နှင်းရည်စက်တို့က စိုလက်လက်
ချစ်သူ အနားမှာမရှိတဲ့ ဆောင်းရက်တွေ
အနေခက်နေသလိုပဲ
ထားခဲ့ဖူးတဲ့ သစ္စာတရား
မေ့ဖျောက်ဖို့ ကြိုးစားနေတာလား
ဒီနှစ်ဆောင်း အအေးက နဲနဲကြမ်းတယ်နော်
နေရောင်က ပေါ်တစ်ချက် ပျောက်တစ်ချက်နဲ့
မိုးကောင်းကင်ကြီးအောက်မှာ
နွေးထွေးတဲ့ လက်တစ်စုံ မရှိတော့
မျက်ရည်တွေ တိတ်တခိုး စိုလူးခဲ့ရတယ်
စိုလူးနေတဲ့ မျက်ရည်တွေမှာ
စံပယ်ရနံ့ ငါရနေတယ်
ဘယ်အညိုးနဲ့ နှင်းမိုးတွေရွာချနေတာလဲ
ထွေးပွေ့မဲ့သူမရှိတော့ အလွမ်းတွေက
တစ်ရက်ပြီး တစ်ရက် ဆက်လို့နေပြီ
ချယ်ရီတွေကိုကြည့်လိုက်တော့
သူတို့တွေက တစ်ပြုံးပြုံးနဲ့ပေါ့
သူ့တို့ရဲ့ လှသမှု ကိုပြသခွင့် ရတော့မှာလေ
ရင်ထဲ ထားခဲ့တဲ့ သစ္စာတရား
လတ်လတ်ဆတ်ဆတ် ရှိနေဆဲမို့
ချစ်သူ မရှိတဲ့ ဆောင်းရက်ရှည်တွေကို
ပြောင်းလှဲလို့လဲ မရ ခက်တော့နေပြီ ။
ရင်ဘတ်မှာခတ်ထားတဲ့သော့
သံချေးတက်တာလဲ ကြာခဲ့ပြီနော်
တံခါးမခေါက်ပဲ လာလာပြီး
နှောက်ယှက်လို့ အသည်းနှလုံးတွေ
နဲနဲတော့ ဂယောက်ဂယက်ဖြစ်ရတယ်
လမ်းလျှောက်ရင်းအိပ်မက်နေသလို
အမြင်တွေေ၀၀ါးဝါးနဲ့
စိတ်တွေစုစည်းမရပဲ
ထွေပြားနေရတာ ဒီဆောင်းကြောင့်တော့
မဟုတ်ပါဘူး များစွာသောဆောင်းတွေလဲ
ဒီလိုပဲ ဖြတ်သန်းခဲ့ရလို့
ရိုးနေပါပြီလေ ။
ရှည်လျှားတဲ့ ညတာ ကို ခေါက်သိမ်း
အပြုံးတုတွေကိုလိမ်းထားတဲ့ မျက်နှာဖုန်းခွါချ
ဘ၀တွေ ရှင်သန်ဖို့အတွက်
ခရီး ကြမ်းကြမ်းတွေဖြတ်သန်းရင်း
ဟိုးအရင်က ငိုရှိုက်သံတွေ
အရိပ်လိုပဲ ထက်ချပ်မကွာ
ပါလာခဲ့တာ
ကျေးဇူး အနန္တပါလို့
ပြောရမှာလားကွယ် ။
ချစ်သူ အနားမှာမရှိတဲ့ ဆောင်းရက်တွေ
အနေခက်နေသလိုပဲ
ထားခဲ့ဖူးတဲ့ သစ္စာတရား
မေ့ဖျောက်ဖို့ ကြိုးစားနေတာလား
ဒီနှစ်ဆောင်း အအေးက နဲနဲကြမ်းတယ်နော်
နေရောင်က ပေါ်တစ်ချက် ပျောက်တစ်ချက်နဲ့
မိုးကောင်းကင်ကြီးအောက်မှာ
နွေးထွေးတဲ့ လက်တစ်စုံ မရှိတော့
မျက်ရည်တွေ တိတ်တခိုး စိုလူးခဲ့ရတယ်
စိုလူးနေတဲ့ မျက်ရည်တွေမှာ
စံပယ်ရနံ့ ငါရနေတယ်
ဘယ်အညိုးနဲ့ နှင်းမိုးတွေရွာချနေတာလဲ
ထွေးပွေ့မဲ့သူမရှိတော့ အလွမ်းတွေက
တစ်ရက်ပြီး တစ်ရက် ဆက်လို့နေပြီ
ချယ်ရီတွေကိုကြည့်လိုက်တော့
သူတို့တွေက တစ်ပြုံးပြုံးနဲ့ပေါ့
သူ့တို့ရဲ့ လှသမှု ကိုပြသခွင့် ရတော့မှာလေ
ရင်ထဲ ထားခဲ့တဲ့ သစ္စာတရား
လတ်လတ်ဆတ်ဆတ် ရှိနေဆဲမို့
ချစ်သူ မရှိတဲ့ ဆောင်းရက်ရှည်တွေကို
ပြောင်းလှဲလို့လဲ မရ ခက်တော့နေပြီ ။
ရင်ဘတ်မှာခတ်ထားတဲ့သော့
သံချေးတက်တာလဲ ကြာခဲ့ပြီနော်
တံခါးမခေါက်ပဲ လာလာပြီး
နှောက်ယှက်လို့ အသည်းနှလုံးတွေ
နဲနဲတော့ ဂယောက်ဂယက်ဖြစ်ရတယ်
လမ်းလျှောက်ရင်းအိပ်မက်နေသလို
အမြင်တွေေ၀၀ါးဝါးနဲ့
စိတ်တွေစုစည်းမရပဲ
ထွေပြားနေရတာ ဒီဆောင်းကြောင့်တော့
မဟုတ်ပါဘူး များစွာသောဆောင်းတွေလဲ
ဒီလိုပဲ ဖြတ်သန်းခဲ့ရလို့
ရိုးနေပါပြီလေ ။
ရှည်လျှားတဲ့ ညတာ ကို ခေါက်သိမ်း
အပြုံးတုတွေကိုလိမ်းထားတဲ့ မျက်နှာဖုန်းခွါချ
ဘ၀တွေ ရှင်သန်ဖို့အတွက်
ခရီး ကြမ်းကြမ်းတွေဖြတ်သန်းရင်း
ဟိုးအရင်က ငိုရှိုက်သံတွေ
အရိပ်လိုပဲ ထက်ချပ်မကွာ
ပါလာခဲ့တာ
ကျေးဇူး အနန္တပါလို့
ပြောရမှာလားကွယ် ။
21 comments:
ကဗျာလေးလာရောက်ခံစားသွားပါတယ်
မမရေ ဘယ်ပျောက်နေတာလဲ
ကဗျာ လေး အရမ်းကောင်းတယ် ဗျာ ...
ဟုတ်တယ် Jas ရေ
ချစ်သူအနားမှာမရှိတဲ့ဆောင်းတွင်းကမနွေးဘူးကွယ်..
အေးလွန်းတယ်...ဟီးးး
မာမားရေ..ဒီမှာ
ခတ်ထားတဲ့.ရင်ဘတ်ကသော့
သံချေးတတ်နေလို့
ကယ်ပါအုံးး)
ပုံ/
ချစ်သမီး
ခုတော့ ရှည်လျားပြီး သိပ်မချမ်းတော့တဲ့ ဆောင်းညတွေကို တစ်ယောက်ထည်း ဖြတ်ကျော်နေရတယ်။
လွမ်းတတ် လာသလိုပဲ....... အွတ်...... :D
ဒီမှာလည်း မြောက်ပြန်လေတွေ ဆော်ယွန်းနေပေါ့...။
ဆောင်းအမီ .....စေချင်သည် ဆိုလား ဘာလား ညာလား :P
ချစ်သူမရှိတဲ့ ဆောင်းရက်ရှည်တွေက ပိုအေးလို့ ညတာတွေ ရှည်လျားလွန်းလှတယ်...
ကဗျာလေး ခံစားအားပေးသွားတယ် အစ်မ...
jas..ရေမလေးမှာတော့ဆောင်ရာသီမရှိလိုဘယ်လိုခံစားရမှန်းတောင်မသိဘူးဖြစ်နေတယ်ဟီးးးးးးးးး
မေတ္တာဖြင့်....
ရွှေဝန်းရတနာ....
အဟမ်း အဟမ်း မေးကြည့်မှာနော် တွေ့ရင်း)
အိမ်အလုပ်တွေနဲ့ အသေရှုပ်နေတဲ့ မမစံပယ်ကို
ကြောင်ပုံတွေတင်လွန်းလို့
ကြောင်ဂျက်လို့ ခေါ်ရတော့မယ်နော် ဟီးးဟိးးး
ချစ်တဲ့
ဟောက်ခမ နော် စမူဆာမလုပ်မဲ့ ဟိုဘက်ချွန် ဒီဘက်ချွန် ဟိုးဘက်ကိုလည်းချွန်..ယောက်ခမတော်မယ်နော်..ဟဲဟဲ
ကဗျာ က အပျိုကြေီးတွေအတွက်လားကွယ်....
တော်ပါသေးရဲ့ ကဗျာဆိုလို့
ကြောင်လေးချမ်းနေရှာမှာ...။
သနားစရာ ပူစီညှောင်လေး...။
ချယ်ရီမရှိပေးမယ့် သုညနားအထိလောက် အေးလာပြီမို့ အအေးတောထဲမှာ ကဗျာအအေးလေးဖတ်ပြီး လွမ်းသွားပါသည် ခင်ဗျာ :P
“ပြောင်းလှဲ“ - “ပြောင်းလဲ“
“နှောက်ယှက်“ -“နှောင့်ယှက်“
ကဗျာဆိုတာ စာရေးသူရဲ့ စိတ်ကိုထင်ဟပ်ဖော်ပြတာမှမဟုတ်ပဲ...စာရေးသူရဲ့ အနုပညာစိတ်ကို ထင်ဟပ်ဖော်ပြတဲ့ ဘာသာစကားလေ...ရေးချင်တာသာရေးပါ...အနုပညာကို အနုပညာလိုပဲ ဦးဟန်ကြည်တို့ ခံစားမှာပေါ့...
ခံစားချက် ကဗျာလေး ဖတ်သွားတယ် မမမုန်လာထုပ်ရေ..ဟီးးးးး
အမ ကဗျာလေးတွေက အလွမ်းကဗျာလေးတွေ များတယ်နော်... လွမ်းတောင်သွားတယ် (ဘယ်သူ့ကိုလည်းမသိ.. :P)
ချစ်ခင်လျက်
ဒီနေခ (ခ) Junemoe
ကဗျာလေး လာဖတ်ပါတယ်။ ရို့စ်ကို အားပေးစကားလေး ပြောသွားလို့ ကျေးဇူးပါနော်။
ဒီနှစ်ဆောင်းကို သိပ်မအေးစေချင်ဘူး။
နောက်နှစ်ဆိုရင်တော့ . . .အင်း . . .
နွေးထွေးတဲ့ဆောင်းလေး ဂျက်အတွက်ဖြစ်ပါစေ။
သူလေးမပါမပြီး ပါလာပြန်ပြီနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကက်စမင်းရေ ကဗျာရော ကြောင်ပုံးလေးရော ကြိုက်တယ်..
ရင်ဘတ်ထဲက ခတ်ထားတဲ့ သော့ ..
အဲဒီအပိုဒ်လေးကို ပိုပြီးနှစ်သက်တယ်..
ဆွေလေးလဲ ကဗျာရေးချင်တာ..စိတ်မှာဗလာဖြစ်နေတော့ ရေးလို့ မရလို အားမလိုအားမရဖြစ်နေတုန်း jas ရဲ့ ကဗျာလေးဖတ်လိုက်ရတာ..
ကောင်းလိုက်ပါဘိ...:) :)
အခုလွမ်းတာမဟုတ်ဘူးဆိုပေမယ့် အခုလွမ်းနေသလိုပါပဲဗျာ။ ကဗျာကပြောနေတာကို ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကူလွမ်းပေးပါတယ်။
Post a Comment