မစံပယ်မွေးနေ့ အမှတ်တရ
စံ ပြနေရာထားရလောက်အောင်
ပယ် မခံရတဲ့ကိုလွင်ပြင်ရဲ့
ချို မွေးချစ်စရာကောင်းသော
သူကလေး
ဘလော့က စလို့သိခဲ့တဲ့
မစံပယ်ချို
စိတ်ရင်းစေတနာကောင်းသူ
ဘလော့ စဖွင့်တည်းက
ကိုယ်သွားသွား မသွားသွား
အမြဲလာရောက် အားပေးတတ်သူ
ကိုယ်နေမကောင်းရင်
သတိတရ စိတ်ပူမေးမြန်းတတ်သူ
အရေးကြီးရင်
ဖုန်းဆက်နိုင်ပါဆိုပြီး
ဖုန်းနံပါတ်ကို ရက်ရက်ရောရောပေးတတ်သူ
ကိုယ့်ရင်ထဲမှာ
တသက်လုံး စွဲမြဲစွာ
အမှတ်တရ ရှိစေမဲ့သူ
မစံပယ်မွေးနေ့မှစ၍
လိုရာတောင်းတဲ့ဆုနဲ့ ပြည့်စုံပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ခင်မင်စွာဖြစ်
လရိပ်အိမ်
----------------------------------------------------------------------------------------------------------------------
ဒီဇင်ဘာကို လှပ်ကြည့်တော့
စံပယ်ဟာ ငွားငွားစွင့်စွင့်ပွင့်တယ်……
နဘေတွေနဲ့ ပျိုမျစ်တဲ့ စံပယ်….
ကဗျာတွေနဲ့ ချိုမြိန်ဆဲ စံပယ်……….
လွင်ပြင်နဲ့ အိပ်မက် ကြိုးညှိတဲ့စံပယ်…
အဲဒီစံပယ် အဲဒီစံပယ်ကြောင့်ပဲ
ဒီတစ်ဆောင်းလုံး ရနံ့တွေ သိုသိုဝှက်ဝှက်ပစ်လွှတ်လိုက်တာ
ရိုးမြေကျတဲ့အထိ ကာရန်တွေကို ဖွဖွလေးလိုက်ကောက်ရတုန်း………။
ရိုးမြေကျ (13.12.2012, 9:45pm)
ရိုးမြေကျ ကသူ့ဆိုဒ်လေးမှာကြိုတင်ပြီးသွားတဲ့ကဗျာလေးပါ
-----------------------------------------------------------------------------------------
မွေးနေ့အမှတ်တရ ပေါက်ကရ ကဗျာ
တခါတလေ
နက်ဖြန်အတွက်ဆိုတဲ့ စိတ်ကူး
ပျောက်ဆုံးခဲ့ဖူးတယ်
တခါတလေ
လိမ်ညာခြင်းကိုမုန်းတီးမိတယ်
တခါတလေ
ကိုယ်တိုင်လိမ်ညာမိခဲ့တယ်
အသက်အရွယ်ရင့်လာတယ်
ခံစားမှု မရင့်
မာနတွေ ပျိုနေဆဲ
လူကတော့အိုပြီပဲကွယ်.....
တနှစ်ပြီးတနှစ်
အသက်တွေ ကြီးပြီးရင်းကြီးလာ
တော်ပါသေးရဲ့
တီးတိုးပြောစရာ
ချစ်သူလေး အနားရှိနေလို့ ။
မိမိမွေးနေ့အတွက် မိမိကိုယ်တိုင်ပေါက်ကရရေးသားထားခြင်းမျှသာ
jasmine
22 comments:
HAPPY BIRTHDAY မစံပယ် !!!
ဘာလို့ လရိပ်လုပ်ပေးတဲ့ပုံအတိုင်းမတင်တာလဲမစံပယ် ၊ မကြိုက်လို့လား။
ဒါဆိုလရိပ် ဖေ့ဘုတ်မှာတင်လိုက်မယ်နော်။
မဟုတ်ပါဘူး အရမ်းကြိုက်တာပါ တင်မလို့ကြိုးစားနေတယ်မရလို့ FBျမှာတော့အဲဒီအတိုင်းတင်မယ်လေ ကိုလွင်ပြင်အလုပ်ပြီးမှပြောတာပါ
အထင်မှားမိတာ ဆောရီးပါ မစံပယ်
ပျော်ရွှင်ပါစေ ၊ နေကောင်းပါစေ။
ယောက်ခမရေ သားမက်လည်း တင်မလို့ ပုံဆွဲနေဒယ်နော
ဒိတ်ကို ဘာလို့ အရှေ့တိုင်းဒိတ်မပြောင်းထားတာလဲဟင်။
ပျော်ရွင်ဖွယ် မွေးနေ့ မင်္ဂလာ လေး ဖြစ်ပါစေ အစ်မရေ ... ။
Happy Birthday ပါ ဂျက်စ်ဂျက်စ်ရေ
Happy Birthday ပါ မမရေ... ပျော်ရွင်ဖွယ် မွေးနေ့လေး ပိုင်ဆိုင်ပါစေလို့... နောင်နှစ်တွေမှာလည်း အခုလိုဆုတောင်းပေးခွင့်လေး ရချင်ပါတယ်မမရေ....
ချစ်ခြင်းများစွာဖြင့် ...
ညီမလေး....
happy birthday ပါမမရေ
သူတို့များ မွေးနေ့တွေ ရောက်ဘဲရောက်လွန်းတယ်။ သူကြီးမင်းမှာဖြင့် ကိုယ့်မွေးနေ့တောင် ခပ်မေ့တေ့တေ့ရယ်။
ဒီလိုပါဘဲ။ အသက်တွေ ကြီးရင့်လာရင် မွေးနေ့တွေကို ဥပေက္ခာပြုတတ်ကြတာ။း)
စံပယ်ချို
အမယ်အို
တကယ်ပျို။
မွေးနေ့မှာ
ထွေးပွေ့စရာ
ပြေးတွေ့ရှာ။
ရည်စူးကာနေ
ကြည်နူးပါစေ
သီကျူးကဗျာတွေ။
ခေတ်ဦးမှာလေ
နှစ်ကူးခါရေ
ချစ်ထူးပါစေ။
ကဗျည်းစုပေါင်း
အမြည်းထုထောင်း
သူကြီးဆုတောင်း။း)
.
Happy Birthday ပါ sis.. မိုးနတ်ကြယ်စင်လည်း အမအတွက် ကဗျာရေးပေးထားတာတွေ့တယ်း)
မကြီးစံပယ်မွေးနေ့မှသည်နောင်နှစ်များစွာ
ကာယစိတ္တနှစ်ဖြာသောသုခနဲ့ပြည့်စုံပါစေဗျာ
ပြီးသွားခဲ့ပေမဲ့လည်း Happy Birthday ပါမမစံပယ်
ကဗျာတစ်ပုဒ်မရေးပေးနိုင်ပေမဲ့လည်း မမစံပယ်ကိုတော့
အရမ်းခင်မိပါတယ် ဘလော့စလုပ်ကတည်းက အမြဲလာအားပေးတယ်လေ သူတစ်ပါးကိုပျော်ရွှင်အောင် လုပ်ပေးတဲ့သူဆိုလည်းမမှားဘူးပေါ့ သည်နှစ်မွေးနေ့မှစပြီး
နောက်နှစ်ပေါင်းများစွာတိုင်အောင် မမစံပယ်နဲ့ ကိုကိုလွင်ပြင်လှိုင်းငယ်တို့ ပျော်ရွှင်စွာလက်တွဲသွားရပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
မမ မွေးနေ့မှာ အကြီးကြီးပျော်ပါစေ။ အကြီးကြီးဆက်ချစ်နိုင်ပါစေ။ အာဘွားအကြီးကြီးပေးခဲ့တယ်။
စပယ်လေးမောင်လွင်ပြင်နှင်.အတူသက်ဆုံးတိုင်
ပျော်ရွင်စရာမွေးနေ.ပေါင်းမြောက်များစွာဖြတ်သန်းနိုင်
ပါစေကွယ်။ခင်တဲ.အန်တီလေးမေခင်
မွေးနေ့လက်ဆောင်
နှင်းဆီတပွေ့တပိုက်
စပယ်ပါးပြင်မွေးမွေး..
........ကျွတ်ကျွတ်
တီးတိုးမွေးစရာအနားမှာ
ချစ်စပယ်လေးရှိနေလို့...
.........ပျော်ရွှင်ပါစေ
နှင်းဆီချစ်တဲ့စပယ်
မွေးနေ့ မှာပျော်ရွှင်ပါစေ အမရေ..
ဘာကျွေးမှာလဲ..ဟဲဟဲ..
မွေးနေ့ ဆုတောင်းကဗျာကောင်းလေးတွေ
လဲလာဖတ်သွားပါတယ်..
Happy Birthday.. ပါ မစံပယ်ရေ..
မွေးနေ့မှ“စ”
နှစ်(၁၀၀)တိုင် ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ပါစေနော်..
Happy Birthday ပါ... မဂျက် ။
မွေးနေ့မှစပြီး
ကောင်းကျိုးလိုအင် ဆန္ဒမှန်သမျှ
ထာဝရဆုံးတိုင်
ရရှိ ရောက်ရှိ ပိုင်ဆိုင်နိုင်ပါစေဗျာ ။
Happy Birthday ပါ မမစံပယ်..။ ကဗျာလေးတွေ ချစ်စရာကောင်းတယ်..။ တီးတိုးပြောစရာချစ်သူလေး ဘေးနားမှာ ရှိနေတာနဲ့တင် ဘ၀က ပြည့်စုံနေပါပြီ..။ ကဗျာလှလှလေးတွေ ဆက်လက်ပုံဖော်နိုင်ပါစေနော် /
မကြီးဂျက် ပျော်ရွှင်စရာမွေးနေ့လေးပါ ထာဝရပျော်ရွှင်ပါစေ မဂျက်ရေ Happy Birthday!!!
နောက်ကျတာ ခွင့်လွှတ်ပါ မမ
ဖေ့ဘုတ်မှာတော့ ရောက်လာတယ်နော်
ပျော်ရွှင်စရာနေ့ရက်ကလေးများကို ပြည့်ဝပိုင်ဆိုင်နိုင်ပါစေ မမစံပယ် :)))
Post a Comment