အမဲသားသုပ်
-
မာမာဒီနေ့တော့ အမဲသားပြုပ်ကြော် အတွက် အမဲသားပြုပ်ရင်းနဲ့ အမဲသား
နှစ်တုံးဖယ်ထားပြီး အမဲသားသုပ်လေး သုပ်ပါတယ်။
ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကေ...
တနှစ်ပတ်လုံး ခံစားချက်အတို
2
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
ရိုးတိုး ရိတ်တိတ်လေးမျှ ခြေသံမပေးပဲ တိုးတိုး တိတ်တိတ်လေး သူ ခွဲခွါခဲ့တယ် အမှတ်တရနဲ့ သတိရစရာတွေ အပြည့် ရှောင်တိမ်းခွင...
-
အနောက်ခြမ်းကနေ လွမ်းချင်တိုင်းလွမ်းနေရတဲ့ အဖြစ် အသွားမတော်တဲ့လမ်းကို ငါဟာ လူစွမ်းကောင်းဆိုပြီး မျက်စိကိုမှိတ် နားကိုပိတ် ဂျွမ်းပစ်ဝ...
-
ဇော်ဂျီ ပိတောက်ပန်း မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို...
-
တရက်ပြီး တရက် တလပြီး တလ တနှစ်ပြီး တနှစ် မင်းရဲ့ မာယာတွေတိုက်စားလို့ လှိုက်စားလာတဲ့ရင်ဘတ်ထဲ နှလုံးသားလဲ ကင်ဆာဖြစ်ရပြီ ဘာကိုယုံရမလဲ ပုံကာပေးထာ...
-
သူမနဲ့ ကျွန်မ အကြိုက်ခြင်းတွေ တူကြတယ် သူမကလဲ တစ်ဦးတည်းသောသမီးတဲ့ ကျွန်မကလဲ တစ်ဦးတည်းသောသမီးပေါ့ သူမ စာရေးဆရာမ ဂျူးကိုရူးသွပ်တယ်...
-
(တော်တော်တုံးတဲ့ဝံပုလွေ) ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခ...
-
အလွမ်းအဆွေးကဗျာတွေအရေးများခဲ့တယ် တကယ်တော့ ကျွန်မဘ၀က အလွမ်းအဆွေးမရှိခဲ့ပါဘူး။ အချစ်အကြောင်းတွေဖွဲ့လိုက်နွဲ့လိုက်နဲ့ရေးခဲ့တယ် တကယ်တော့ ...
-
အင်တာနက်မှ...ရှာရှာဖွေဖွေ ...
-
မစံပယ်မွေးနေ့ အ မှတ်တရ စံ ပြနေရာထား ရေ လာက်အောင် ပယ် မခံရတဲ့ကိုလွင်ပြင်ရဲ့ ချို မွေးချစ်စရာကောင်းသော သူကလေး ဘလော့က စလို့သိ...