ခေါက်ဆွဲကြော်
-
ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး
ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး
ချိုချိုလေးရတဲ့အတွက် ကြော...
တနှစ်ပတ်လုံး ခံစားချက်အတို
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
ပလီပလာ စကားတွေနဲ့ တီတီ တာတာပြောပြီး မင်းလေး ငါ့ဆီလာခဲ့တယ်။ မရေရာတဲ့လမ်း စမ်းတ၀ါး မလျှောက်ချင်ဘူး မောင့်လက်ကိုတွဲ မောင့်ပခုံးမှာခ...
-
ခိုးကြေင်ခိုးဝှက်ပဲ ကြည့်ကြည့် ခြောင်းမြောင်းပဲ ကြည့်ကြည့် လိပ်ပြာလုံသောဖြစ်ရပ်အတွက် ငါ ဘယ်သူကိုမှမကြောက်ပါ။ ဘ၀ရပ်တည်မှု အများကြီးထဲက မကောင်...
-
ဘ၀ နုနု နဲ့ ဘ၀ ကြမ်းကြမ်း တွေ့နေတဲ့အခါ..... သူက ကြမ်းနေတာလား ကိုယ်ကပဲ ကြမ်းနေတာလား ကိုယ်ကနုနေတာလား သူကပဲနုနေတာလား ကိုယ်တိုင်လဲအ...
-
ကျွန်တော်နေထိုင်ရာ ဂျော်ဂျီယာ မစ္စ ကာရိုလိုင်း ဟု အမည်ရသော အမျိုးသမီးကြီးတစ်ဦးရှိသည်။ မြို...
-
သက်သေပြစရာလဲ မရှိခဲ့ဘူး လူ လူချင်းသနားညာတာမှုမရှိ လုပ်ကြံမှုများ ပါးစပ်ဖျားမှာတော့ ပျားရည်အပြည့် ပီပြင်ပုံမရတဲ့ အပြုံးတွေကြားထဲ ငါ ဘယ...
-
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အတွက်အမှတ်တရ ကဗျာလေးပါရှင် ။ နေ့ရက် လပြောင်း နှစ်တွေဟောင်...
-
မြန်မြန် ဆန်ဆန်လေးပဲ သူရောက်လာခဲ့တယ် တနှစ်နဲ့ တနှစ် မြန်လိုက်တာကွယ် မြို့အ၀င် နေကြာရိုင်း ဒီအချိန်မှာ ၀ါဝါထိန် ချစ်သူတို့ေ...
-
မသေချာတဲ့ လောက ကမ္ဘာကြီးထဲ အသေအချာ မင်းရှိနေဖို့တစ်ကယ်ကို လိုအပ်ခဲ့တာပါ ။ မီးလောင်နေတဲ့ ကမ္ဘာကြီးထဲ မင်နှလုံးသားကိုလဲ နင်းပြီး ငါ အသက်မရှင်...
-
အမြင့်မှာပဲ စံစံ မြေမှာပဲ ခခ သဘာဝကိုက မွေးပျံ့တဲ့ ပန်း *** အမြင့်မှာ စံလို့လဲ မာန်မတက် လေပြေကဆော့လို့လဲ စိတ်မဆိုး ကြွေကျ မြေခ...
2 comments:
ဆုတောင်းလို့ မရတဲ့ အရာတွေနဲ့ ကျင်လည်နေကြတဲ့ ဘ၀တွေ
အိမ်းးး အိမ်းး လာဖတ်သွား လေ၏ ။
Post a Comment