တနှစ်ပတ်လုံး ခံစားချက်အတို
2
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
ကဗျာဆရာမ လို့ အများကပြောရင် ရှက်နေတတ်တဲ့ အမျိုးသမီးတယောက်က ပုံသွင်းခံရတဲ့ ဘ၀ထဲ ကြီးပြင်းခဲ့ရသတဲ့လေ မိုးတွေရွာတဲ့အခါ ခရေပန်းတွေ ...
-
မေမေ နေ့ရက်များစွာ ဒုက္ခဆင်းရဲ ရှောင်ရှားရတဲ့ အစားအသောက် ဆင်ခြင်ရတဲ့ အနေအထိုင် ယုယ ဂရုစိုက်ရတဲ့ ဒီကိုယ်ဝန်ကြီးနဲ့ ဘ၀ကို သတ္တိရှိရှိ ပြုံးပြုံး...
-
***လက်တွေ့ကို ကြောက်လို့*** လက်ဝှေ့နည်းပြဆရာ။ ။ ကဲ...ပထမနေ့ သင်ခန်းစာက ဒီလောက်ပါပဲ။ ဘာမေးစရာ ရှိကြလဲကွ။ သင်တန်းသားတစ်ဦး။ ။...
-
ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာဆိုပြီး မင်ပေးခဲ့တဲ့ မေတ္တာတရားဟာ ခုတော့လဲ တန်ဖိုး အနိမ့်ဆုံးဖြစ်နေတာ မင်းမသိတာလား.....သိရက်နဲ့ အိပ်ချင်ယောင်ဆော...
-
" အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ " " ကညာမွန...
-
လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ ကျွန်မတို့နေတဲ့ တို...
-
***ဖွင့်ဆိုချက်*** မေး ။ ။ အရင်းရှင်စနစ်ဆိုတာဘာလဲ ဖြေ ။ ။ ချမ်းသာမှုကို...
-
နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိရောက်သည့် ပြုပြင်ထိန်းသိမ်းမှု မရှိသေးသဖြင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန်ကြီး ပြီးခဲ့သည့် နှစ်ကဲ့သို့ ရေခန်းဖွယ...
-
အမျိုးသမီးနဲ့ အမျိုးသား အများစုဟာ အသက် ၄၈-၅၀ ဝန်းကျင် ရောက်တဲ့အခါ သူ...
-
ကမ္ဘာပေါ်မှ ထူးဆန်းအံ့သြဖွယ်ကောင်းသော သဘာဝသစ်ပင်များ ထူးထူးဆန်းဆန်း ကိုစိတ်ဝင်စားသော သူငယ်ချင်း များအတွက် အင်တာနက...
