Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
Showing posts with label ခံစားချက် ကဗျာ. Show all posts
Showing posts with label ခံစားချက် ကဗျာ. Show all posts

အတွေ့အကြုံပြည့်ဝနေတဲ့ အလွမ်း( Blog day အမှတ်တရ )

5
| Saturday, August 18, 2018
အခါခါလောင်ကျွမ်းလှဲကျခဲ့ဖူးသူတယောက်မို့
ကယောင်ကတမ်းဖြစ်ဖို့မရှိတော့ပါဘူး။

ကြယ်ကြွေညတွေကိုလဲ ရိုးအီနေသူတယောက်မို့
ရူးသွပ်ဖို့မလိုတော့ပါဘူး ဒါပေမဲ့လရောင်အောက်က
စံပယ်ပွင့်တွေကိုခပ်စောစောကပဲ ခူးဆွတ်မိသေးတယ်။

ပေါက်ကရတမ်းချင်းမျိုးစုံနဲ့
ကမောက်ကမကြိုးခုန်ကမဲ့အရွယ်လဲမဟုတ်တော့ပါဘူး
ရင့်ကျက်မှုမရှိသေးတာတော့ဝန်ခံပါရစေ။

လွမ်းတတ်သေးရဲ့လားဆိုတဲ့မေးခွန်းကိုတော့
၁၂လရာသီလုံး လွမ်းတဲ့အကြောင်းပြောချင်နေမိသူတယောက်ပါ။

ဘ၀လမ်းပေါ်က အပြေးသမားတယောက်အဖို့
လက်ပန်းကျနေပေမဲ့လဲ
ပင်ပန်းမှုတွေခေါက်သိမ်းလို့မရသလို
ကျွန်မရဲ့ပင်ပန်းမှုတွေ လက်ပန်းကျမှုတွေ
အချိန်တိုင်းလတ်ဆတ်နေတယ်။

နီးရက်နဲ့လဲလွမ်းရသလို ဝေးနေတော့လဲလွမ်းတတ်ပါသေးတယ်
သံသရာဟိုဖက် ဘယ်သူမြင်မလဲ အဖန်တရာတိုင်လွမ်းနေတာ။



တီတင့်နဲ့မိုးညတို့ပြောတာနဲ့  Draft လေးကိုနဲနဲပြင်ပြီးတင်လိုက်ရတာမို့ အမှားပါခဲ့လျှင်ခွင့်လွတ်ပါရှင်။

အားလုံးကိုချစ်ခင်လေးစားသူ    စံပယ်ချို



တနှစ်ပတ်လုံး ခံစားချက်အတို

2
| Saturday, December 2, 2017

တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....

တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။

နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။ 

ဘယ်နေရာမှာ  ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့် 
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။

တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ် 
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ 
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။ 

ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017



သက်တန့်ကို တမ်းတနေသူ

1
| Sunday, September 10, 2017
သူပြောတဲ့စကားနဲ့ ကိုယ်ပြောတဲ့စကား
အမြဲတမ်း ရင်ဘတ်ထဲ တိုက်ရိုက်အချိုးနဲ့ဝင်ပါတယ်
ရိုးရိုးလေးတွေ့ခဲ့ဖူးတဲ့ ဒို့ ၂ယောက်အကြောင်း
ပုံပြင်လဲမဟုတ် ဘာမှလဲမဟုတ်
နှလုံးသားထင်မြင်ချက်ပေးလို့မရခဲ့ဘူး
ရာသီအဆက်ဆက် ရင်ခွင်ဝေးခဲ့လဲ 
အနေမအေးခဲ့ဘူး
ရောက်ရာအရပ်မှာတော့
ရာသီအေးခဲ့တယ် ။

ဒီနေရာကိုရောက်လာတော့
ပုံတိုပတ်စ ပြောတတ်တဲ့သူ တယောက်မှမရှိတာ
အံ့သြစရာမရှိပါ 
သူတို့ဘ၀မှာ ပုံတိုပတ်စတွေအကြောင်းမကြားခဲ့ဖူးလို့ပါ ။

အရှေ့တိုင်းကိုခိုးခိုးပြီးပြီးလွမ်းနေရတဲ့ သူ
တောင်တန်းတွေကိုကြိတ်ပိုးနေရတဲ့သူ
ကြယ်တွေကိုတိတ်တခိုးရေတွက်နေတတ်သူ
 ချစ်သူနှလုံးသားကိုခြုံရင်အစစအရာရာလုံတယ်ထင်ခဲ့မိတာ ခုတော့သိပြီ မှားနေတယ်ဆိုတာ ။

လမ်းဆုံးလို့စာရေးထားတယ် ငါကိုယ်တိုင်အတင်းတိုးဝင်ခဲ့တာ
ပေါ့ပေါ့ ပါးပါး နေတတ်တဲ့ကိုယ်က နေရာတကာမှာပင်ပန်းနေရတယ်
အလိုက်သိတတ်မှုမရှိတဲ့ပတ်ဝန်းကျင်ထဲ ကိုယ်တယောက်တည်း
မောနေရတယ်
တက်ကြွမှုတွေနဲ့ကြီးပြင်းလာတော့လဲ တိတ်ဆိတ်ခြင်း ကိုမုန်းတည်းလာမိတယ် ။

မှတ်တမ်းရေးတယ်ဆိုတာ လွမ်းတဲ့အကြောင်းပါမယ်
စိတ်ဆိုးတဲ့အကြောင်းပါမယ်
ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေပါမယ်
ချစ်တဲ့အကြောင်းတွေပါသလို
မုန်းတဲ့အကြောင်းလဲပါမှာပဲ
အကြောင်းအရာစုံလင်မှုတွေနဲ့ မှတ်တမ်း
ကျွန်မ မှာသိမ်းစရာနေရာမရှိပါ
ထို့ကြောင့် ကျွန်မ မှတ်တမ်းမရေးတော့ပါ 

တကယ်တန်း ကျွန်မမြင်နေရတဲ့ သက်တန့်ကို
လက်နဲ့ကိုင်ကြည့်ချင်သူပါ ။

ရေးသားသူ
Jasmine 
ရေးသားပြီးချိန်
September 9 - 2017









ရင်ထိအောင်လွမ်း

3
| Tuesday, August 1, 2017
ဥတုရဲ့ ဒါဏ်ကြောင့်
ကျွန်မချစ်တဲ့သစ်ပင်လေးတွေ
အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ်
တခါက ထားတဲ့ဖူးတဲ့
အချစ် စစ်စစ်အတွက်
အလွမ်း ရိုင်းရိုင်းတွေ
ရင်ဘတ်ထဲ ခုန်ဝင်လာခဲ့ပြီ
ရှောင်လို့မရတဲ့အဆုံး
သစ်ရွက်လေးတွေကို နင်းခြေခဲ့ရပြီ
ရင်ဘတ်ထဲက အလွမ်းကိုလဲ
နင်းခြေလို့ ရခဲ့ရင် ?
တဦးယောက်က စွန့်ပြစ်သွားလို့
တယောက်ထဲ ကျန်နေတဲ့အချိန်
ခပ်စောစော နေ၀င် မိုးချုပ်တဲ့ ကာလမှာ
လရောင်ကိုလွမ်းတတ်တဲ့ စိတ်လေးနှလုံးထဲ ကိန်းအောင်းလာခဲ့ပြီ
အချစ်က သူ့ အတွက်နူပျိုစေပြီ
ကိုယ့်အတွက် အိုမင်းစေခဲ့တာလားကွယ်
အဆိပ်သင့်စေတဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ သိမ်းထားခဲ့မိပြီ
နွေးနွေးထွေးထွေးမရှိခဲ့တဲ့အပြင်
သူက ဦးအောင်ထွက်ပြေးသွားခဲ့တယ်
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ဝင်လာတုန်းက သိသိသာသာ
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
jasmine
၂၀၁၃ တင်ဖူးတဲ့အဟောင်းကိုတချို့စာသားတွေပြောင်းပြီး ပြန်တင်လိုက်ပါတယ်။

ကံဆိုးခြင်းနယ်နမိတ်အတွင်း

3
| Friday, March 24, 2017
စံပယ်ရေ
တခုခုရေးပါလားတဲ့
ကဗျာဆိုပြီးဖတ်တတ်စအရွယ်ကတဲက
ကဗျာတွေကိုရေးတတ်ချင်ခဲ့တာ
ဖတ်ချင်နေခဲ့တာ
အဲတာတွေဟာ လက်တွေ့ဘ၀မှာ အမှားတခုဖြစ်ခဲ့ရပြီ။

အိမ်မက်တွေလှဖို့ချစ်သူကဆုတောင်းပေးခဲ့ဖူးတယ်
လက်တွေ့ဘ၀မှာ အိမ်မက်ကလှဖို့မလိုဘူး
ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘ၀ပဲ လှဖို့လိုတယ်ဆိုတာ
အသိနောက်ကျနေပြီလား။

 ဒဏ်ရာတွေအများကြီးနဲ့ ဘ၀ကိုဖြတ်သန်းရမယ်ဆိုရင်
အဖြူရောင် ဒဏ်ရာများသာဖြစ်ချင်သူပါ
အပြုံးတွေဝေနေချင်သူဖြစ်ပြီးအမုန်းတွေကို စွန့်ပစ်ချင်သူတယောက်မို့
စည်းကမ်းတွေတင်းကျပ်မှုဘောင်ထဲ (သို့မဟုတ်) သေးသေးလေးကအစ
ကြည့်တတ်မြင်တတ်ဝေဖန်တတ်ရင် ကျွန်မနဲ့အဆင်ပြေမယ်မထင်ပါ။

အေးစက်စက်အပြုံး
အေးစက်စက်လက်အစုံ
အေးစက်စက်အကြည့် ခံစားရတာ များလာတော့
ကော်ဖီဆိုရင် ခပ်ပူပူလေးပဲသောက်ချင်မိတော့တယ်။

ဖိအားတွေ အားသာလွန်းလို့ အရပ်ဒေသတခုမှာ
အောင်မြင်မှုကခေါင်းပြူဖို့ဆိုတာ လွယ်ကူသည့်အရာမဟုတ်ကြောင်း
အသိနောက်ကျပြီလား?
ဆိုင်းသံ ဘုံသံတွေဆင့်ပြီးရောက်လာခဲ့တာမဟုတ်သလို
သဲဖြူခင်း ရာဇမတ်လဲ မကာထားတဲ့ခရီး
နှစ်ပါးသွားအကနဲ့ ဇာတ်ထွက်လာရသူမှာ
ဇာတ်ကမလှ အကလဲမတတ်
ကံကောင်းပါတယ်ဆိုလို့
ခပ်ရဲရဲပဲ ဆူးပုံကိုနင်းချလိုက်တာ 
ကိုယ့်ခြေတောက်မှာ သွေးချင်းနီနီ။

အတ္တနဲ့မာနအပြိုင်လက်ဝယ်ထားသူများ
ကျွန်မလက်ကို လာမတွဲပါနဲ့
စေတနာပါတဲ့
ပြောတော့ချိုချို ရင်ဝယ်ခါးခါး 
ကျွန်မပဲ မှားနေသလား
ဘောင်ခတ်ထားတဲ့ ပတ်ဝန်းကျင်ကြား
ကျွန်မကတော့ နှလုံးသာ တခြမ်းပဲ့
ဒဏ်ရာတွေအပြည့်။

၆လလောက်ကြာအောင်ရေးခဲ့ရတဲ့ ကဗျာ လို့ပဲပြောရမယ်ထင်တာပဲ။

Jasmine






မောင့်အတွက် (ရင်ဘတ်ထဲကစာ) (၁)

1
| Saturday, May 7, 2016


 ခမ်းခမ်းနားနားလဲမရှိပါဘူး
ဒါပေမယ့် သူ့ရဲ့ ဘ၀ အတော်များများကို 
ရှားရှားပါးပါး ကျွန်မပိုင်ဆိုင်ခဲ့ပါ၏
ဒါကြောင့်လဲ ဒီလိုလေးရေးဖြစ်ခဲ့တာပါ ။
-----------------------------------------------------------------------
စိတ်အားငယ်နေတဲ့    အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
စိတ်ဓါတ်တွေပြိုလှဲပျက်စီးနေတဲ့    အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
တအားဝမ်းနဲကြေကွဲဖြစ်ရတဲ့   အချိန်
ငါ့ရဲ့ နဘေး မင်းရှိနေတယ်
ဒုက္ခအပေါင်း အကြောင်းမရွေးပဲ
ဘ၀ထဲကို တည့်တည့်မတ်မတ်
ဝင်လာချိန်လဲ
ငါ့ရဲ့ နဘေး မင်းရှိတာပဲ
သေမယ် ရှင်မယ် ဘာမှမသိတဲ့    အချိန်
ချိနဲ့နေတဲ့လက်ချောင်းလေးကို
ဆုပ်ကိုင်ထားပြီး
အားပေးစကားဆိုခဲ့တာလဲ မင်းပါပဲ
ဘ၀ရဲ့ အချိန်တိုတိုလေးထဲ
ငြိမ်းချမ်းစွာနေဖို့
တွဲလက်တွေခိုင်မြဲစေဖို့
ငါ့ကို
ခပ်တင်းတင်းဆုပ်ထားတာဟာ  မင်းရဲ့လက်ပါပဲ
ကြိတ်မှိတ်ခံစားခဲ့ရတဲ့
ဘ၀ခါးသီးမှုတွေလဲ
မင်းကြောင့်ချိုမြနေလေရဲ့ ။

မရပ်မနားလျှောက်လှမ်းနေရတဲ့
လောကခရီး ဝေးဝေးနီးနီး
အပြုံးမပျက် အကြင်နာတိုးဖက်
အတွယ်အတာ  နွယ်ကာယှက်လို့
ဒီ သံသရာတွေ  အဖန်တစ်ရာတိုင်ချင်နေတာ
ငါပါပဲကွယ်
နူးညံ့တဲ့ မင်းစကား
ဘယ်ခါမှ မခါးဘူး
တစ်ပါးသူ မျက်ရည်နဲ့
အသက်မရှင်ချင်တဲ့   မင်း
တစ်ပါးသူနှလုံးသားနဲ့
အချစ်သီချင်းမဆိုချင်တဲ့   မင်းလေးရေ
ငါ့ အနားကမင်းထွက်မသွားပါနဲ့
ထွက်သွားဖို့လဲ မစဉ်းစားမိပါစေနဲ့နော်
မင်းရဲ့ နောက်ကျောပြင်ကိုတောင်ကြည့်ဖို့
ငါ့   နှလုံးသားကလဲ လုံးဝ လက်မခံပါဘူးကွယ်
မင်းနဲ့ပတ်သက်တဲ့   အိပ်မက်တွေမက်တိုင်း
နိုးသွားမှာလဲစိုးမိတယ်  အိပ်မက်ထဲမှာတောင် 
အတိတ်  ------   ယခုလက်ရှိအချိန်များ မမြင်ရ မတွေ့ရသေးတဲ့
နောင် အနာဂတ် 
အရာအားလုံးကို မင်းလေးကသာ
ပိုင်ဆိုင်နေတယ်
ရိုးသားစွာ ချစ်ခဲ့ကြတဲ့ တို့နှစ်ယောက်
ဘ၀ ကြမ်းကြမ်းတွေကိုလဲ
အပြုံးမပျက်  ကြိုးစားခဲ့ပြီး
သိပ်ချစ်တဲ့ဆိုတာထက် လေးနက်တဲ့စကား
ဘုရားသခင်ဖန်ဆင်းခဲ့ရင် ငါသာအရင်ဦးဆုံး
ပြောပါရစေလို့  ။


jasmine

ခံစားချက် ကဗျာ

5
| Saturday, March 5, 2016
အနောက်ခြမ်းကနေ လွမ်းချင်တိုင်းလွမ်းနေရတဲ့ အဖြစ်
အသွားမတော်တဲ့လမ်းကို
ငါဟာ လူစွမ်းကောင်းဆိုပြီး
မျက်စိကိုမှိတ် နားကိုပိတ်
ဂျွမ်းပစ်ဝင်လိုက်တာ ။

အမေရိကန်ကော်ဖီ ငါ့အတွက်ရင်ခုန်စရာမရှိတော့ဘူး
Pizza Burger and Donuts ကိုနာမည်တောင်မကြားချင်လောက်အောင် 
ငါမုန်းနေမိတာ နင်သိရဲ့လား ။

အချိန်ကြာလေ ငါ့အတွက်
သွားစရာတွေ ရှားလာတယ်
ပြောစရာတွေ များလာတယ်
စားစရာတွေ လျော့လာတယ်
ချစ်ချင်းတရားတွေ ပေါ့လာတယ် ။

ငါ့လက်ထဲမှာ ဗလာ
ငါ့ရင်ဘတ်ထဲမှာ သံတယ 
နဲနဲလေးသာကျန်ပြီး
အရောင်မှိန်နေတဲ့ မျော်လင့်ချက်နဲ့
အသက်ကို တဖြေးဖြေးရှုရင်း
ဟိုးအဝေးကလမ်း  ။


ရေးသားသူ Jasmine






ပေါက်ကရ ယောင်တိယောင်ချာ ***အချစ်***

4
| Friday, June 12, 2015


အချစ်တစ်ခု အရင်းပြု ရင်
နှလုံးသားတော့ လိုမယ်ထင်
အသဲနှလုံးတွေ စုတ်ပြတ်သွားအောင်ပူတဲ့နွေကို
သိသိသာသာရောက်လာပြီကွယ်...
ဒီအချိန်ဆိုလွမ်းတာ...ဒီအချိန်ဆိုပြန်သတိရတာ
မဟုတ်ပဲ.....အချိန်တိုင်းကို လွမ်းနေတာပါ....
ယုံဖို့ မယုံဖို့ဆိုတာ မင်းကိစ္စ.....
မင်းသိအောင်ရေးပြဖို့က ကိုယ့်ကိစ္စ
ဟုတ်တယ်ဟုတ်....
မဟုတ်လို့မှ မရတာ...
ကိုယ်ကရေးနေပြီလေ.....
မင်းကိုလွမ်းတာ......ရင်ထဲ ကမ္ဘာပျက်သလိုပဲ...
ပန်းအနား လိပ်ပြာရှိသလို
ရေထဲ မှာငါး ရှိသလို
 မင်းလေး ငါ့အနားအမြဲရှိပါစေသား။
 
အမှန်တကယ် ပေါက်ကရ ကဗျာစစ်စစ်ဖြစ်ပါတယ် ၂၀၁၁ကရေးခဲ့တဲ့ ကဗျာဟောင်းလေးကို
ပြန်လည်ခံစားခြင်းမျှသာ။
 
jasmine

အိပ်ခွင့်မရတဲ့ မြို့

3
| Saturday, December 13, 2014
စနိုးကြမ်းကြမ်းကြီးတွေက တစိမ့်စိမ့်ကျနေလေရဲ့
မမြင်ရတဲ့ မနက်ဖြန်အတွက်ခြေလှမ်းတွေကို
ရမ်းသမ်းလျှောက်လှမ်းရင်း
ရင်ဘတ်ထဲမျော်လင့်ချက်လေးတွေ တလိမ့်လိမ့် စီးဆင်းလာလေရဲ့ကွယ်။
ဘ၀တွေကဒီလိုပဲခက်ခဲနေကြတာပါ
မိုက်မိုက်မဲမဲတော့ မဆုံးဖြတ်သင့်ဘူး
ကံဇာတ်ဆရာရဲ့ အကြိုက်တော့ လိုက်ကရမယ်ထင်တယ်။

ခုရက်တွေ ကောင်းကင်က ပိုပြီးမှောင်မိုက်လာတယ်
အအေးဒါဏ်က ပိုပြီးတုန်ခိုက်လာတယ်
လေတိုက်ခတ်မှုတွေပိုလာတယ်
အစောကြီးမိုးချုပ်လာတယ်
မြူလိုလို နှင်းလိုလို အကျပိုလာတယ်
အချိန်မတော်လန့်ဖြန့်ပြီး အိပ်ယာက နိုးနိုးလာတတ်တယ်။

အလင်းရောင်တွေ အားမကောင်းဘူး
မျော်လင့်ချက်တွေ အရောင်မှိန်တယ်
အပြုံးတွေ အားမကောင်းဘူး
မျက်နှာဖုန်းအုပ်ထားတဲ့သူတွေ ပိုပြီးအောင်မြင်လာတယ်
မာယာနှလုံးသားရှိတဲ့သူတွေ အင်အားကောင်းလာတယ်
 ဗြမဟ္မာစိုရ်တရား  သူ့တို့ရင်ဘတ်ထဲ ထဲ့မထားသူတွေများလာတယ်
အတွေးတွေ ချချရေးဖြစ်ပေမဲ့လဲ
အရေးအသားက မကောင်းတာများနေပြီ
ဖေးမမည့်သူ မျော်လင့်နေလဲ သူတို့ရဲ့ စိတ်ထဲ ကိုယ်ရှိမနေခဲ့
သိခဲ့ပြီ     သိနေတယ်   သိရအုန်းမယ်ထင်ပါတယ်
မျော်လင့်ခဲ့ဖူးတယ်  မျော်လင့်နေတယ်   မျော်လင့်နေအုန်းမယ်ကွယ်
ကံကောင်းခြင်း လက်ဆောင်တချို့အတွက်ပေါ့ ။
သေချာတာ တခုအဖြေရနေပြီ
ငါနေတဲ့မြို့မိုးချုပ်နေသော်လဲ
ငါ့ မျက်လုံးတွေ မှေးစက်ခွင့်မရတာကြခဲ့ပြီ ။  ။
 
jasmine
 









Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine