Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အဆုံးသတ်(အနားသတ်)

| Sunday, July 29, 2018
အနေအထားက ပါးလျှပ်လျှပ်လေးမို့
သမုဒယကို အသေသတ်ခံလိုက်ရတာလား
သံယောဇဉ်ကို အနားသတ်ခံလိုက်ရတာလား
တခုခုပဲပေါ့ကွယ် ၊

အဆုံးဆိုတာ မရောက်သရွှေ့တော့
တစ်ဝက်တစ်ပျက်ဆိုတဲ့ စကားကိုပဲသုံးရမလား
တပိုင်းတစ ဆိုတဲ့အသုံးနှုန်းကို သုံးရမလား
အပျက်အပျက်နဲ့  နေလာလိုက်တာ
ငါ့ နှလုံးသား သွေးတွေထွက်နေကိုလဲ
အသိသက်သေ မရှိလေတော့
နှမ်းဖြူးခံလိုက်ရတဲ့ အခြေအနေနဲ့ပဲ
ကျေနပ် နေရတာပါကွယ် ၊

တခါတရံ လွမ်းတဲ့အကြောင်း
အဖန်တရာ မပြောချင်ခဲ့သူပါ
အလွမ်းတွေ ခြွေချ ပြနေတာမဟုတ်ပါပဲ
ကာရံ မလှတဲ့ ကဗျာတချို့ နှလုံးသးထဲက
ကျကျ လာခဲ့တယ်၊

ရေပေါ်အရုပ်ရေးကြသူများ
ကျွဲပါစောင်းတီးကြသူများ
အိပ်ပေါက်နဲ့ ဖားကောက်သူများ
ရှိနေတတ်တယ်၊

ကျွန်မရေပေါ်လဲအရုပ်မရေးခဲ့ဖူးပါ
ကျွန်မစောင်းတီးတဲ့နေရာ ကျွဲတွေရောက်လာတတ်တယ်
အိပ်ပေါက်လဲမရှိသလို ဖားလဲမကောက်ခဲ့ဖူးပါ
သို့ပါသော်လဲ
ပိုးကုန်ပြီး ကျွန်မဘာမှ မတတ်ခဲ့ပါ ၊
နှစ်ချို့ဝိုင်လိုလို ကော်ဖီခါးခါးလိုလိုနဲ့
ကျွန်မရဲ့ အနာဂါတ်တွေ ပျက်ခဲ့ရပြီ ၊

ရှုံးနိမ့်လို့ ရလိုက်တဲ့ ဒဏ်ရာ
အပြန်တရာ နာကျင်လဲ
သန့်စင်တဲ့ ဒဏ်ရာဖြူပဲ ဖြစ်ပါရစေကွယ် ၊

ဘ၀တလျှောက်လုံး
မိုးခေါင်ညတွေ မဖြစ်ချင်ပါ
အဝေးကို သွားပါရစေ
ပြေးနိုင်သလောက်ငါ ပြေးခဲ့တာပဲ
ဘ၀သစ်တခုတွေ့ပြီမို့ ၀မ်းသာလိုက်ရတာ
နောက်မှသိတာ
သံယောဇဉ်အကျဉ်းထောင်ကြီးရဲ့ ၀င်ပေါက်တခုပါလားကွယ် ။

ရေးသားသူ စံပယ်ချို
ရေးသားချိန် September 2014.


1 comments:

{ coralnyo@gmail.com } at: July 29, 2018 at 10:42 PM said...

မိုက်တယ် မာမီအိုမားဆီက ကဗျာကောင်းကောင်းမဖတ်ရတာကြာပြီ အရသာရှိလိုက်တာ...။ ကဗျာငတ်ပြေခဲ့ပါပြီ ကျေးကျူးပါ..။

သင်၏ချွေးမ
မိုးငွေ့

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine