Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပန်းခင်းလမ်း

| Monday, February 22, 2016
ငါတို့ ပန်းတိုင်ကိုပုံဖော်ကြည့်
လောကကြီး အရင်ကထက်ပိုလှနေတယ်
သူ့ လက်ထဲမှာနှင်းဆီပန်းခြင်း
သူ့ခြံလေးမှာ စံပယ်တခင်း
အဆင်းဖြူဖြူ ။

Snow တွေထူထပ်နေလဲ
ငါတို့ နွေးထွေးနေခဲ့တယ်
မှုန်တိုင်းထန်ခဲ့လဲ
လေပြေအလား မှတ်ထားနေခဲ့တယ် ။

ဝမ်းနည်းစိတ်ပျက်နေတဲ့အခါ
အရင်က ပုံအဟောင်းလေးတွေ
စိတ်ရှည်ရှည်နဲ့ ပြန်ကြည့်နေမိတယ် ။

ဝမ်းနည်းချိန်ဖြစ်ဖြစ်
ဝမ်းသာချိန်ဖြစ်ဖြစ်
တယောက်နဲ့ တယောက် လက်ဆွဲဆုပ်မိတယ် ။

အရာအားလုံးပုံဖော်ကြည့်
ချစ်သူရဲ့ ရင်ဘတ်ထဲ
ချစ်ချင်းတွေ
တစ်ပွေ့ တစ်ပိုက်နဲ့
ကိုယ့်ကိုပြုံးကြည့်နေလေရဲ့
ဒီလိုနဲ့
ဟိုးရှေ့ကလမ်း
ပန်းတွေအပြည့် ။   ။
jasmine


4 comments:

{ 3rdthameetaw } at: February 23, 2016 at 9:13 PM said...

အားပေးတဲ့ ကဗျာလေး ဖတ်သွားပြီ ဂျက်ရေ

{ Aunty Tint } at: February 23, 2016 at 9:36 PM said...

ပန်းခင်းလမ်းလေး အမြဲထာဝရ သာယာဖြောင့်ဖြူးပါစေ....
အားအင်အပြည့်နဲ့ကဗျာလေး ခံစားသွားတယ် ဂျက်ရေ...

မေတ္တာဖြင့်
အန်တီတင့်

{ ရာဇာထွေး } at: February 24, 2016 at 8:25 AM said...

ပန်းခင်းလမ်း လေးကိုဖတ်ခဲ့ပြီအမဖြူရေ....
ဘလော့တွေထဲ ကိုလည်းမလည်ဖြစ်တာကြာပါပြီ...
ခေါင်းစဉ်မရှိတော့ ပါ / ချစ်သူပေးသောကဗျာလေးတွေလည်း
ဖတ်ခဲ့ပါတယ်အမရေ.... ကဗျာလေးတွေဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်အမဖြူ....


ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

{ စံပယ်ချို } at: February 24, 2016 at 4:14 PM said...

လာရောက်အားပေးတဲ့ သမီးတော် အန်တီတင့် ကိုဖိုးကျော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine