Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကောင်းတဲ့ဖက်ကကြည့်ပါ

| Wednesday, July 20, 2016
အမှန်တရားကိုပေးဆပ်လိုက်ခြင်းဖြင့်
တနေ့နေ့တချိန်ချိန် အမှန်တရားကကိုယ့်ထံရောက်လာမှာပါ ။

အချစ်တွေကိုပေးဆပ်လိုက်ခြင်းဖြင့်
တနေ့နေ့တချိန်ချိန် အချစ်တွေကိုယ့်ထံပြန်ရောက်လာမှာပါ ။

အမုန်းတွေကိုသာပေးဆပ်ခဲ့ရင်လဲ
အမုန်းတွေက ကိုယ့်ထံကိုပြန်ရောက်လာတတ်ပါတယ် ။

မကောင်းတဲ့အရာတွေကိုသာစဉ်းစားတွေးတောနေမိပြီဆိုရင်တော့
မိမိကိုယ်နဲ့စိတ်ကိုပါ မကောင်းတာတွေလွှမ်းမိုးခြင်းကိုခံရတတ်ပါတယ် ။
အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းများအကြောင်း ကောင်းတာလေးတွေ
စဉ်းစားပြီး ကောင်းတဲ့ဖက်ကတွေးပေးလိုက်ပါ ၊ စိတ်ကိုသက်သာပေါ့ပါးစေပြီး
မိမိကိုယ်တိုင်လဲ ခွင့်လွှတ်နားလည်တတ်လာမည် ။
လူတိုင်းကိုဥပေက္ခာပြုပြီး မနာလိုဝန်တို ရန်လိုနေပါက လူတိုင်းကလဲ မိမိအပေါ်ထိုကဲ့သို့
စိတ်ကိုသာပြန်ပေးပါလိမ့်မည် ။ 
ပတ်ဝန်းကျင်နဲ့လူတွေက မုန်းတည်းခြင်းခံနေတာကိုကောင်းတယ်မထင်မှတ်ပါနဲ့
မိမိကိုယ်ကိုယ်သိမြင်တတ်ပြီး မိမိကိုယ်ကိုယ်ပြုပြင်တတ်ပါစေ ။   ။


 မည်သူ့ကိုမှရည်ရွယ်ခြင်းမရှိပါ။
ရေးသားသူ Jasmine

5 comments:

{ Yoemyaykya } at: July 31, 2016 at 8:16 PM said...

မမစာသားတွေကအမှန်တွေပဲ

{ စံပယ်ချို } at: August 2, 2016 at 5:46 PM said...
This comment has been removed by the author.
{ စံပယ်ချို } at: August 2, 2016 at 5:48 PM said...

ခံစားချက်တွေတိုက်ဆိုင်သွားတယ်ထင်ပါတယ်ကေသီရေ

{ ကိုစိုင်းငယ်(​​တောင်​ကြီး) } at: August 25, 2016 at 5:07 PM said...

{ မောင်သီဟ } at: October 1, 2016 at 7:07 AM said...

မိမိကိုယ်မိမိ ကောင်းအောင်ကြိုးစားပြီးမှ
ပတ်ဝန်းကျင်နဲ့ တခြားသူတွေအတွက် ကောင်းအောင်ကြိုးစားပေးနိုင်မှာကိုးအစ်မရဲ့
ဒါကြောင့် ကျွန်တော်လည်း ကြိုးစားနေပါတယ်ခင်ဗျာ့း)
မောင်ဘကြိုင်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine