ပျက်အစဉ် ပြင်ခဏ
ပျက်တာမှန်ရင် ပြင်ရင်ရပေမယ့်
ဖျက်လို့ ပျက်ရင်
ပြင်ရပေမယ့်
ရင်ဝမှာတော့
ဒဏ်ရာ ဗလပွနဲ့
တသက်တာတော့ ဒဏ်ရာရဲ့ နာကျင်မှု့
အမာရွတ်ကတော့ ကျန်နေအုံးမှာပါ ။
အရင်တလောလေးက မောင်နွေလက သူ့လလော့လေးပျက်သွားလို့ ကျွန်မစီဘောက်မှာ လာငိုသွားပါတယ် (တကယ်လဲ သူအရမ်းဝမ်းနည်မယ်ဆိုတာကို ကိုယ်ချင်းစာမိပါတယ်) ။သူလာတဂ်တုန်းက ချက်ချင်းရေးပေးချင်ပေမယ့် ချူချာလွန်းတဲ့
ကျွန်မမိဂျက် အစာအိမ်နာ သွေးပါတိုးနေလို့ မရေးဖြစ်ခဲ့တာကို နားလည်ပေးပါ မောင်နွေလရေ ။အခုတော့ လင်တော်မောင်က
ဂရုတစိုက်ပြုစုလို့ သက်သာသွားပြီဆိုတော့ ကျွန်မရင်ထဲကအတိုင်း မောင်နွေလ အမေးလေးတွေကို ဖြေပေးပါတော့မယ် ။
(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
Tuesday, February 14, 2011 ချစ်သူများနေ့မှာ တည်ထောင်ဖြစ်ခဲ့တာပါ။ ကျွန်မချစ်လင်ကိုလွင်ပြင်က သူအလုပ်သွားချိန်
ကျွန်မတစ်ယောက်ထဲအိမ်မှာ အထီးကျန်နေမှာစိုးလို့ဆိုပြီး ကျွန်မ၀ါသနာပါတဲ့ ကဗျာရေးလို့ရအောင် ချစ်သူများနေ့မှာ အမှတ်တရပေးခဲ့တာပါ ။
******************************************
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
ရည်ရွယ်ချက်ကြီးကြီးမားမားတော့မရှိပါဘူး ကဗျာရေးတာဝါသနာပါတော့ မှတ်စုလေးအနေနဲ့ ရေးဖြစ်တာပါ ။အခုတော့ ဘလော့ဂ်သူငယ်ချင်းတွေနဲ့ ပျော်စရာကမ္ဘာလေးတစ်ခုပေါ့ ။
*******************************************
(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ရည်မှန်းချက်ကတော့ ရင်ဘတ်ထဲကခံစားချက်တွေကို ချရေးရရင်ကျေနပ်ပါပြီ ။ မြတ်နိုးတန်ဖိုးထားတာကတော့ အရမ်းပဲ ပြောမပြတတ်ဘူး ။
****************************************
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
တခါပျောက် ဖူးတယ် ။
**************************************
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
အရမ်းခံစားရတာပေါ့ မေးလ်ကို ဖွင့်မရ ဆိုဒ်ကိုဖွင့်မရနဲ့ အရူးတစ်ယောက်လိုပဲ ငိုယိုပြီး သူ့ဆီဖုန်းဆက် ထိုင်ရမလို ထရမလိုနဲ့
သူကလဲ အိမ်ကို ချက်ချင်းပြန်လာပြီး ဘယ်လိုလုပ်လိုက်လဲတော့မသိဘူး ငါးမိနစ်လောက်နေတော့ ပြန်ရတယ် ပြန်ရတော့
ဘယ်လိုကြည်နူးမှန်းကိုမသိဘူး အရမ်းပျော်တာပဲ ။
**********************************
မောင်နွေလရေ အမတော့ရင်ထဲကအတိုင်းရေးချပေးလိုက်ပြီနော် လူသားအားလုံး ၀မ်းနည်းခြင်းမှ ကင်းကြပါစေ
jasmine
18 comments:
ကိုနွေလ ဘလော့လေးပျက်သွားတာ
ဘလော့ပိုင်ရှင်နဲ့ ထပ်ထူစိတ်မကောင်း
ဝမ်းနည်းရပါတယ်လို့ ဒီနေရာလေးက
အရင်ဦးဆုံးပြောကြားလို ပါတယ်
blogger တွေဟာ blog ကိုဘယ်လောက်
ချစ်ခင်နှစ်သက်မြတ်နိုးတယ်ဆိုတာ
ဘလော့ဂါတွေအချင်းချင်းသာကိုယ်ချင်းစာနိုင်မယ်လို့ 
ထင်ပါတယ် ...အမလေးလေးလေးလေး
အဲလိုလဲ blog ကပျက်တတ်သေးလား
မဖြစ်ဘူး မဖြစ်ချေဘူး
ကဗျာတွေအားလုံး ပြန်ဆယ်ထားမှဖြစ်မယ်
ပျက်သွားရင် မချောင်ဘူး ကဗျာတွေကို
blogspot လေးအားကိုးပြီး စုထားရတာ
သင်ခန်းစာပေးသွားတာပဲ ကျေးဇူးပါ မဂျီးဂျက်ရေ
မဂျီးဂျက်လဲကျမ်းမာပါစေလို့ စုတောင်းပါတယ်နော်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
တော်လိုက်တဲ့ ကိုလွင့်ပြင်...
မရေ... ရောက်ခဲ့ပါတယ်နော်. ဘလောအပေါ်ထားတဲ့သံယောဇဉ်ကို ဘလော့ရေးသူးတစ်ယောက်အနေနဲ့ ဘလော့လေးပျောက်သွားတဲ့ မောင်နွေလကို ကိုယ်ချင်းစာမိပါတယ်ရှင်..စိတ်လည်းမကောင်းပါဘူး။ သူငယ်ချင်းတွေနဲ့အားလုံးသော ဘလော့ဂါတွေရဲ့ဘလော့လေးများ ထာဝရတည်တံ့ပါစေလို့ ရင်ထဲကနေ ဆုတောင်းပေးပါတယ်နော်..။
မမရဲ့ ဘလော့ခ်လေးအပေါ် မမဘယ်လောက်ချစ်ခင်တွယ်တာရတဲ့ အတိုင်းအဆကို ညလေးမှန်းဆမိသွားတယ် ... :)
လာဖတ်ခဲ့ပါတယ်မမရေ..
ကဗျာတွေများကြီးရေးနိုင်ပါစေ...
အမစံပယ်
အမရဲ့ဘလော့လေးအပေါ်ခင်တွယ်တဲ့
ရင်ထဲကခံစားချက်လေးကိုလာဖတ်သွားပါတယ်နော်
အဲ့..
အပေါ်ကလူတွေ ပြောသွားသလိုဘဲး)။
ဒါနဲ့.
ကိုဘုန်းကြွယ်က လူနာလည်းကုတတ်တာဘဲလားဗျ
တော်ပါ့တော်ပါ့ ။
တဂ်ပို့စ်လေးဖတ်သွားတယ်နော်.. .ကျမလဲရေးရဦးမယ်..မအားတာနဲ့ မရေးဖြစ်သေးတာ :)
ဘလော့မှ ဖဘ ပျော်သူအဖြစ် အနည်းငယ်ပြောင်းလဲလာပြီဟု ခန့်မှန်း၏ :)
မမရေးတာလေးလည်း ဖတ်သွားပြီ.. ကိုယ်တိုင်ရေးဖို့ပဲ ကျန်တော့တယ် ဟီးး
ရေးထားတာ အရမ်းကောင်းပါတယ် အစ်မဂျက် ဒီထက်အများကြီး ကဗျာတွေဖွဲ.နိုင်ပါစေ
ကျန်းမာရေးအထူးဂရုစိုက်ပါ ဂျက်ရေ။ တဂ်ပို့စ်လေးဖတ်သွားတယ်နော်။ လွင်ပြင်လေးဆီ ငိုပြီးဖုန်းဆက်တယ်ဆိုကထဲက ချက်ခြင်းထပြေးလာမှာ မဖတ်ပဲသိနေပြီးသားပါ ဂျက်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ချစ်ချစ်ဆီကို ငိုပြိး ဖုန်းဆက်တယ်ဆိုလို့ ..သတိရသွားပြီးမမရေ... ညီမလေးလည်း ဘလော့ဖွင့်ထားတဲ့မေးလ် အဟတ်ခံရတုန်းက နေစရာနေရာမရှိခဲ့အောင်ပဲ ရူးရမလိုနဲ့ အဲ့အချိန်တုန်းက... သူ ရှိခဲ့တယ်လေ.. သူလုပ်ပေးလို့ မေးလ်လေးပြန်ရတော့ ပျော်လိုက်တာ.. သြော်...ခုတော့ အမှတ်တရတွေပဲ ကျန်ခဲ့တော့တယ်..မမရေ..
တက်ခ်ပို့ လေးလာဖတ်သွားပါတယ်..အမရေ..
ပျက်အစဉ် ပြင်ခဏ
ပျက်တာမှန်ရင် ပြင်ရင်ရပေမယ့်
ဖျက်လို့ ပျက်ရင်
ပြင်ရပေမယ့်
ရင်ဝမှာတော့
ဒဏ်ရာ ဗလပွနဲ့
တသက်တာတော့ ဒဏ်ရာရဲ့ နာကျင်မှု့
အမာရွတ်ကတော့ ကျန်နေအုံးမှာပါ ။
ဒါလေးလဲအရမ်းကောင်းတယ်..း)
ဘလော့ဂ်လေးပျောက်ဆုံးခဲ့ဖူးတော့ အဲဒီခံစားချက်ကတော်တော်ခံရခက်တာမမရဲ့။
Intro ၀င်ထားတဲ့ ကဗျာလေးကလည်းကောင်းသား
ဘလော့ပျောက်ဆုံးဖူးသော ဘလော့ပိုင်ရှင်များနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်
အမဖြူရေ တဂ်ပို့စ်လေးဖတ်သွားပါတယ်ခင်ဗျာ...
ရင်ထဲသိမ်းထား
လွမ်းစိတ်များကို
ဖြေအား လျော့ပေါ့
ဒီဘလော့။
ရင်ထဲအလွမ်း
ထပ်မနွမ်းဖို့
အနမ်းသခင်
ထိုလွင်ပြင်။
ဒီတော့...
လွင်ပြင်နဲ့ ဘလော့
ဘလော့နဲ့ လွင်ပြင်
ဘယ်သူ့ကို ပိုခင်လဲ။
ဘယ်သူ့ကို ပိုကြင်လဲ။
ပိုသူ့ကို ပိုမင်လဲ။း))
Post a Comment