ချစ်သူတဲ့ လား
မင်းနဲနဲ တော့များနေပြီနော်
ငါ့အသဲတွေ ဝေခွဲပြီး မသုံးနိုင်သလို
မင်းကိုလဲ တစ်သက်လုံး မမုန်းချင်ဘူး
မထူးဇတ်လိုလို ပုံပြင်လိုလို မလုပ်ပါနဲ့
ရူးမတတ်ချစ်ခဲ့တာတော့ သတိနဲနဲရပေးပါ ။
ဆောင်းရာသီ ကဗျာတွေအတွက်
မင်းကငါ့ကို စာသင်နေတာပေါ့
အချစ် စစ်စစ်ကို အမြင်လှစေဖို့
ကာလာစုံ ဆိုးစရာ လိုလို့လား
သံယောဇဉ် တွေတိုးပေးရင်တော့
လုံလောက်ပြီ ထင်တာပဲ ။
မျော်လင့်ချက်တွေ ရင်ထဲ
မမေ့ မပျောက်ရှိနေခဲ့လို့
တနေ့နေ့ မင်းလေး
ငါ့ရင်ဘတ်ထဲ ရောက်လာမှာပါဆိုတဲ့
အတွေးသက်သက်နဲ့
အနေခက်နေတာလဲ ကြာခဲ့ပြီ ။
တစ်နေ့တစ်ခြား ပီပြင်လာတဲ့ဆောင်း
တောင်ကုန်းပေါ် လှမ်းကြည့်လိုက်စမ်း
မြူနှင်းတွေ တိမ်ခိုးတွေ အပြည့်
နှလုံးသားထဲမှာလဲ အလွမ်းတွေ
မျော်လင့်ခြင်းတွေ အပြည့်
အပြင်မှာအေးပြီး
ရင်တွင်းက ပူတယ်
ဒီအပူ လူတွေသိမှာ ကြောက်လို့
တိုးတိတ်စွာနဲ့ပဲ ဆက်လက်သိမ်းထားစို့ ။
အစကတဲက ဒီလမ်း
မဖြောင့်တန်းတာ သိခဲ့တာပဲ
ပြက္ခဒိန် အသစ်အသစ်တွေက
ငါ့ကို ကုသပေးတဲ့ သမားတော်တွေပါ
အရောင် နဲနဲလွင့်နေတဲ့
သံယောဇဉ်ကိုတော့
ဝါးကူထိုးနေတဲ့ လူနဲစုကတော့
ပတ်ဝန်းကျင်မှာ ရှိနေလေရဲ့ ။
စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့
jasmine
20 comments:
အရောင်နဲနဲလွင့်နေတဲ့သယောဇဉ်အတွက်
အရောင်တင်ပေးနိုင်ပါတယ်ဒေါ်ကက်ရေး)
ဘယ်ရောင်ကြိုက်လဲ.ပြောပါးP
အရောင်တင်မှုန့်တွေအများကြီးရယ်း)
(ဘာလို့အဲလောက်တောင်လွမ်းနေရတာဒုန်း.
ဘေးမှာတစ်ယောက်လုံးရှိနေတာတောင်...)
ကဗျာလေးခံစားသွားတယ်နော်
ခင်ခင်မင်မင်ကက်စမင်အား
လေးစားလျှက်
အချစ်ဆိုတာ ဘေးမှာရှိနေရင်လဲလွမ်းတာပါ
ရင်ဘတ်ထဲကိုတစ်ယောက်ယောက်ထဲ့ထားကြည့်လိုက်နော်
ချစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေပေါ်လွင်လာလိုက်မယ်
နီးခြင်းဝေခြင်းနဲ့လဲ မဆိုင်ဘူး လွမ်းတာကလွမ်းတာပါပဲရှင်
အရင်ဆုံးအားပေးခဲ့တဲ့ စံစံရေ....ကျေးကျေးပါနော်..အားရင် line
ပေါ်တက်ခဲ့လေ ။
ဒီအပူတွေကိုလူတွေသိမှာမကြောက်ပါနဲ့,,ဘော်ဘော်အားလုံးကို
ဘတ်ဒေးကိတ်လိုလုပ်ပြီးခွန့်ကျွေးလိုက်ပေါ့,,မဂျက်လေးက ကဗျာရေးတော်တယ်နော်,,,
ခင်မင်စွာဖြင့်
အချစ်ဆိုတာ နီးခြင်းဝေခြင်းနဲ့လဲ မဆိုင်ဘူး လွမ်းတာကလွမ်းတာပါပဲ ... တဲ့
အင်း ... ခံစားချက်ခြင်း ထပ်ထူ ကျပါတယ် ... မဖြောင့်တဲ့ လမ်းလေး ဖြောင့်ပါစေလို့  ဆုတောင်းရင်း ... ကဗျာ လေးကို နှစ်ခေါက်လောက် ပြန် ဖတ်ကြည့်နေမိပါတယ် ....
ခင်မင်စွာဖြင့်
မောင်ဘုန်း
ဒီမှာ ဆောင်ကလည်း အေးအေးလာလေတော့ ဒီကဗျာလေးနဲ့ ကျွန်တော့်မဟေသီကို လွမ်းရတာ တယ်အရသာရှိသဗျို့..... အားပေးသွားကြောင်းပါ မဂျက်စ်ခင်ဗျား။ ကြောင်ပြပွဲလည်း ကြည့်သွားတယ်နော့်....
မမဂျက်ကဗျာေ၇းတော်လိုက်တာ မောင်လေးလာအားကျသွားတယ်နော် မမဂျက်အလွမ်း၇က်တွေအမြန်ကုန်ပါစေလို့စုတောင်းလျှက်ပါ
လွမ်းသွားမိပါတယ် ..
ပြက္ခဒိန်အသစ်သစ်တွေက
ငါ့ကိုကုသပေးတဲ့သမားတော်တွေပါ ..
နှစ်ခြိုက်မိပါအိ ..
ခင်မင်စွာဖြင့်
April
အရမ်းကြိုက်လို့၂ခေါက်တိတိဖတ်သွားပါတယ်မဂျက်ရေ
ကဗျာလေးလာရောက်ခံစားသွားပါတယ်ချင့်
အနားက ဝါးကူထိုးတဲ့ လူတွေထဲ ကျွန်တော် မပါဘူးနော် အစ်မ...
လွမ်းပဲ လွမ်းနိုင်လွန်းတယ်
ကဗျာလေးနဲ့အတူခံစား၇ပါအိ..
မစပယ်ရေ..ကျွန်တော် ကဗျာလေးကို ခံစားဖတ်ရှုလိုက်တာ အီရတ်စစ်ပွဲ ရပ်စဲလို့ မိုးအကုန် ဆောင်းအကူး မမေ့နိုင်ဘူး ချစ်ဦးရယ်ဆိုတဲ့ ဇာတ်လမ်းတွဲကို ကြည့်ရသလို တစိတ်စိတ် ခံစားရင်း ကဗျာလည်းဆုံး အချစ်ရှုံးပြီလေ...
ဆက်လက် ရေးသားနိုင်ပါစေ...မစပယ်..
စေတနာအရင်းခံပါ
ဝါးကူထိုးပေးတာမဟုတ်ရပါ.....
အရမ်းကောင်းတဲ့ စကားစုလေးတွေပါဘဲ။
မစံပယ်.....မိုးယိုရင် မိုးေ၇ခံဖို့ ဒန်အိုးလေးလာပို့ပါတယ်....:P စတာ....။
"အချစ်စစ်စစ်ကိုအမြင်လှစေဖို့ကာလာစုံဆိုးစရာလိုလို့လား...သံယောဇဉ်တွေ
တိုးပေးရင်တော့ လုံလောက်ပြီထင်တာပဲ....' အဲ့စာသာလေးကိုကြိုက်တယ်...။
စကားလုံးတွေက အားပါတယ်ဗျာ.....
ချစ်သူတဲ့လားမင်းနည်းနည်းတော့များပီနော် အားပေးခဲ့ပါတယ်ဂျာ
ရေးထားတာလေး ကောင်းတယ် မမဂျက်ရေ
ကဗျာလေးကိုကြိုက်လို့ ၃ ခေါက် ဖတ်သွားတယ်..:D
ချစ်ခင်လျက်
ဂျွန်မိုး
ရေးထားတာလေး ကောင်းတယ် မမဂျက်ရေ
ကဗျာလေးကိုကြိုက်လို့ ၃ ခေါက် ဖတ်သွားတယ်..:D
ချစ်ခင်လျက်
ဂျွန်မိုး
မိုးရေယိုနေတယ်ဆိုလို့ အပြေးလေး.....ခဲ့ပါတယ်
ဝါးနဲ့မထိုးဘူး သွားကြားထိုးတံနဲ့လာကလိမို့
မမစံပယ်ကို ကွန်မရလို့ လာမနှောက်ယှက်ရတာ ဟိဟိ
ချစ်တဲ့
ဒိုးကန်
Post a Comment