ချစ်မိပြီ မောင့်ကိုပဲ
ရင်ထဲမှာ အမြဲ
နှလုံးသားထဲ ထာဝရတိုင်အောင်စွဲ-----
မုန်းမရ မေ့မရ
တစ်ထောင့်တစ်ည
ဒီဘ၀ မက
နောင် နှစ်တစ်ရာတိုင်-----
နောင် နှစ်တစ်ရာတိုင်-----
လမ်းခွဲခြင်း စာမျက်နှာ
တစ်သက်မှာ တစ်ခါ မရှိစေဘူး
သံယောဇဉ်တွေ ကျဲ
ရင်ကိုခွဲ စေမယ့် စကားလုံး
မသုံးမိဖို့ ကိုယ့်နှလုံးသား
ကိုယ် သတိပေး -----
မောင့် ကိုသာ အစဉ်ငေးလို့
မောင့် အကြောင်း အတွေးတွေကို
ကောင်းခြင်း အဖြာဖြာနဲ့
ဘယ်တော့မှ မဟောင်းနွမ်းတဲ့
သံယောဇဉ်ချစ်ခြင်း
ရာသက်ပန် အပြစ်ကင်းဖို့
ဘုရားသခင်ထံ တောင်းဆုပြုပါစို့။ ။
ဝင်ရောက်ဖတ်ပေးနေသော သူငယ်ချင်းမိတ်ဆွေ အားလုံးကို
ထာဝရ ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးရဲ့ ကဗျာချစ်သူ jasmine
18 comments:
“တွဲလက်မြဲမြဲ”နဲ့ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
“ထာဝရ”ပိုင်ဆိုင်နိုင်ပါစေရန်..
ဆုတောင်းပေးပါတယ်ကွယ်..။
ညီမရဲ့“မောင်”လည်း..ညီမလိုပဲ
“ထပ်တူ”ကျပါစေကွယ်..။
ခင်မင်လျှက်
ချစ်တတ်သူတို့ရဲ့ ချစ်ခြင်းက အပြစ်ကင်းပါတယ်။
စံပယ်တို့ရဲ့ ချစ်ခြင်းလဲ အပြစ်ကင်းမှာပါ။
ခင်မင်လျှက်
ကဗျာပထမပိုင်းက လေးဆစ်ကလေးကျနေတာပဲ လှတယ်...ဒါပေမယ့် အောက်ပိုင်းမှာ ကာရန်နည်းနည်းကျသွားတယ်ညီမရေ...ရစ်သမ်ကတော့ လှနေတာပါပဲ...ညီမ ရေးနေကျလက်အတိုင်းပေါ့လေ...အဆုံးသတ်ပါဒလေးတွေကို အနားမသတ်ဘဲထားတာကလည်း တစ်မျိုးလှတာပါပဲ...
“ချစ်သောမောင်နှင့်
နောင်နှစ်များစွာ
ရှစ်ကမ္ဘာတိုင်
မြဲခိုင်သစ္စာ
ချစ်ကြည်စွာနဲ့
နှစ်ဖြာရွှေလက် ဆက်နိုင်စေ” လို့ ဆုတောင်းပေးလိုက်ပါသဗျား...
သံယောဇဉ်ချစ်ခြင်း....ရာသက်ပန်အပြစ်ကင်းဖို့...ဘုရားထံ နားပူနားဆာတိုက်
ကြပါစို့.....:))) စတာနော်....၊လမ်းခွဲခြင်းစာမျက်နှာတွေမရှိပါစေကြောင်း....
ဆုတောင်းပေးလိုက်တယ်ဗျိုးးးးးးးးးး။
ကျနော်နည်းနည်းလွတ်သွားတယ်.... ဇတ်လမ်းကို.... ဟဲဟဲ။ အသည်း ကွဲနေတုန်းလား။ ဒါမှ မဟုတ် :P ။ အလွမ်းတွေ အဆွေးတွေ နောက်မှာထားလို့  လက်ရှိဘ၀ ကြုံရ ဆုံရသူများနဲ့  ပျော်ရွင်မှုလေးတွေ မျှဝေ ကြပါစို့  လားဗျာ။
ဒီတခါတော့ အသည်းမကွဲတော့ဘူးဟ... ဟီးဟီး
ဒီလိုလေးက ပိုကောင်းတယ်... :D
မောင်ဆိုပါလားမုန်လာထုပ်ရဲ့..မမသာအဲ့လိုဆိုငါတိုင်နဲ့ ခေါင်းနဲ့ 
ပြေးပီးဆောင်လိုက့်ချင်တော့တယ်အခုတော့ကလေး၂ယောက်နဲ့ 
ကဗျားလေးကိုကြိုက်တယ်ကွာ...
မောင့်အတွက် အမှတ်တရ...ဖတ်သွားပါတယ်... jasmine ရေ
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
အလွန်ကောင်းပါတယ်ခင်ဗျာ.........
ချစ်ကြပါနော် မျက်စိ နောက်လာရင်တော့
စီဘောက်မှာ လာအော်ပြစ်မယ် သတိထား။
ခင်လိုစတာပါဗျာ........
ရွှေစင်ဦး အတွက် အမှတ်တရ မဟုတ်လို့ မဖတ်တော့ဘူးလားလို့
စတာနော်ညီမ
မောင်နဲ့ အမြန်ဆုံး နီးစပ်နိုင်ပါစေဗျာ...
ဆုတောင်းပေးသွားတယ်နော်...
အဟီးးးး ကဗျာလေးခံစားရင် လွမ်းထှာနော် ...
မောင့်အတွက်ရေးပြီပေါ့လေ....မမသေးသေးလေးနော် ...:):)
တကယ်အချစ်စစ်၊ အချစ်မှန်တွေပါလား။ ဆရာဟန်ကြည်ဆုတောင်းပေးတာ သဘောကျလို့ အဲဒီအတိုင်းလေးပဲ ဆုတောင်းပေးလိုက်ပါရစေလား Jasmine ရေ။
“ချစ်သောမောင်နှင့်
နောင်နှစ်များစွာ
ရှစ်ကမ္ဘာတိုင်
မြဲခိုင်သစ္စာ
ချစ်ကြည်စွာနဲ့
နှစ်ဖြာရွှေလက် ဆက်နိုင်စေ”
ကျန်းမာပျော်ရွှင်ပါစေနော့...
နောက်ဆုံးအပိုဒ်လေး အရမ်းကြိုက်တယ် jas ရေ
ရင်တွင်းစကားလုံး စုစည်းမှုလေးတွေ ဖတ်သွားတယ် စပယ်လေးရေ။
ဆန္ဒနဲ့ဘဝဆိုတာ ကိုက်ညီဖို့ခက်ခဲသည့်တိုင် တောင်းဆုလေးပြည့်ဝပါစေနော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေး လာခံစားသွားတယ်။ ချစ်တတ်တဲ့သူ ဆက်လက်ချစ်ကြစေ။
ကဗျလေးခံစားသွားတယ်နော်...
ဆုတောင်းလေး ပြည့်ဝ
နှလုံးသားလေး လဲ အေးမျှစွာ
ဘဝလေး တွေ ထပ်တူမျှကြပါစေ........Jes ရေ
ခင်တဲ့
အိမ်မက်
Post a Comment