တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့ 
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။
စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။
ဘာကိုလဲ ဘာကြောင့်လဲ
ငါ တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး ။
အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
လောဘတွေ အတ္တတွေမှာ
ရောင်စဉ်က နိတ္တိ
သံယောဇဉ်နဲ့ ချစ်ခြင်းမှာတော့
ရောင်စဉ်တွေ သံစဉ်တွေအပြည့်ပေါ့
ဘောင်ခတ်မရတဲ့ လောကထဲ
ငါ့ရဲ့ ကဗျာတွေ
ကမ္ဘာကျော်လဲ မဟုတ်သလို
ခေတ်ရဲ့ ရေစီးကြောင်းထဲလဲ
ငါ
မမျောနိုင်ဘူး
ငါ့ ဘဝ
ငါ့ ပတ်ဝန်းကျင်
လွတ်လပ်ခြင်းတံခါးတွေ
ငါ ဖွင့်ထားပြီး
ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ ကြိုဆိုနေမှာပါ ။
(ကဗျာဟောင်းလေးပါပဲ)
jasmine
9 comments:
အားပေးခဲ့ပါတယ် မ
အဟောင်းလေးပေမဲ့အမြဲတမ်းသစ်နေတာ
ဂျက်ရေ အားပေးခဲ့ပါတယ်
စာလုံးလေးတွေ အရမ်းသေးနေတယ်နော်
ဖေါင့်မပြောင်းလိုက်မိတာလား
ဟုတ်တယ်သမီးတော်ရေ ပြောမှပဲ ပြန်ကြည့်မိတယ်
ခုပြောင်းလိုက်ပါပြီနော် ပြောပြထားလို့
ေေေေေေ ကျေးဇူးပါ
ရေးတာကြာပေမယ့် မဟောင်းတဲ့ ကဗျာပါ.. ဂျက်ရေ.
ချစ်စရာကောင်းအောင် ထုံမွှမ်းထားတဲ့ ကဗျာလေးတွေပါ
ချစ်ခင်လျက်
သဒ္ဓါ
ကဗျာ ဟောင်းတွေလည်းကောင်းနေဆဲပါ ဂျက်စ်ရယ်
ငါ့ ဘဝ
ငါ့ ပတ်ဝန်းကျင်
လွတ်လပ်ခြင်းတံခါးတွေ
ငါ ဖွင့်ထားပြီး
ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ ကြိုဆိုနေမှာပါ ။
ငါ့ ဘဝ
ငါ့ ပတ်ဝန်းကျင်
လွတ်လပ်ခြင်းတံခါးတွေ
ငါ ဖွင့်ထားပြီး
ဖြူစင်ခြင်းတွေ ယှက်နွယ်နေတဲ့
သူငယ်ချင်း မိတ်ဆွေအားလုံးကိုလဲ
ငါ ကြိုဆိုနေမှာပါ ။
တို့မကြီးကအမြဲကြိုဆိုတတ်တာတော့သိတယ် :)
မမဆီကိုကဗျာတွေလာဖတ်ဖြစ်ပေမယ့်လိုင်းမကောင်းတော့ကွန့်မန့်ကိုမပေးနိုင်ဘူး။စိတ်ဆိုးနဲ့နော်။အသူပို့စ်အသစ်တင်တိုင်းလာဖတ်တယ်။ချစ်မကြီးမွှမွှ
ကဗျာဟောင်းလေးကို ခံစားချက်အသစ်တွေနဲ့ ဖတ်သွားပါတယ်ခင်ဗျာ့း)
Post a Comment