ဝက်လက် ဆီပြန်ဟင်း
-
မာမာဒီနေ့တော့ ဝက်လက်ခုတ်ပြီးသားလေးတွေ ဝယ်လာပြီး အချဉ်ဆီပြန်ဟင်းလေး
ချက်ဖြစ်ပါတယ်။ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး
ချက်ထားတ...
တနှစ်ပတ်လုံး ခံစားချက်အတို
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
Monday, May 16, 2011 နေ့တွင်ဖော်ပြပြီးသားဖြစ်ပါ၍ ဆားချက်ထားပါ ကြောင်းစာဖတ်သူတို့ကိုအသိပေးအပ်ပါသ ည်။ “၀က်နဲ့ယောက်င်္ကျား ဘာခြား...
-
ခါးသက်သက် ၀ီစကီ ရေမရောပဲ ပြင်းရှရှ အရသာ ဘယ်သူသောက်မလဲ အေးမြတဲ့ ကိုကာကိုလာ ရောလိုက်လေ ရေခဲထဲ့ ကောင်းလိုက်တဲ့ အရသာ ပီသတဲ့အချစ်....... ခရစ်...
-
အသက်တွေအိုမင်းလာတော့ အတောင်အလက်တွေစုံပြီပေါ့ ကိုယ့်အထင်ပါ စုံလိုက် မစုံလိုက်နဲ့ ခင်မင်မှု မေတ္တာတရားတွေကိုတော့ အကြွင်းမဲ့ပုံအောခဲ...
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
2012 ကိုပြန်ကြည့်ခြင်းဆိုတဲ့ Tag Post ရေးပေးဖို့ တဂ်လာတဲ့ ပစ်ပစ် (Black Roze) ဒုတိယကတော့ မောင်ဘုန်း (ကောင်းကင်ဖြူ)ဖြစ်ပါတယ်ရှင်အရမ်းကိုေ...
-
သက်သေပြစရာလဲ မရှိခဲ့ဘူး လူ လူချင်းသနားညာတာမှုမရှိ လုပ်ကြံမှုများ ပါးစပ်ဖျားမှာတော့ ပျားရည်အပြည့် ပီပြင်ပုံမရတဲ့ အပြုံးတွေကြားထဲ ငါ ဘယ...
-
ဖြူလွှလွှ စံပယ် တစ်ဆုပ် သူ ယူဆောင်ပေးတယ် တခါတရံ ပန်းနုရောင် မရင့်တရင့် ချယ်ရီတွေနဲ့ တင့်တယ်ခဲ့ဖူးတယ် တော...
-
ဇော်ဂျီ ပိတောက်ပန်း မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို...
-
တနေ့ပြီးတနေ့ အရိုးတွေရင့်လဲ တနေ့ပြီးတနေ့ အသိတွေတိုးမလာ အတ္တ အလံတွေခိုင်မြဲနေဆဲ မာနဆိုတဲ့ အသံ ကျ ယ်လောင်နေဆဲ ဘာကိုမျှလဲ ရင့်ကျက်မှုမ...
-
ပတ်ဝန်းကျင် အတင်း သတင်းလုပ်လိုက်ပါ။ ဘယ်သူတွေ ဘာပဲပြောပြော ကိုယ့် ဖိနပ်ကိုယ်စီး ကိုယ့်လမ်း ကိုယ်လျှေက် ကိုယ့်တရားကိုယ်ရေး ...
2 comments:
ဆုတောင်းလို့ မရတဲ့ အရာတွေနဲ့ ကျင်လည်နေကြတဲ့ ဘ၀တွေ
အိမ်းးး အိမ်းး လာဖတ်သွား လေ၏ ။
Post a Comment