စိတ်တွေက မခိုင်မမြဲဖြစ်နေချိန်
ရာသီဥတုကလဲ ဖရိုဖရဲနဲ့ပါလားကွယ်
သစ်ရွက်တွေကြွေနေသလို
ငါ့ အလွမ်းတွေကြွေခွင့်ရှိရင် ကောင်းမှာပဲ
ထင်ထားသလောက်တော့ မအေးသေးတာ
ကျေးဇူးတင်ပါတယ်နိုဝင်ဘာ
လေတိုက်သံတွေ အိမ်ထဲကနေကြားနေရတယ်
နွေရာသီမှာစမ်းစိုခဲ့တဲ့ သစ်ရွက်တွေ
မရှိတော့ဘူးကွယ်
သစ်ရွက်ကြွေသံတွေထဲကနေ
ကဗျာတပုဒ်တော့ ရကောင်းပါရဲ့
တယောက်နဲ့တယောက် ဘ၀တွေပေးခဲ့ပြီးမှ
အလွမ်းတွေမလိုချင်တော့ဘူး
ချစ်ကြ မုန်းကြ
ရုန်းကြ ကန်ကြ
ရယ်ကြ ငိုကြ
ဘ၀တွေထဲကနေ
နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။
jasmine
8 comments:
နှစ်နှစ်ကာကာပြုံးပြသွားပါတယ်... ဒီတဆောငမူလုံး နွေးထွေးပါစေ ;-)
ဒီကဗျာလေးမှာတော့ ..ပိုနှစ်သစ်မိတယ် ဒီစာသားလေး
ဘ၀တွေထဲကနေ
နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။
နန်းတို့ဆီမှာတော့ လေရော၊ မိုးရော၊ မိုးကြိုးတွေရော၊ လျှပ်စီးတွေရော နှစ်နှစ်ကာကာတောင်မကဘူး အားရပါးရကို ဟားတိုက်ရီပြနေကြတယ်။ ခု မန့်နေချိန်မှာတောင် အပြင်မှာ မိုးရော၊ လေရော တဝုန်းဝုန်းပဲ။ နန်းတို့ဆီမှာတော့ ဆောင်းတွင်းလဲ မချမ်းပါဘူးလေ။ အသဲတုန်အောင်ချမ်းတဲ့ မန္တလေးဆောင်းကို လွမ်းလိုက်တာ...။
အား၇ပါးရကို ပြုံးပြသွားတယ် Jas ရေ...
ဒီအပြုံးလေးနဲ့ နွေးပါစေလို့
ဒီတခါ အပြုံးတွေအများကြီးရလိုက်လို့ ဆောင်းဦးကိုမကြောက်တော့ဘူးနော်
မမ အသူဒီကဗျာလေးကြိုက်တယ်ကူးထားလိုက်ပြီ။
တစ်ဆောင်းလုံးနွေးစေမယ့် စစ်မှန်တဲ့အပြုံးကလေးရဲ့ ပိုင်ရှင်သခင်ဖြစ်ပါစေကွယ်....
နိုဝင်ဘာလွမ်းချင်းလေး ခံစားသွားတယ် ဂျက်ရေ။
နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။
ဒီ အပိုဒ်လေးကတော့ အားလုံးကို
ဖမ်းစားသွားတယ်ဂျက်
သမီးတော်လည်း တော်တော်လေး
သဘောကျမိတယ်
Post a Comment