Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်ခြင်းများစွာနဲ့ ဤ ကမ္ဘာမြေ လှပပါစေ

| Wednesday, February 6, 2019


ငါ့ အတွေးထဲက
 ရှိစု မဲ့စု စကားလုံးတွေ အားလုံး
 ရေးချ ပြီး ကဗျာလုပ်တော့ 
ကာရံတွေကျဲလာတယ် 
ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် 
အလင်းရောင်တွေ ပျောက် ပျောက်လာတယ်
 အဲဒီကနေ 
 ဘ၀မှာဆုံးရှုံးမှုတွေ ကြီးထွားလာတယ်လို့ထင်မိတယ်
 မခေါ်ပဲ ရောက် ရောက်လာတတ်သူတွေထဲ
 သံယောဇဉ်ဆိုတာလဲပါရဲ့ 
မနှင်ပဲ ထွက်သွားတတ်သူထဲ
 အချစ်ဆိုတာလဲပါလေရဲ့ 
အသစ်ကိုမြင်တဲ့အခါ 
ဘယ်လိုစကားလုံးတွေနဲ့မှ
 ထိန်းချုပ် လို့မရတာကတော့ 
သစ္စာပျက်ခြင်းပါပဲ 
ကိုယ်ပေးခဲ့တဲ့အရာအတွက်
 ပြန်ရတဲ့အရာ နှစ်ခုကို
 တိုင်းဆပြီး 
အမြဲ နှိုင်းယဉ်နေမယ်ဆိုရင်တော့ 
မပေးခင် စဉ်းစားဖို့လိုအပ်တယ်
 ပေးသလောက်ပြန်ရချင်ပြီဆိုရင်
 အဲတာ လောဘဖြစ်သွားလေရဲ့ 
မင်း တို့တွေးထင်နေသလို 
မာနတွေငါ့မှာရှိမနေဘူး 
အာဃာတတွေလဲ လုံး၀ မထားဘူး
 ရင်ဘတ်ကိုလဲ 
အရှုပ်မခံနိုင်လို့ 
ငါ အမြဲ ငါ့ ရင်ဘတ်ဘတ်ကို
 ရှင်းအောင်ထားနေတယ်လေ
 အမြင်မတူတဲ့ 
ဘ၀များအတွက်
 ချိုသောအရာတွေ
 ခါး ခါးလာတာ 
အပြစ်မရှိဘူးကွယ်
 ဥပေက္ခာ အမုန်းတွေကျော်လွန်ပြီးခဲ့ရင်
 ရင်ဘတ်ထဲ နှလုံးသား နွေးမြမြလေးနဲ့
 ကမ္ဘာပေါ်က ပန်းများအားလုံး
 လန်းဆန်းလှပလို့နေအောင်
 မင်းရော ငါ ပါ အတူလက်တွဲပြီး ကြိုးစားကြရအောင် ။
 jasmine Thu, Oct 18, 2012, ကရေးသားခဲ့သောကဗျာ

ငါ႔ အေတြးထဲက
ရွိစု မဲ႔စု စကားလုံးေတြ အားလုံး
ေရးခ် ျပီး ကဗ်ာလုပ္ေတာ႔
ကာရံေတြက်ဲလာတယ္
ေကာင္းကင္ၾကီးအျမဲေမွာင္မဲေနတယ္
အလင္းေရာင္ေတြ ေပ်ာက္ ေပ်ာက္လာတယ္
အဲဒီကေန 
ဘ၀မွာဆုံးရႈံးမႈေတြ
ၾကီးထြားလာတယ္လုိ႔ထင္မိတယ္
မေခၚပဲ ေရာက္ ေရာက္လာတတ္သူေတြထဲ
သံေယာဇဥ္ဆုိတာလဲပါရဲ့
မႏွင္ပဲ ထြက္သြားတတ္သူထဲ
အခ်စ္ဆုိတာလဲပါေလရ့ဲ
အသစ္ကုိျမင္တဲ႔အခါ
ဘယ္လုိစကားလုံးေတြနဲ႔မွ
ထိန္းခ်ဳပ္ လုိ႔မရတာကေတာ႔
သစၥာပ်က္ျခင္းပါပဲ
ကုိယ္ေပးခဲ႔တဲ႔အရာအတြက္
ျပန္ရတဲ႔အရာ ႏွစ္ခုကုိ
တုိင္းဆျပီး အျမဲ ႏႈိင္းယဥ္ေနမယ္ဆုိရင္ေတာ႔
မေပးခင္ စဥ္းစားဖုိ႔လုိအပ္တယ္
ေပးသေလာက္ျပန္ရခ်င္ျပီဆုိရင္ အဲတာ
ေလာဘျဖစ္သြားေလရဲ့

မင္း တုိ႔ေတြးထင္ေနသလုိ
မာနေတြငါ႔မွာရွိမေနဘူး
အာဃာတေတြြလဲ
လုံး၀ မထားဘူး
ရင္ဘတ္ကုိလဲ
အရႈပ္မခံႏုိင္လုိ႔
ငါ  အျမဲ
ငါ႔  ရင္ဘတ္ဘတ္ကုိ
ရွင္းေအာင္ထားေနတယ္ေလ
 အျမင္မတူတဲ႔ ဘ၀မ်ားအတြက္
ခ်ဳိေသာအရာေတြ
ခါး ခါးလာတာ အျပစ္မရွိဘူးကြယ္
ဥေပကၡာ အမုန္းေတြေက်ာ္လြန္ျပီးခဲ႔ရင္
ရင္ဘတ္ထဲ ႏွလုံးသား
ေႏြးျမျမေလးနဲ႔
ကမာၻေပၚက ပန္းမ်ားအားလုံး
လန္းဆန္းလွပလုိ႔ေနေအာင္
မင္းေရာ ငါ ပါ
အတူလက္တြဲျပီး
ၾကိဳးစားၾကရေအာင္ ။

jasmine


Thu, Oct 18, 2012, ကေရးသားခဲ႔ေသာကဗ်ာ

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine