အချစ်ဆိုတာပြောင်းလဲလို့ရပါ
စာဖတ်သူများဖြေပေးပါလားရှင်........
ဦးထီးဆိုင် ကပြောဘူးပါတယ်....အချစ်ဆိုတာ အကြိမ်ကြိမ်မွေးဖွားနိုင်သလို
အကြိမ်ကြိမ် သေဆုံးနိုင်ပါတယ်တဲ့
....အဲတာဟုတ်ဖို့များမယ်ထင်
နိုင်ငံကျော် ဖြစ်ခဲ့တဲ့ အဆိုတော် တစ်ဦးဟာ မဟုတ်တာကိုတော့
သီချင်းလုပ် မဆိုပါဘူးနော်...ဒါပေမယ့် ရင်ထဲက နှစ်နှစ် ကာကာ ချစ်ပြီဆိုရင်တော့
ဒီအချစ်မရှိရင်....ကိုယ့်ဘ၀ဟာလဲ သေဆုံးသလိုဖြစ်နိုင်ပါတယ်လေ..။
ဘ၀သေတယ်ဆိုတာ အသက်သေတာကိုပြောတာမဟုတ်ပါဘူး.... ဘာလုပ်လုပ်
ဘာကိုင်ကိုင် သူမှာစက်ရုပ်လိုဖြစ်သွားပြီး...
ဘယ်သူပျော်ပျော် သူကတော့ မပျော်နိုင်ပါဘူး...
ရှင်သန်ခြင်းဆိုတာလဲ အဓိပ္ပါယ်မရှိဖြစ်ရပြီလေ...ဒါဟာ အချစ်ကိုတန်ဖိုးထားတဲ့ လူလို့ပြောရမလား
ဘ၀ကိုတန်ဖိုးမထားတဲ့ လူလို့ပြောရမလား ....သေချာစဉ်းစားစေချင်ပါတယ်....နောက်ပြီး
အချစ်များတာဟာလဲ မကောင်းပါဘူးနော်...လူတစ်ချို့ကပြောပါတယ်
ကိုယ့်နှလုံးသားက အရမ်းချစ်တတ်တယ်.....ဥပေက္ခာ မပြုနိုင်ဘူး...လူတိုင်းကိုတဲ့
ဘယ်သူကိုပိုချစ်သလဲ မေးကြည့်ဘူးပါတယ်....အဖြေက အားလုံးကို တူတူချစ်တာပဲတဲ့
ကဲ......ဖြစ်နိုင်ပါရဲ့လားရှင်.....တစ်ခါတလေ..အချစ်ဆိုတာ ကိုယ့်ကိုကိုယ် နာကျင်စေတယ်
.တစ်ခါတလေ....အချစ်ဆိုတာ..သူများကို နာကျင်စေတယ်နှစ်ခုစလုံးမကောင်းပါဘူး တကယ်ချစ်ကြပြီဆိုရင်တော့ အနဲနဲ့ အများ နှစ်ခုလုံးကိုရင်ဆိုင်ရပါမယ်....
ကိုယ့်ဆီကအချစ်အားလုံးကိုယူပြီးတော့.... ကိုယ့်ကိုကြောခိုင်းထွက်သွားပြီးမှ sorry နော်ဆိုလို့ရှိရင်
သူ့ကိုဘယ်တော့မှ လှည့်မကြည့်မိပါစေနဲ့ ။ အကယ်၍ သင်လှည့်ကြည့်မိရင်တော့ သင့်ဘ၀မှာ
မျက်ရည်နဲ့သာ အဆုံးသတ်ရလိုက်မယ်.....
အချစ်ဆိုတာ...မမြင်ရတဲ့ သံယောဇဉ်ကြိုးတစ်ချောင်း ပါ....ဒါပေမယ့်ခံစားလို့ရပါတယ်...
ခံစာချက် မရှိပဲနဲ့တော့ အချစ်ရှိမှာမဟုတ်ပါဘူး...ချစ်ဖို့ဆိုတာ ခံစားချက်ရှိရမယ်...
ချစ်ပြီဆိုရင် သတ္တိရှိရှိ...ချစ်ပြီး...လမ်းခွဲဖို့ အကြောင်းဖန်လာရင် သတ္တိရှိရှိ လမ်းခွဲ လိုက်ပါ။
အကောင်းဆုံးကတော့ သူတပါး ကိုရင်ကွဲနာဖြစ်အောင် မလုပ်မိဖို့နဲ့ ကိုယ့်ကိုကိုယ်လဲ
ရင်ကွဲနာ မဖြစ်စေတာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင်ကိုယ့်ချစ်သူအပေါ် ဘယ်တော့မှ
ဆန့်ကျင်သော အမူအကျင့် မပြုမိဖို့ အရေးကြီးပါတယ်...
ပြုမိရင် သူ့အချစ်ကိုစော်ကားသလိုဖြစ်တတ်ပါတယ်..မကြိုက်သော အမူအကျင့်များကို
တစ်ယောက် နဲ့တစ်ယောက် မချစ်ခင် အရင်စဉ်းစားပါ....
သူတစ်ယောက်က လွဲပြီးအရာရာကို ဥပေက္ခာပြုမှလုံလောက်တယ်ဆိုတဲ့လူကိုတော့
ဝေးဝေးရှောင်ပါတော့နော်......
အချစ်ဆိုတာ...ခံစားမှု.....နားလည်မှု.... သဘောထားကြီးမှုတွေ နဲ့တည်ဆောက်တာပါနော်။။။။။။
ဒါကြောင့် သင်လဲ သင့်ရင်ထဲမှ ခံစားမှုရှိပြီး..နားလည်မှုရှိသောချစ်သူကိုတွေ့နိုင်ပါစေဆုတောင်းရင်း........
ဒီစာကို နားပါရစေရှင်......
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုအစဉ်လေးစားချစ်ခင်သော
jasmine

0 comments:
Post a Comment