Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

ခံစားချက်နဲ့အမှန်တရား

0
| Wednesday, December 12, 2018
အရာရာကိုသဘောပေါက်စွာနဲ့
လက်ခံကျင့်သုံးရတဲ့  နေရာ
ဘယ်အရာကိုမှ လွတ်လပ်စွာ
ရွှေးချယ်ပိုင်ခွင့် မရှိတဲ့  နေရာ

လက်မခံချင်ပဲ 
အောက်သက်သက်နဲ့ 
အမှန်တရားလုံးဝ မဟုတ်တဲ့ ကိစ္စတွေအတွက်
မာနတွေ အထက်မှာမရှိတော့ပြီကွယ်

ဒီနေရာကနေ မပျောက်ကွယ်အောင်
ဒီနေရာမှာ မကျရှုံးအောင်
ကာကွယ်ရင်းနဲ့
သိက္ခာဆိုတာ
အမြစ်ပါမကျန် တွန်းလှန်ခြင်းခံလိုက်ရတယ်

လူအခွင့်အရေး
ပြောရေး ဆိုခွင့်
နောက်ပြီးတော့ ဝေဖန်ခြင်းတွေ
ဘယ်နေရာမှ အမှန်တရားဆိုတာ
မရှိတော့ပါ လား
အထိနောက်ကျနေလား
အသိနောက်ကျနေတာလား သေချာစဉ်းစားစမ်းပါအုန်း

သိနေ တော်နေ လွန်းရင်လဲ လူတွေ
သောက်မြင်ကပ်သတဲ့လေ
သိပ်ညံ့နေပြန်တော့လဲ
သောက်သုံးမကျပြန်ဘူးတဲ့
အဲတာတွေဘယ်အရပ်မှာ 
အပြောများသလဲ 

လူအတော်များများ
ငပိရောင်းတဲ့သူတွေအိပ်ကုန်ကြပြီး
ဆားသည်တွေ ယင်ကောင်မာင်းနေကြလေရဲ့
လူတချို့ကတော့
တိုးတက်မှုတွေအတွက် စူးစမ်းနေကြတယ်
အပူဆိုတာ သူတို့တွေရဲ့ ဆန့်ကျင်ဖက်
အဲတာတွေသိတဲ့ အချိန်
ကျွန်တော် ၄၀ နားကပ်နေပါပြီတဲ့လေ
ကျွန်တော် အများကြီးနောက်ကျနေခဲ့တာလား
ကျွန်တော်ကြီးပြင်းတဲ့ပါတ်ဝန်းကျင်ကပဲ
နောက်ကျနေခဲ့တာလား
သိရင်လဲ ဖြေပေးပါသူငယ်ချင်းရေ ။
 
Jasmine
လွန်ခဲ့တဲ့ ၁၀နှစ်နီးပါးက ကဗျာ
 

တကယ်တော့

3
| Saturday, December 10, 2016
အလွမ်းအဆွေးကဗျာတွေအရေးများခဲ့တယ်
တကယ်တော့ ကျွန်မဘ၀က အလွမ်းအဆွေးမရှိခဲ့ပါဘူး။
အချစ်အကြောင်းတွေဖွဲ့လိုက်နွဲ့လိုက်နဲ့ရေးခဲ့တယ်
တကယ်တော့ ကျွန်မဘ၀က အချစ်မရှိခဲ့ပါဘူး။
ရီးစားများပြီးခပ်နံ့နံ့ဆန်တဲ့အရေးတွေ ရေးခဲ့တယ်
တကယ်တော့ ကျွန်မခပ်နံ့နံ့ထဲက မဟုတ်ခဲ့ပါဘူး။
ပျော်စရာကောင်းတဲ့ကဗျာလေးတွေရေးခဲ့တယ်
တကယ်တော့ ကျွန်မဘ၀ပျော်စရာမကောင်းခဲ့ပါဘူး။
ဂျူလိုင်မိုးနဲ့အပြိုင် မျက်ရည်ဖြိုင်ဖြိုင်ကျတဲ့ကဗျာတွေရေးခဲ့ဖူးတယ်
တကယ်တော့ ကျွန်မမျက်ရည်ကပြောရလောက်အောင်မကျခဲ့ဖူးပါ။
လကွယ်ည ...လမိုက်ည...ကြယ်တွေမစုံတဲ့ည...အနက်ရောင်တောက်ပြောင်ခဲ့တဲ့ညများစွာ
ကျွန်မအတွက်ကဗျာတွေများစွာရခဲ့လို့လဲ ရေးခဲ့ဖူးပါတယ်
တကယ်တော့ အဲဒီလိုညတွေကိုထိုင်ကြည့်နေဖို့ ကျွန်မမှာအားလပ်ချိန်မရှိခဲ့ပါ။
အသဲထဲက ကျိုးတိုးကျဲတဲ သံယောဇဉ်တွေအကြောင်း
ကဗျာတွေသုံးပြီး စာစီကုံးခဲ့ဖူးပါတယ်
တကယ်တော့ကျွန်မအသဲ ကျိုးတိုးကျဲတဲမဟုတ်ခဲ့ပါ။
သဲထဲရေသွန် ကျွဲပါးစောင်းတီး ပိုးသာကုန်မောင်ပုံစောင်းမတတ် အဲတာတွေကိုသုံးပြီး
ကဗျာများစွာရေးခဲ့ပါတယ်
တကယ်တော့ ကျွန်မသဲထဲရေသွန်တဲ့အလုပ်မလုပ်တတ်ပါ
ကျွဲပါးစောင်းတီးတဲ့အလုပ်လဲ မလုပ်ခဲ့ပါ
ပိုးကုန်ပြီးမောင်ပုံစောင်းမတတ်မဖြစ်မျိုးလဲ မဖန်တီးခဲ့ဖူးပါ။
တကယ်တော့ ကျွန်မကချစ်ခြင်းတွေကိုသိမ်းထားတတ်သူဖြစ်ပြီး
ကျွန်မချစ်ရတဲ့သူက ချစ်ခြင်းတွေကိုပြသတတ်သောသူသာဖြစ်ပါတယ်။
အမြင်မတူ အတွေးအခေါ်ကွဲပြားခဲ့ပေမဲ့လဲ ကျွန်မတို့ချစ်ခြင်းတွေက
အပြစ်ကင်းစွာနဲ့ ရပ်တည်နေဆဲပါ။ 


jasmine

ကျွန်မနဲ့ရာသီများ

4
| Friday, October 14, 2016
၁ နှစ်မှာလေးရာသီရှိတဲ့အရပ်
ရာသီပြောင်းချိန်တွေမြန်လွန်းလှတယ်
၁ ရာသီ ၃ လဆိုတာလဲ ခဏလေးပါပဲ
ဒီရာသီတွေနဲ့ ကျွန်မ တဖြေးဖြေးပျော်ဝင်လာပြီ
ချစ်တတ်လာပြီ ခံစားတတ်လာပြီ
ဆောင်းရာသီကလွှဲလို့ ကျန်တဲ့ရာသီအားလုံး
ကျွန်မနဲ့ လက်ထပ်ထားလိုက်တယ်....
ကျွန်မ မနှစ်မြို့ဆုံးကတော့ ဆောင်းရာသီ ။
ငယ်စဉ်အခါက ဒီဇင်ဘာရောက်ပြီ ဆောင်းရောက်ပြီဆိုရင်
ကျွန်မထက်ပိုပြီးပျော်နေတဲ့ မရှိသလောက်ဖြစ်ခဲ့တယ်ထင်ပါတယ်
အခုတော့ ဆောင်းရောက်ပြီဆိုရင်စိတ်တွေလေးလာတယ်
ပတ်ဝန်းကျင်ကလဲချောက်ကပ်လာတယ်
အရပ်လေးမျက်နှာမှာ အမှောင်ဖုန်းတယ်
အလင်းတွေပျောက်ဆုံးပြီး နေရောင်ဟာ သူထင်သလိုလင်းခွင့်မရတော့ဘူး
နှင်းထုတွေစိုးမိုးလွန်းတယ် ရေခဲတွေဖုန်းလွှမ်းလွန်းတယ်
သဘာဝကိုက သူ့တို့ကိုခွင့်ပြုချက်ပေးထားတော့
ကျွန်မမှာ တားပိုင်ခွင့်မရှိခဲ့ဘူး
မချစ်ပေမဲ့လဲ မုန်းတယ်မပြောရဲဘူး
သူ့ကိုမုန်းတယ်ပြောတိုင်း သူ့ရဲ့ အအေးဒဏ်နဲ့ ကျွန်မကိုဖိမှာလေ
အဲဒီတော့ သူ့ကိုကျွန်မရင်ဆိုင်ရပြီ
သူနဲ့ကျွန်မတွေ့ကြပြီ
သူ့ရဲ့ဒဏ်တွေကိုကာကွယ်မှုလုပ်ရမယ်
သူ့ကိုအမှတ်တမဲ့လို့ထင်ထားလို့မရတော့ဘူး
ကျွန်မချစ်တဲ့သူတွေထက်သူ့ကိုပိုပြီးဂရုစိုက်ရတော့တာပါပဲ
အဲဒီမှာကျွန်မသိလိုက်ရတာတခုက
ကိုယ် မချစ်တဲ့ အရာတွေကိုလဲကိုယ်က ဂရုစိုက်နေရပါလားဆိုတာကို။

jasmine

ကောင်းတဲ့ဖက်ကကြည့်ပါ

5
| Wednesday, July 20, 2016
အမှန်တရားကိုပေးဆပ်လိုက်ခြင်းဖြင့်
တနေ့နေ့တချိန်ချိန် အမှန်တရားကကိုယ့်ထံရောက်လာမှာပါ ။

အချစ်တွေကိုပေးဆပ်လိုက်ခြင်းဖြင့်
တနေ့နေ့တချိန်ချိန် အချစ်တွေကိုယ့်ထံပြန်ရောက်လာမှာပါ ။

အမုန်းတွေကိုသာပေးဆပ်ခဲ့ရင်လဲ
အမုန်းတွေက ကိုယ့်ထံကိုပြန်ရောက်လာတတ်ပါတယ် ။

မကောင်းတဲ့အရာတွေကိုသာစဉ်းစားတွေးတောနေမိပြီဆိုရင်တော့
မိမိကိုယ်နဲ့စိတ်ကိုပါ မကောင်းတာတွေလွှမ်းမိုးခြင်းကိုခံရတတ်ပါတယ် ။
အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းများအကြောင်း ကောင်းတာလေးတွေ
စဉ်းစားပြီး ကောင်းတဲ့ဖက်ကတွေးပေးလိုက်ပါ ၊ စိတ်ကိုသက်သာပေါ့ပါးစေပြီး
မိမိကိုယ်တိုင်လဲ ခွင့်လွှတ်နားလည်တတ်လာမည် ။
လူတိုင်းကိုဥပေက္ခာပြုပြီး မနာလိုဝန်တို ရန်လိုနေပါက လူတိုင်းကလဲ မိမိအပေါ်ထိုကဲ့သို့
စိတ်ကိုသာပြန်ပေးပါလိမ့်မည် ။ 
ပတ်ဝန်းကျင်နဲ့လူတွေက မုန်းတည်းခြင်းခံနေတာကိုကောင်းတယ်မထင်မှတ်ပါနဲ့
မိမိကိုယ်ကိုယ်သိမြင်တတ်ပြီး မိမိကိုယ်ကိုယ်ပြုပြင်တတ်ပါစေ ။   ။


 မည်သူ့ကိုမှရည်ရွယ်ခြင်းမရှိပါ။
ရေးသားသူ Jasmine

ဖတ်ပြီးတွေးကြည့်ပါ

2
| Saturday, March 26, 2016
မကြာခဏ 
အဆင်မပြေဖြစ်တိုင်း
စိတ်ညစ်မနေပါနဲ့
မကြာခဏ
 လှဲကျတိုင်းလဲ ထိုင်ငိုမနေပါနဲ့
ခင်မင်သူတချို့ 
ဥပေက္ခာပြုတိုင်းလဲ ပူဆွေးမနေပါနဲ့
ပန်းဝင်သူ........အောင်မြင်သူတွေအားလုံးကို
သေသေချာချာသင်ကြည့်ပါ
သူ့တို့မှာ ဒဏ်ရာ ဗရပွနဲ့။   ။

jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine