Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
Showing posts with label ရင္ဘတ္ထဲကစာမ်ား. Show all posts
Showing posts with label ရင္ဘတ္ထဲကစာမ်ား. Show all posts

ရင္ဘတ္ထဲကစာစု

2
| Monday, August 17, 2015
ဘ၀မွာ လွဲက်ဖူးပါသလား....
အဲဒီ လှဲကျတုန်းကသင်ဘာလုပ်ခဲ့သလဲ...မှတ်မိသေးလား?
ဘာကြောင့် လှဲကျခဲ့ရတာလဲ....တစ်ယောက်ယောက်ကလုပ်ခဲ့တာလား။

သင့်အား လှဲကျ ပြီး နာကျင်စေသူကိုသင်ခွင့်လွှတ်ပြီး
ကျေးဇူးတင်လိုက်ပါနော် ။
လှဲကျပြီး ရင်သင် ဆက်ထိုင်မနေပါနှင့် ပြန်ထပါ
အခါခါ လှဲကျပါစေ...အခါခါ ပြန်ထဖို့ကြိုးစားပါ ။

မုန်းတီးမှု တွေ ကိုရင်ဘတ်ထဲမသိမ်းပါနှင့်
ပျော်ခဲ့ဖူးသောအကြောင်းအရာတွေကိုထပ်တလဲလဲပြန်တွေးပါ
ခပ်တည်တည်နေတတ်ပါက အဲဒီအကျင့်ကိုတစ်ဖြေးဖြေးချင်းဖြောက်ပြစ်ပါ
သင့်အားနာကျင်စေသူ သင့်အားလှဲကျစေသူ
သင့်အားမလိုမုန်းတီးသူ အားလုံးကိုပြုံးပြပါ(သက်ဝင်သောအပြုံး)

ဘ၀မှာ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝခြင်းသည်
ဘ၀၏ ချမ်းသာမှုအစစ်မဟုတ်ပါ...ဘ၀၏ ချမ်းသာမှု သည်
သင့်ရင်ဘတ်ထဲတွင်သာရှိပြီး..... သင့်နှလုံးသားနှင့်သာသက်ဆိုင်ပါသည်။

ပြဿနာ၊ အခက်အခဲသည် လူတိုင်းအတွက်ဘုရားသခင်ဖန်တီးထားသော
အရာဖြစ်ပါသည် ။ တစ်ဦးတစ်ယောက်အတွက်မဟုတ်ပါ ။
လှဲကျ နေရာမှ အကြိမ်ကြိမ်ပြန်ထနိုင်လျှင်
ဒုက္ခ ဆိုတာသင့်ရဲ့ အခိုင်းအစေ(ကျေးကျွန်)ဖြစ်သွားပါပြီ။

သင်ယိုင်နဲ့နဲ့ ဖြစ်နေချိန်တွင် သင့်ခေါင်းမမော့နိုင်ရင်(သို့မဟုတ်)
သင် ပြန်မမတ်နိုင်လျှင်.... သင်ရာသက်ပန်ထနိုင်တော့မည်မဟုတ်ပါ ။

ဝမ်းနည်းကြေကွဲလွမ်းဆွတ်စရာတွေကြုံပါက
အဆုံးထိကြေကွဲလိုက်ပါ
နောက်ပြီး သင့်ရင်ဘတ်ထဲက( ချက်ချင်းမထုတ်နိုင်တောင် )
တဖြေးဖြေးချင်း ထုတ်လိုက်ပါ ။
နှလုံးသားကိုထိခိုက်မည့် အရာအားလုံး
ရင်ဘတ်ထဲမှာ ဘယ်တော့မှ မသိမ်းမိပါစေနဲ့ ။    ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ။  ။
jasmine
2011 ကရေးခဲ့ဖူးတာလေးပါ. ဖတ်ပြီးတင်ချင်စိတ်ဖြစ်လာတာမို့ပြန်တင်လိုက်တယ်။

ခုတလော ချဉ်ခြင်းတက်ခြင်း

34
| Saturday, October 20, 2012
ခုတလော သတိရခြင်းဆိုတဲ့
ချဉ်ခြင်းတက်မှုတွေများနေတယ်
တောင်ကြီးအိမ်ကိုသတိရတယ်
ပင်စိမ်းသီးထောင်းကိုသတိရတယ်
အိမ်ရှေ့က စိန်ပန်းပြာ ပင်ကိုသတိရတယ်
တောင်ပေါ်ချယ်ရီလမ်းကိုသတိရတယ်
မကြာခဏသွားစားဖြစ်တဲ့
ကောက်ညင်းပေါင်းနဲ့ နှစ်ပြန်ကြော်ကိုလဲ
သတိရတယ် ခလေးဘ၀ကနေခဲ့တဲ့ လမ်းမတော် ၁၃၅ ကိုလဲသတိရတယ်
ရေအေးကွင်း ၀န်ကြီးလမ်းတလျှောက်လုံးသတိရတယ်
သစ်တော ကျောက်တစ်လုံးလမ်းအိမ်ကိုလဲသတိရတယ်
သတိရခြင်းတွေများနေတယ်
နေ့တိုင်း သတိရခြင်းတွေ ချဉ်ခြင်းတတ်နေတယ်
ဒါတွေပဲ ထပ် တလဲလဲ 
ဒီဇင်ဘာညတစ်ည သီချင်းလေးနဲ့ နုတ်ဆက်သွားတဲ့ ကိုခြူး(စောဂျက်ဆင်)ကိုလဲသတိရတယ်
ပူစူး(ဂရေဟမ်)ကိုလဲ တခါတရံ သတိရတယ် ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကဖြစ်ပျက်တွေ
သတိရတယ်  
သတိရနေတာကိုဖွတ်ထားလို့မရ
သိမ်ထားလို့မရ
မိုးကုန်ပြီး ဆောင်းဝင်တော့မယ်
မေမေ တို့ကပြောသား
"အရင်လိုမအေးတော့ပါဘူး သမီးရယ် တောင်တွေကလဲ ကတုံးဖြစ်ကုန်လို့"
ဟုတ်မှာပါ အရင်ကဒီအချိန်ဆိုရင်အေးစပြုနေပြီလေ
ဘ၀ဆိုတဲ့ ၀ဲယက်ထဲ ၀င်လာသမျှ အရာ တွေ သိမ်းကျုံးလက်ခံလိုက်တဲ့
လူတွေများများလာတယ်
ယင်ကောင် မလာ စေချင်ရင်တော့ အညှီမရှိအောင်နေရမယ်
မွေးမြူလေးလုပ်ငန်းရှင်တွေ အသားတိုးအောင်လုပ်ကြတယ်
အမှန်တရားတွေရှာရင်းနဲ့ အရိုးရင့်တဲ့သူတွေလဲရှိပါရဲ့
နဲနဲ လာတယ်
လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ် 
 ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ
တွေးရင်း ရေးရင်းနဲ့ ပဲပုပ်နဲ့ ပင်စိမ်းထောင်းလေး
ချဉ်ခြင်းတက်လာပြန်ရောကွယ် ။

ဒီနေ့ညတော့ ချစ်သူကောက်ပြီးတဲ့ ခရေလေးတွေနဲ့ 
အဲဒီ ချဉ်ခြင်းတတ်ခြင်းအရာအားလုံးကို မေ့အောင်ကြိုးစားရမယ်။


jasmine


မောင့်အတွက် (ရင်ဘတ်ထဲကစာ) (၁)

26
| Friday, January 13, 2012

Friends18.com Orkut Scraps

 ခမ်းခမ်းနားနားလဲမရှိပါဘူး
ဒါပေမယ့် သူ့ရဲ့ ဘ၀ အတော်များများကို 
ရှားရှားပါးပါး ကျွန်မပိုင်ဆိုင်ခဲ့ပါ၏ ။
ဒါကြောင့်လဲ ဒီလိုလေးရေးဖြစ်ခဲ့ရင်လွန်တယ်ဆိုမှာလား
-----------------------------------------------------------------------
စိတ်အားငယ်နေတဲ့    အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
စိတ်ဓါတ်တွေပြိုလှဲပျက်စီးနေတဲ့    အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
တအားဝမ်းနဲကြေကွဲဖြစ်ရတဲ့   အချိန်
ငါ့ရဲ့ နဘေး မင်းရှိနေတယ်
ဒုက္ခအပေါင်း အကြောင်းမရွေးပဲ
ဘ၀ထဲကို တည့်တည့်မတ်မတ်
ဝင်လာချိန်လဲ
ငါ့ရဲ့ နဘေး မင်းရှိတာပဲ
သေမယ် ရှင်မယ် ဘာမှမသိတဲ့    အချိန်
ချိနဲ့နေတဲ့လက်ချောင်းလေးကို
ဆုပ်ကိုင်ထားပြီး
အားပေးစကားဆိုခဲ့တာလဲ မင်းပါပဲ
ဘ၀ရဲ့ အချိန်တိုတိုလေးထဲ
ငြိမ်းချမ်းစွာနေဖို့
တွဲလက်တွေခိုင်မြဲစေဖို့
ငါ့ကို
ခပ်တင်းတင်းဆုပ်ထားတာဟာ 
မင်းရဲ့လက်ပါပဲ
ကြိတ်မှိတ်ခံစားခဲ့ရတဲ့
ဘ၀ခါးသီးမှုတွေလဲ
မင်းကြောင့်ချိုမြနေလေရဲ့ ။

မရပ်မနားလျှောက်လှမ်းနေရတဲ့
လောကခရီး ဝေးဝေးနီးနီး
အပြုံးမပျက် အကြင်နာတိုးဖက်
အတွယ်အတာ  နွယ်ကာယှက်လို့
ဒီ သံသရာတွေ 
အဖန်တစ်ရာတိုင်ချင်နေတာ
ငါပါပဲကွယ်
နူးညံ့တဲ့ မင်းစကား
ဘယ်ခါမှ မခါးဘူး
တစ်ပါးသူ မျက်ရည်နဲ့
အသက်မရှင်ချင်တဲ့   မင်း
တစ်ပါးသူနှလုံးသားနဲ့
အချစ်သီချင်းမဆိုချင်တဲ့   မင်းလေးရေ
ငါ့ အနားကမင်းထွက်မသွားပါနဲ့
ထွက်သွားဖို့လဲ မစဉ်းစားမိပါစေနဲ့နော်
မင်းရဲ့ နောက်ကျောပြင်ကိုတောင်ကြည့်ဖို့
ငါ့   နှလုံးသားကလဲ လုံးဝ လက်မခံပါဘူးကွယ်
မင်းနဲ့ပတ်သက်တဲ့   အိပ်မက်တွေမက်တိုင်း
နိုးသွားမှာလဲစိုးမိတယ်  အိပ်မက်ထဲမှာတောင် 
အတိတ်  ------   ယခုလက်ရှိအချိန်များ
မမြင်ရ မတွေ့ရသေးတဲ့
နောင် အနာဂတ် 
အရာအားလုံးကို မင်းလေးကသာ
ပိုင်ဆိုင်နေတယ်
ရိုးသားစွာ ချစ်ခဲ့ကြတဲ့ တို့နှစ်ယောက်
ဘ၀ ကြမ်းကြမ်းတွေကိုလဲ
အပြုံးမပျက်  ကြိုးစားခဲ့ပြီး
သိပ်ချစ်တဲ့ဆိုတာထက် လေးနက်တဲ့စကား
ဘုရားသခင်ဖန်ဆင်းခဲ့ရင် ငါသာအရင်ဦးဆုံး
ပြောပါရစေလို့  ။


jasmine

Friends18.com Orkut Scraps

***လွမ်းခဲ့ဖူးပါတယ်***

14
| Sunday, June 19, 2011
ငါနိုင်ငံခြားကို ထွက်သွားတော့မယ် ပြောခဲ့တဲ့ အချိန်က နင့်ဆီက အံ့သြစရာကောင်းတဲ့ အပြုံး တစ်ခုတော့ တွေ့လိုက်ရတယ်
အချိန်ခဏတာအတွင်း တိတ်ဆိတ်သွားခဲ့ပြီး "နင်ကငါ့ကို အသိလာပေးတာပဲ..တိုင်ပင်တာမှ မဟုတ်တာ ဒီအတွက် ငါကလဲ ဘာမှပြောစရာ မရှိဘူးလေ" ခုနက အပြုံးကတော့ရှိနေဆဲပါပဲ....ငါကလဲ ပြန်ပြီးတော့ ပြုံးပြ ခဲ့ပါတယ်၊
ဒါပေမယ့် ငါ့အပြုံးထဲမှာ ဘာမှမပါတာ ငါအသိဆုံးပဲ။(ပြုံးပြသူကို အားနားပြီးပြန်ပြုံးပြရသော အပြုံး)
သံယောဇဉ်....ကြင်နာရိပ်....တမ်းတ...လွမ်းရ....တာတွေအားလုံးဘာမှမရှိဘူးလေ...
ချစ်သူတွေမှ မဟုတ်တာ. သို့ပေသော်လဲ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအားလုံးက တို့ ၂ ယောက်ကိုချစ်သူတွေလို့ သတ်မှတ်ထားကြတယ်။  ကျူရှင် တူတူသွားတယ် ကော်ဖီ တူတူသောက်တယ် ရှမ်းခေါက်ဆွဲ တူတူစားခဲ့ဖူးတယ်။
ဒါတွေက ချစ်သူတွေပဲလုပ်ရမယ်လို့ နိုင်ငံတကာ ဥပဒေရှိခဲ့လို့လား။
ဥပဒေရှိမှ စည်းတွေရှိမှာလေ....ခုတော့ဘာစည်းမှ မရှိဘူးပေါ့။   နင့်ကိုလဲ ချီးကျူးတယ်...ကိုယ့်ကိုကိုယ်လဲ ချီးကျူးတယ်
ဒီအသက် ဒီအရွယ် နှစ်ပေါင်းများစွာ ဖြူစင်နေခဲ့လို့ပါ၊ တစ်ဦးတည်းသော သမီးနဲ့ တစ်ဦးတည်းသော သား ဖြစ်ခဲ့ကြတာပဲ
ဘာတာဝန်မှမရှိခဲ့သလို မိဘတွေကလဲ ဘာတာဝန်မှ မပေးခဲ့ပါ. ပညာကိုသာကောင်းစွာသင်ခဲ့ရတာ
တို့ ၂ ယောက်ရဲ့ ဘုရားပေးသော ကံကောင်းခြင်းတစ်ခုပါပဲလေ။ ငါနိုင်ငံခြားကို ထွက်လာပြီး နင်လဲကျောင်းဆက်မတက်တော့ဘူး..
ကိုယ်ပိုင်စီးပွါးရေးလုပ်တယ်လို့ကြားရတယ် ၊  ငါနိုင်ငံခြားမှာ ၆ နှစ်လောက်ကြာပြီး တစ်ခါပြန်ရောက်တော့
ချက်ချင်းလာတွေ့တာ နင်ပါပဲ ၊ ပြီးတော့ ကော်ဖီတူတူ သွားသောက်ဖြစ်တယ်....
                    "တစ်ယောက်တည်းလား"   မထင်မှတ်တဲ့အချိန် အံ့သြဖို့ကောင်းတဲ့မေးခွန်း ငါ့ရင်ဘတ်ထဲမှာ တစ်မျိုးကြီးတော့ ဖြစ်သွားခဲ့တယ်
တစ်ကယ်ကိုမှ တစ်မျိုးကြီးပဲ ၊  ဘာအဓိပ္ပါယ်မှန်းလဲ သေသေချာချာ မသိတော့ဘာကိုဖြေရမလဲ စဉ်းစားဆဲမှာ
               "တစ်ယောက်တည်းလား"    ဒုတိယ အကြိမ်မြောက်မေးခွန်း
       ခေါင်းညိတ် ရင်း " အေးပေါ့ တစ်ယောက်တည်းပဲ"  နင့်မျက်နှာ နဲနဲတော့ ပြောင်းသွားသလိုပါပဲ...ခဏလေးပါ..
ပြီးတော့ နဂိုအတိုင်းပဲ ၊ ထူးဆန်းတာ တစ်ခုရှိသေးတယ်နော်...နင်က အထက်တန်းကျောင်းသားဘ၀ ကတဲကရီးစားတွေ
အများကြီး ရှိနေခဲ့တာ..ဘယ်နှစ်ယောက်မှန်းတောင်မရည်တွက်နိုင်တော့ဘူး ၊ ရီးစားတစ်ယောက်ကိုလဲ ၃-၄ လ ထက်ပိုမတွဲ....(ချစ်သူမှ မဟုတ်တာတဲ့)
ချစ်သူဆိုတာ  မရှိခဲ့ပါဖူးဘူးတဲ့ ၊ ကောင်မလေးက အရင်ဖြတ်ခဲ့တုန်းကလဲ နင်ကတော့ ပြုံးပြုံးပါပဲ ၊ အသည်းကွဲတာတွေဘာညာ သရကာတွေ မဖြစ်ဘူးနော် ။ ငါကတော့ခုချိန်ထိ ရီစားဆိုတာ ဘာမှန်းမသိသေးပါ ။ ရင်ဘတ်ထဲကနေ နှစ်နှစ်ကာကာ
ချစ်ဖို့ကောင်းတာလဲ မမြင်သေးဘူးလေ ၊ နင်မေးတဲ့ ( တစ်ယောက်တည်းလား )ဆိုတာ အဲဒီဟာကိုမေးတာထင်ပါရဲ့
ဒါက ကိုယ့်အတွေးနဲ့ ကိုယ်လေ ။...
       တစ်ရက်တော့ မရောက်တာကြာခဲ့တဲ့ လွမ်းစေတီ ၊ ရပ်တော်မူ ၊ အိမ်တော် ၊ မြစိမ်းတောင် ၊ တစ်နေ့ကို တစ်နေရာ
နင်က ငါ့ကိုနေ့တိုင်း လိုလို လိုက်ပို့နေတာပါ ၊ အရင်လိုစကားတွေအများကြီးတော့ မပြောဖြစ်ဘူးနော်
မေးတစ်ခွန်း ဖြေတစ်ခွန်းလောက်ပါပဲ....မိုးရွာတဲ့နေ့တွေဆို အိမ်မှာပဲ မုန့်တစ်ခုခု လုပ်စားဖြစ်သည်။
 တစ်ရက်တော့ မမျော်လင့်သော စကားကိုနင်ပြောတယ်နော်    "နိုင်ငံခြား ကိုပြန်မထွက်ပါနဲ့လား"
မကြားလိုက်တာလား....မထင်မှတ်ထားတာလား...ကိုယ်တိုင်ဝေခွဲမရ တဲ့အဆုံး
" ဘာပြောတာလဲ"  ကျွန်မ သူ့ကိုမေးမိပါတယ် ၊
"နင်မကြားဘူးလား"  သူကလဲ ပြန်မေးတယ် ၊ သူကိုငေးမောကြည့်နေမိတာပါပဲ ...ချက်ခြင်း ဆိုသလိုပဲ
သူစကားပြောပါပြီ  ။ 
"ဘာမှ မဟုတ်ပါဘူး နင်ဘယ်တော့ပြန်ထွက်မလဲ မေးတာပါ..ငါမအားတဲ့ရက်ဖြစ်နေမှာစိုးလို့
နင့်ကို ရန်ကုန်ထိ လိုက်ပို့ပေးမလို့စဉ်းစားထားလို့ပါ" တဲ့
ဘာဖြစ်လို့ ဒီအချိန်ထိအောင် ကိုယ့်ကိုကိုယ် လိမ်ညာနေတာလဲဆိုတာ ကျွန်မ သူ့ကိုမမေးတော့ပါဘူး
ဒီနေ့ထိလဲ မမေးခဲ့ပါဘူး သူလဲခုချိန်ထိအောင် အရင်တိုင်းပါပဲ..ဘာမှမပြောင်းလဲသလို
ကျွန်မလဲ လက်ရှိနေထိုင်ရာ တိုင်းပြည်မှာ ဘာမှမပြောင်းလဲပါဘူး...
ခုဆိုမိုးတွေ အရမ်းကိုရွာနေပါတယ်...စံပယ်တွေလဲ ဖွေးဖွေးဖြူအောင်ကိုပွင့် နေပါပြီ
သူကို အလုပ်အားတိုင်းလွမ်းနေမိတာကိုလဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်သလို
သူကိုလဲ မပြောပါ ။ သူဖုန်းဆက်တိုင်းလဲ နေကောင်းလား...ကျန်မာရေးကိုဂရုစိုက်ပါ..
ဒါပါပဲ....ကျွန်မတို့ နှစ်ယောက်ကြားမှာ တစ်ခုခုတော့လိုအပ်နေပါတယ်
အဲတာ ကျွန်မ မသိသလို သူလဲသိပုံမရပါ။။။။။
                                        အချိန်တွေကြာခဲ့တော့လဲ ကျွန်မ ဘာမှမသိချင်တော့ပါ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်............................. jasmine
(ရင်တွင်းအလွမ်း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine