Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အဖြစ်အပျက်ကတော့

| Saturday, June 18, 2016
အရိုးထိအောင်လဲ ရူးခဲ့ဖူးပြီး
အစိုးမရတဲ့မိုးလိုလဲ လွမ်းခဲ့ဖူးတယ်။

တနေ့တခြား ကြီးကြီးလာတဲ့အသက်ကြောင့်ထင်တယ်
လူတွေကို နားလည်တတ်လာတယ်
ခွင့်လွတ်တတ်လာတယ်
စကားတွေအရင်ကလို ပေါက်ပေါက်ဖောက်သလိုမပြောချင်တော့ဘူး
မပြောသင့်တာတွေကိုထိန်းသိမ်းတတ်လာတယ်
အဲဒီအတွက် ကျေးဇူးတင်ပါတယ် လောကကြီးရေ ။

အိမ်မက်နဲ့ စိတ်ကူးတွေကို ဆေးရောင်ခြယ်နေမိတယ်
ငွေမကုန်လူမပန်း စိတ်လဲလန်းအောင်ပေါ့ ။

ထည်ထည်ဝါ၀ါမရှိတဲ့ ဧည့်ခန်းထဲမှာ
 ငါတို့ ၂ ယောက်ရဲ့ဓါတ်ပုံ အပြင်မှာထက်ပိုပြီးကျက်သရေရှိနေသလိုပါပဲ ။

ထိုင်နေရင်းနဲ့ ပင်ပန်းနေတဲ့ငါ
သတိရခြင်းတွေ လွမ်းခြင်းတွေကိုတောင်မသယ်ချင်လောက်အောင်
ဖြစ်နေတဲ့အချိန်တွေ အများကြီးရှိခဲ့ဖူးတယ်
ငြီးငွေ့စရာကောင်းတဲ့ထဲ
ဘာကိုမှ မပိုင်ချင်လောက်ကို ငြီးငွေ့ခဲ့ဖူးတယ် ။

သူစိမ်းဆန်တဲ့ခရီး ၇င်းနှီးမှုမရှိတဲ့လမ်း
ငါဟာ အကန်းတယောက်လို ပြေးလွှားခဲ့တယ်
ရုန်းကန်ခဲ့တယ်
ပန်းဝင်ချင်ဇောတွေအပြည့်နဲ့
မောလိုက်တာ အကြိမ်ကြိမ်လှဲကျ ပြန်ထ
ငါ့ တကိုယ်လုံးဒါဏ်ရာတွေအပြည့်
အလိုက်သင့်မနေတတ်တဲ့ ငါ
ရေစုန်မမျောတတ်တဲ့ ငါ
သူများတကာထက်ပိုပြီးပင်ပန်းခဲ့တယ် ။

ရှိသမျှအားလေးနဲ့  ပြန်ကန်တတ်တာ
ငါ့အကျင့်ပေါ့
ကြာတော့လဲ အထုကောင်းကောင်းခံထားရတဲ့
ငါးဖယ်ကောင်လိုမျိုး
ငါ အတော်လေးမာနေပြီ
ဘယ်လိုပဲဖြစ်နေပါစေ
အရိုးထိအောင်လဲ ရူးနေတုန်း
အစိုးမရတဲ့မိုးလိုလဲ လွမ်းနေတုန်း
ခု လောလောဆည်တော့ ကျွန်မရဲ့ 
အဖြစ်အပျက်ကတော့ ဒါပါပဲရှင် ။   ။

jasmine

 ဒီကဗျာကို ၁ လကျော်ရေးသားခဲ့ရပါတယ်..
ဆက်ရေးမယ်ဆိုရင်ရေးလို့ရပါသေးတယ် 
အရမ်းရှည်မှာစိုးလို့.. ပြီးတော့ စာဖတ်သူတွေပျင်းရိမှာစိုးတာရယ်
ဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။


4 comments:

{ 3rdthameetaw } at: June 28, 2016 at 11:46 PM said...

ရင့်ကျက်တယ်လို့ ဘယ်လောက်ပြောပြော
ရင်ထဲမှာတော့ ဟိုးငယ်ငယ်ကထက်
အသေးအဖွဲကအစ ပိုနားလည်လာလို့
ပိုပြီးခံစားစရာတွေများလာတာလည်း အမှန်ပဲ ဂျက်ရေ

{ ငြိမ်းမိန်းကလေး } at: June 29, 2016 at 10:49 PM said...

လာလည်သွားပါတယ် မစံပယ်.. ကဗျာလေးတွေလည်း ဖတ်သွားပါတယ်..
ကဗျာအရမ်းဝါသနာပါတဲ့ ညီမလေးတစ်ယောက်ကို ဒီဆိုဒ်လေး ညွှန်းလိုက်မယ်နော်...

{ စံပယ်ချို } at: July 13, 2016 at 10:16 PM said...

ငြိမ်းရေ......ကျေးဇူးပါနော် ငြိမ်းရဲ့လင့်လဲချိပ်ထားလိုက်တယ်

{ စံပယ်ချို } at: July 13, 2016 at 10:17 PM said...

ဟုတ်တယ်သမီးတော်ရေ လူတွေရင့်ကျက်ပါတယ်ဘယ်လိုပြောပြော တခါတရံတော့ ပေါက်ကွဲလာတတ်တယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine