ဘုရားသခင်ပေးတဲ့ထဲမှာ အသစ်အဆန်းတွေ
ဘာမှမရှိဘူး
မရိုးသားမှုနဲ့ အခန်းဆက်နေတဲ့ လူတွေ
လိမ်ညာမှုတွေက အသွေးအသားထဲ
ရက်မခြား စနစ်လဲမခြား
ဘာကိုမှ တားဆီးမရ
တသောသော ၀င်လာနေတယ်
အခုရပ်နေတဲ့ ဒီနေရာ
အရင်ကတော့ အရမ်းကိုစုတ်ပြတ်သတ်နေတာပဲ
ခေါ်သူမရှိ မေးသူပေါ်မလာ
အပေါင်းအသင်း ဝေလာဝေးခဲ့တဲ့ ဘဝ
အဲဒီက စခဲ့တာပါ
ဒါတွေသိရင် သင် နည်းနည်း ရှက်တတ်ပါစေတော့
ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ
ငါ့ ကိုယ်ကျင့်တရားတွေ
ခပ်မတ်မတ်လေးထားပြိး
ပေါင်းသင်းခဲ့တာပါ
ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?
ကဗျာဖတ်ပြီး
ကဗျာဖတ်ပြီး
Christmas Presents လေးများကိုယူဆောင်ကြပါရှင်
22 comments:
ကဗျာလေးတွေဒီနေ့မှလာရောက်ဖတ်ရှုသွားပါတယ်..
မစပါယ်...လွမ်းနေတာလား...ကျေးကျေးပါနော်နှင်းဆီ
အိမ်နာရေးကြောင့်...ခနအနားယူနေတာပါလေ...စိတ်တွေမီးလိုပူတောက်နေလို့ပါလေ.စိတ်အနေကျ၇င်.နေ့တိုင်းလာခဲ့ပါမယ်နော်..စပါယ်ချစ်တဲ့နှင်းဆီ...နှင်းဆီချစ်တဲ့စပါယ်...။
ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ။
ကဗျာလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
လူတွေ က ကူညီ ဖို့ထက် အကူအညီ တောင်းဖို့
လူဖြစ်လာကြတာများတယ် ဂျက်ရေ
ဟုတ်တယ်။ ကိုယ်ကျင့်တရားတွေ ပေါင်းသင်းခဲ့ပေမယ့် အနှုတ်တွေပဲရခဲ့တယ်။
ငါ့ ကိုယ်ကျင့်တရားတွေ
ခပ်မတ်မတ်လေးထားပြိး
ပေါင်းသင်းခဲ့တာပါ
ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?
ကဗျာလေးလာဖတ်သွားပါတယ်အမရေ..
မလေးစကားသင်ပေးပါ.. ဟီး
ဘာမှလဲမဆိုင်ဘူးနော်.. :P
ရင်ထဲက ခံစားချက်လေးကို စကားလုံး နူးနူးညံ့ညံ့လေးတွေနဲ့ ဖော်ညွှန်းသွားတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးဖတ်သွားပါတယ်...ဟိုအရင်ချိန်တွေတုန်းက ခရစ္စမတ်နေ့ရက်တွေကို လွမ်းမိတယ်..
ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?
ကြိုက်တယ် မဂျက်ရေ
ကဗျာလေးဖတ်ပြီးလက်ဆောင်လေးယူသွားပါတယ်မမကြီးရေ
ခေါင်းထဲကို အတွေးတစ်ခု ဝင်သွားစေတယ်.. မမစံပယ်ရေ..
ငါ့ ကိုယ်ကျင့်တရားတွေ
ခပ်မတ်မတ်လေးထားပြိး
ပေါင်းသင်းခဲ့တာပါ
ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?
ကဗျာလေးက ရင်ထဲ စိုက်ဝင်ခဲ့တယ် ။
တိုက်ဆိုင်မှုရှိတဲ့ ကဗျာလေးအတွက်
ကျေးဇူးတင်ပါတယ်ဗျာ ။
ကဗျာကောင်းလေးကိုခံစားရင်း ခရစ်မစ်လက်ဆောင်ကိုယူသွားပြန်ပါပြီ
"ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ "
သည်စာကြောင်းလေးကိုလည်းအရမ်းကြိုက်တယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
"ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ"
နောက်ကျနေတဲ့သူတွေဘယ်လောက်တောင်များနေပြီလဲနော်။
Merry Christmas & Happy New Year ပါမမရေ
အမှန်တရားတွေကို ကဗျာတစ်ပုဒ်ဖွဲ့လိုက်တော့လည်း ပိုပေါ်လွင်သွားတာပဲနော် ။
Merry X'Mas & Happy New Year sis.. ^^ ဘူးသီး..သီးမှ အရီးတော်တတ်တာ ထုံးစံပါပဲ sis ရေ... လောကမှာ ဘယ်အရာမှ အလွယ်မရဘူးဆိုတာ မသိကြတော့လည်း အခက်သားလား ... လူသားအားလုံး မိတ်ကောင်းဆွေမွန်နဲ့ ဆုံစည်းနိုင်ကြပါစေ။ :)
အချစ်ကဗျာတွေရေးလာခဲ့ရာကအခုလိုကဗျာမျိုးဖတ်ရတာအရသာပိုရှိပါတယ်မစံပယ်။တားဆီးတာကလုံးကြီးတင်အဆံခတ်ပါတယ်။ဆည်းဆိုတာကဆည်းလည်းမှာသုံးပါတယ်ခင်ဗျာ။နည်းနည်းကလည်း နဲနဲဆိုတာမဟုတ်ပါဘူး။ ကြိုးစားမှုမရှိဘဲနဲ့အလကားလိုချင်နေတဲ့စိတ်ဆိုတာလေးကိုသဘောကျမိပါတယ်။ခရစ္စမတ်လက်ဆောင်တွေတော့ယူသွားပြီနော်။
ကိုဆူးသစ်
ကျေးဇူးပါရှင် ခုချက်ခြင်းကိုပြင်လိုက်ပါပြီ
နောင်လဲ ဝေဖန်ပြီးခုလိုလေးကိုကူညီပါလို့
ကျေးဇူးတင်လျှက်
ကဗျာလေးဖတ်ပြီး တွေးမိတာတွေ များသွားတယ် ကွယ်..
ကဗျာလေးဖတ်ပြီး တွေးမိတာတွေ များသွားတယ် ကွယ်..
ကဗျာလေးဖတ်ပြီး လက်ဆောင်ယူရမှာတောင် လန့်ထှာမမရာ.. :P ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ပိုင်ဆိုင်ပါစေမမရေ..
ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ ....
ဂွတ်ပါမရေ..စကားလုံးလေးတွေ သဘောကျမိပါ့....
လက်ချောင်တွေကတော့ ကြိုက်လို့အကုန်လုံးယူတွားပြီ.ဟိ
မတားနဲ့..ရဘူး သိလား..မိုးနတ်ကအဲလို
လောဘကြီးတာ...ဟင်း...ဟင်း...
ချစ်တဲ့....မိုးနတ်
ဖတ်ပြီးတော့ ကျွန်တော့်ကိုမေးလိုက်သလို ဒိတ်ကနဲဖြစ်သွားတယ်.။အစ်မဂျက်
Post a Comment