်ဝင်ပါနော်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine