ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ အချစ်အတွက်
အလုအယက် လွမ်းစရာမလိုဘူးထင်ပါတယ်၊
ကျွမ်းကျင်လွန်းလှတဲ့အသဲခွဲသမား
နှလုံးကြားက ဓားသွားကိုဆွဲနှုတ်
ငါ့ရင်ဘတ် တစ်ခုလုံး သွေးတို့ဖြင့်
ရဲရဲနီ။
အလုအယက် လွမ်းစရာမလိုဘူးထင်ပါတယ်၊
ကျွမ်းကျင်လွန်းလှတဲ့အသဲခွဲသမား
နှလုံးကြားက ဓားသွားကိုဆွဲနှုတ်
ငါ့ရင်ဘတ် တစ်ခုလုံး သွေးတို့ဖြင့်
ရဲရဲနီ။
အချစ်တွေ ကုန်ကုန်ခမ်းခမ်း
သိက္ခာတွေ အငမ်းမရ
တမ်းတမ်းတတ ဖြစ်ပေမယ့်
မှန်းဆမရတဲ့
မင်းအကြောင်းလဲ ရမ်းသမ်းပြီးမပြောလို။
တွေဝေစိတ်နဲ့ နောက်လှည့်ကြည့်နေမိ
ပြန်ခေါ်လေ မလား.......အခါများစွာ
တိမ်ညိုတွေ မျက်ရည်ကျ
အဲဒါ မိုးပြေးလေးတဲ့
အသဲ မအေးနိုင်ပါဘူး
ဝေးသွားတဲ့ အချစ်ကို
တောင့်တနေသလားလို့
မိုးနတ်မင်းရဲ့ အမေးစကား
အဖြေမရှိ နတ္တိ
ငါ ပြန်ရခဲ့တာအမုန်းပဲ။
ညင်သာတဲ့ စကာလုံး
ရင်ခုန်သံချင်း လှဲလည်
ဘ၀ရဲ့ အလိုမကျမှုများ
တိုတို ထွာထွာ မစဉ်းစားပဲ
သံယောဇဉ် အခိုင်အမာနဲ့
အကြိမ်တစ်ရာ သစ္စာပြုခဲ့တာ
ဘယ်သူများလဲကွယ်
အဲဒီနောက်မှာ အမုန်းတရားတွေ
အပြင်းစိုင်းလာတော့
နှလုံးသား တခုလုံး
နာကျင်မှုတွေအလိမ်းလိမ်းနဲ့
သောက မျက်ရည်တွေနဲ့ပဲ
လောက ကိုအဖော်ပြုရပြီပေါ့ ။
နှလုံးသား ဖြူဖတ်ဖြူရော်နဲ့
အချစ်တဖန်မွေးဖွားမှာကြောက်ပြီး
ရင်ဘတ်တံခါးပိတ်လို့ ကြိတ်ဆွေးနေရတဲ့
အဖြစ်ကို ..................
တိတ်တိတ်လေးပဲနေတော့မယ်။
အားလုံးရဲ့ jasmine
သိက္ခာတွေ အငမ်းမရ
တမ်းတမ်းတတ ဖြစ်ပေမယ့်
မှန်းဆမရတဲ့
မင်းအကြောင်းလဲ ရမ်းသမ်းပြီးမပြောလို။
တွေဝေစိတ်နဲ့ နောက်လှည့်ကြည့်နေမိ
ပြန်ခေါ်လေ မလား.......အခါများစွာ
တိမ်ညိုတွေ မျက်ရည်ကျ
အဲဒါ မိုးပြေးလေးတဲ့
အသဲ မအေးနိုင်ပါဘူး
ဝေးသွားတဲ့ အချစ်ကို
တောင့်တနေသလားလို့
မိုးနတ်မင်းရဲ့ အမေးစကား
အဖြေမရှိ နတ္တိ
ငါ ပြန်ရခဲ့တာအမုန်းပဲ။
ညင်သာတဲ့ စကာလုံး
ရင်ခုန်သံချင်း လှဲလည်
ဘ၀ရဲ့ အလိုမကျမှုများ
တိုတို ထွာထွာ မစဉ်းစားပဲ
သံယောဇဉ် အခိုင်အမာနဲ့
အကြိမ်တစ်ရာ သစ္စာပြုခဲ့တာ
ဘယ်သူများလဲကွယ်
အဲဒီနောက်မှာ အမုန်းတရားတွေ
အပြင်းစိုင်းလာတော့
နှလုံးသား တခုလုံး
နာကျင်မှုတွေအလိမ်းလိမ်းနဲ့
သောက မျက်ရည်တွေနဲ့ပဲ
လောက ကိုအဖော်ပြုရပြီပေါ့ ။
နှလုံးသား ဖြူဖတ်ဖြူရော်နဲ့
အချစ်တဖန်မွေးဖွားမှာကြောက်ပြီး
ရင်ဘတ်တံခါးပိတ်လို့ ကြိတ်ဆွေးနေရတဲ့
အဖြစ်ကို ..................
တိတ်တိတ်လေးပဲနေတော့မယ်။
အားလုံးရဲ့ jasmine
16 comments:
အနောက်က အ၈ျစ်ကျောင်း နာလည်သေးဝူးကျ ။ ဒါကြောင့် ကော့မန့် ရေးတတ်ဘူး :D :D :D
နှလုံးသား ဖြူဖတ်ဖြူရော်နဲ့
အချစ်တဖန်မွေးဖွားမှာကြောက်ပြီး
ရင်ဘတ်တံခါးပိတ်လို့ ကြိတ်ဆွေးနေရတဲ့
အဖြစ်ကို ..................
တိတ်တိတ်လေးပဲနေတော့မယ်။
အဲ့တစ်ခုတော့ကြိုက်တယ်..ငါလည်းကြောက့်ပေါ့
အခုတော့မမ၇ှိနေပြီရင်ထဲမှာ..ဘယ်လိုလုပ်ရပါ့ကွယ်..
“အငန်းမရ“ - “အငမ်းမရ“
“ရမ်းသန်း“ - “ရမ်းသမ်း“
“အဲတာ“ - “အဲဒါ“
“အသဲ“ - “အသည်း“
“နိတ္တိ“ - “နတ္ထိ“
ချစ်လို့ရယ်တဲ့ မကုန်နိုင်...၀သုန်ဤမြေ သိကြားစေ သက်သေညွှန်းပေါ့ ညီမရေ...
အင်း........
ချစ်ခဲ့ဖူးတယ်...လွမ်းလည်းလွမ်းခဲဖူးတယ်..
ပျော်တော့်လည်းပျော်ဖူးပါတယ်...ဆိုသလိုပေါ့ကွယ်။
တိတ်တိတ်လေးမနေနဲ့ညီမရေ..မိန်းကေးသိက္ခာကျသကွယ်။
တစ်ယောက်မပြောင်း..သူကောင်းမဖြစ်ကွယ့်။
ထားပလိုက်..ထားပလိုက်..:P
လွမ်းလို့လာလည်ရင် လွမ်းစရာလေးတွေဖြစ်ကုန်ပါရောလား မစံပယ်ရေ..။ ရင်ဖတ်တံခါးကိုတော့ ပိတ်ပြီး တိတ်တိတ်လေးတော့မနေပါနဲ့..ဝင်လာချင်တဲ့သူရှိရင် လာပါစေလေ..း)
Jasmine ရေ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပထမတော့ နတ္ထိကို ပြင်ပေးဦးမလို့။ ဆရာဟန်ကြည်ပြင်ပြီးတာနဲ့ မပြင်တော့ပါဘူး။ တိတ်တိတ်လေးနေတော့မယ်ဆိုလို့ ရေငုံနှုတ်ပိတ်ဆရာတော်ကို သွားသတိရမိသေး။ နောက်ပြီးတော့ တေမိဇာတ်ကိုလည်း အမှတ်ရမိသေးတယ်။ ကျန်းမာပျော်ရွှင်ပါစေ...
တိတ်တိတ်ကလေး မနေနဲ့ မမ Jasmine.. မမပန်းချီပြောသလိုပဲ ၀င်ချင်တဲ့သူ ၀င်လာပါစေ.. :P
ချစ်ခဲ့ဖူးတယ်...လွမ်းခဲ့ဖူးတယ်...
ဖတ်သွားတယ် ညီမ ရေ
ရွှေစင်ဦး
အလွမ်းတောထဲက jasmine လေးရေ။ အလွမ်းတွေ အမြန်ဆုံးကုန်ဆုံးပါစေလို့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘာကိစ္စတိတ်တိတ်နေရမတုံးမစံပယ်ရဲ့
မနေနဲ့
သွားစမ်းပါစေ လာလိမ့်မယ်
လောကတံခါးကိုဖွင့်ထားလိုက်
မဒိုးကန်ကသာ ဓားမနဲ့လိုက်နေရတာ
စံပယ်တို့ကလိုက်စရာမလိုဘူး
အဲဒီတော့တိတ်တိတ်မနေနဲ့
နော...း)
ခင်တဲ့
မဒိုးကန်
မမဂျပ်စ်မင်းရေ...ကဗျာနောက်ဆုံးအပိုဒ်လေးကိုအပြည့်အဝ ထောက်ခံပါတယ်ဗျို့..။သူများပြောတာတွေနားမယောင်နဲ့နော်မမ..။ကဗျာလေးထဲကအတိုင်း တိတ်တိတ်လေးပဲနေလိုက်ပါ..။ :P
ကဗျာလေးရဲ့ ပထမဆုံးတစ်ပုဒ် နဲ့ နောက်ဆုံးတစ်ပုဒ်လေးကို နှစ်သက်ဆုံးပဲ
သိပ်မခံစားနဲ့  အရှုံးပေးရာကျတယ်...... တောင်ကြီးသူ ..... နောက်တစ်ယောက် ထားပလိုက်... (နောက်ထှာနော်)
မမသေးသေးလေးရေ အာာာဘွားးးးးးအကြိးကြီးပေးတာနော် .အတိုးနဲ့ ကဗျာလေးတွေက ပြင်းလို့ လူတောင်နည်းနည်းနောက်လန်သွားတယ် :) အဟိ...စာကျက်ချင်ယောင်ဆောင်နေလို့မမရေ....
ခံစားအားပေးလျှက်ပါလို့...
အချစ်တဖန် မွေးဖွားမှာကို ကြောက်နေပြီလား။ မကြောက်ပါနဲ့ ညီမရယ်။ အချစ်ဆိုတာ အမုန်းမှ မဟုတ်တာ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အချင်းချင်း မတူညီတဲ့ ကာရန်တွေကြောင့် အချစ်ကနေ အမုန်းဘက် ထရန်စဖာ ဖြစ်သွားတတ်တာကိုတော့ သတိထားရမှာပေါ့။
အမုန်းဝေးပါစေ။
အချစ်နီးပါစေ။
ရွှေပြည်ကြီး သာယာပါစေ။
ခင်မင်လျက်
Post a Comment