ဘလော့ ကိုစပြီးရေးသားကတဲက သိလို့ တတ်လို့ရေးတာလဲမဟုတ်ခဲ့ပါ ငယ်ငယ်ကတဲက မရေးရ မနေနိုင်တဲ့ အခြေအနေမို့ အမြင်မတော်သူ အိမ်ကလူ(ကိုလွင်ပြင်)က ဘလော့လေးတခုကိုစတင်ပြီးဖွင့်ပေး
ခဲ့လို့သာ ရေးခဲ့ဖူးတဲ့ ကဗျာများစွားကို တင်ပြခွင့်ရခဲ့ပါတယ် ။ February 14, 2011 မှ စတင်ပြီးဘလော့လေးကိုဖွင့်ခဲ့တာ သူငယ်ချင်းမိတ်ဆွေများရဲ့ အားပေးမှုကြောင့် ယနေ့တိုင်အောင်ပါပဲရှင် ။ ဘလော့ဒေး ဆိုတာလဲ ဘယ်နေ့ဘယ်ရက်တခါမှ စိတ်ဝင်စားမှုမရှိခဲ့သလို ဘာကြောင့်သတ်မှတ်တယ်ဆိုတာလဲ မသိခဲ့ပါဘူး ခုတော့ ဘလော့တွေလည်ပတ်ရတဲ့အကျိုးကျေးဇူးကြောင့်အတော်လေးသိခဲ့ရပါတယ်ဘလော့တွေကို အလည်သွားပြီးစာတွေ ကဗျာတွေဖတ်ခဲ့ရတာလဲ ကျွန်မအတွက်တော့ပျော်စရာတမျိုးပါပဲ- ဒီနေ့ထိ ကိုယ်တိုင်ဘလော့ဂါလို့မထင်မိတာတကယ်ပါ ၊ နောက်ပိုင်းပိုပြီးဆိုးမလားပဲ အိမ်အလုပ်လုပ်ရတာနဲ့ ကိုယ့်မျိုးသားအတွက်လုပ်ကိုင်ပေးရတာနဲ့ ကျောင်းတဖက်ပြေးရတာနဲ့ ကိစ္စ တွေအများသားမို့ ဘလော့ဂါ အားလုံးကို အားနာနေမိတယ်. ကိုယ့်ကဗျာကိုယ်ချစ်ရတာမို့ရယ် သူများတင်တဲ့ ဗဟုသုတ - အက်ဆေး - ဟာသ - ခရီးသွားအတွေ့အကြုံ - ရသ - အကြိုက်ဆုံးကတော့ ကဗျာ အဲတာလေးတွေကိုလဲမဖတ်ပဲမနေနိုင်ခဲ့ပါရှင်။
ကျွန်မရေးသမျှ အမြဲလာရောက်အားပေးခဲ့ကြတဲ့သူတွေအားလုံးကို လေးစားပြီး ကျေးဇူးတင်လျှက်ပါရှင် ။ ကဗျာတွေရေးဖို့အချိန်တိုင်း အားပေးတဲ့ ခဲ့တဲ့ အိမ်ကလူ ကိုလဲ ရာသက်ပန်ကျေးဇူးတင်ပြီး ရိုးမြေကျ တူတူလက်တွဲရပါစေလို့ဆုတောင်းခဲ့ဖူးပါတယ် (ဘလော့ဒေးနဲ့ဘာမျှမဆိုင်ပေမဲ့) ကျွန်မအတွက် ဘလော့ဆိုတာ သူကဖြစ်လာခဲ့တာပါ. နောက်တခုကတော့ Comment တွေအများကြီးလိုချင်လို့ဘလော့ရေးတာမဟုတ်ပေမဲ့လဲ Comment လေးတခုလောက်တွေ့လိုက်ရရင်ပဲ နှလုံးသားကိုပျားရည်လောင်းသလိုခံစားလိုက်ရတဲ့အရသာ ကျွန်မကြိုက်ခဲ့ပါတယ်. ဒါကြောင့် အလည်သက်သက်လာတဲ့သူ-Comment လေးချန်ခဲ့သူ
ကဗျာလေးဖတ်ခဲ့သူ-အားလုံးကို ဒုတိယအကြိမ်ကျေးဇူးတင်ပါတယ်လို့သာပြောပါရစေရှင်.
ကိုယ်တိုင်လဲ အားလတ်တဲ့အချိန်တိုင်း မိတ်ဆွေအားလုံးရဲ့ ဘလော့တွေထဲ ၀င်ရောက်လည်ပတ်ပြီးအားပေးနေမှာပါရှင် ။ တွေ့ဖူးမြင်ဖူးပြီးတဲ့ဘလော့ဂါတွေကိုထပ်ပြီးတွေ့ဆုံချင်မိသလို မတွေ့ဖူး မမြင်ဖူးသေးတဲ့ လလော့ဂါတွေကိုလဲ အပြင်မှာတွေ့ဖူးမြင်ဖူးချင်ပါတယ် ။
ကျေးဇူးတင်လျှက် Jasmine
17 comments:
လွမ်းတယ်မမ။ စာတွေမေ၇းဖြစ်တာ ကြာပီ။ ကိုယ့်ဘလော့ကိုယ်လဲ ဖုန်မခါဖြစ်ပါဘူးမမ။
သတိရနေတယ်နော်
ကေသီရေ
မဂျီးလဲလွမ်းလျှက်ပါကွယ်
အားပေးသွားတယ် မကြီးဂျက်ရေ...သက်ဆုံးတိုင်လက်တွဲ သွားနိုင်ပါစေဗျာ....(Happy Blog Day)မှာလည်း ပျော်ရွှင်ပါစေ.....(*_*)
ပစ်ထားတဲ့ဘလော့ပြန်ဝင်ပြီး ကျေးဇူးတင်စွာနဲ့လာမန့်ပါတယ်။ သတိတရရှိနေပါတယ်။ အရာအားလုံး အဆင်ပြေပြီး ကျန်းမာ ပျော်ရွှင်စွာနဲ့ စာတွေများများ ဆက်ရေးနိုင်ပါစေနော် ....
ဂျက်ရေ… ဘလော့ဂါတိုင်းရဲ့ တူညီတဲ့ ခံစားချက်လေးတွေပါပဲ… ဘလော့ဒေးနဲ့ သက်ဆိုင်တာဖြစ်စေ မသက်ဆိုင်တာဖြစ်စေ ပို့စ်တစ်ပုဒ်ဖတ်ခွင့်ရလိုက်တာကိုပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျေးဇူးပါနော်။
ဘာပဲဖြစ်ဖြစ်ပေါ့...ဘလော့ဒေးအမှတ်တရပို့စ်လေး
တစ်ခုတော့အမဖြူရေးဖြစ်ခဲ့ပြီလေ...ဒါကိုကြည့်ခြင်း
အားဖြင့်ဘလော့ဂါတစ်ယောက်ဟာသူ့ဘလော့လေး
နဲ့ဘလော့ဂါတွေအပေါ်သံယောဇဉ်ရှိတယ်၊ လေးစား
တယ်ဆိုတာပေါ်လွင်ပါတယ်အမဖြူရေ...ပို့စ်မရေး
နိုင်တဲ့သူတွေကိုတာဝန်မကျေဘူး၊ ဘလော့အပေါ်သံ
ယောဇဉ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်...အ
ကြောင်းအမျိုးမျိုးကြောင့်အချိန်မပေးနိုင်ဘူးဆိုတာကို
ကိုယ့်အခြေအနေနဲ့ယှဉ်ပြီးနားလည်ပါတယ်အမဖြူ
ရေ...ဒီဘလော့ဒေးတဂ်ပို့စ်လေးရေးဖို့ကို အချိန်
လေးရက်လောက်ယူရတယ်အမဖြူရေ...အချိန်ပေး
နိုင်ရင်ပေးနိုင်သလောက်ဘလော့မှာပဲလည်တော့
မယ်အမဖြူ...ဘလော့ကရတဲ့ Comment လေး
ကတန်ဖိုးကြီးသလိုလေးလည်းလေးနက်တယ်လို့
ခံစားမိတယ်အမရေ...ဘလော့ဒေးအမှတ်တရ
တဂ်ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်အမဖြူရေ..
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
မာမီဂျက် ကဗျာတွေတင်ပါဦးလေ
အစစ အဆင်ပြေပြီး ကျန်းမာ ပျော်ရွှင်စွာနဲ့ စာတွေအများကြီး ဆက်ရေးနိုင်ပါစေ မမစံပယ် ...
ဘလော့မဂင်းနိုင်တာကြာလှပြီမို့ အကြာကြီးထဲမှာမှ ပထမဆုံး ပြန်လာလည်ဖြစ်ပါတယ်။
ဘလော့မဂင်းနိုင်တာကြာလှပြီမို့ အကြာကြီးထဲမှာမှ ပထမဆုံး ပြန်လာလည်ဖြစ်ပါတယ်။
ဂျက်စ်ရဲ့ဆုတောင်းလေးလည်းပြည့်ပါစေနော်..
happy blog day ပါ ဂျက်စ်ရေ..
Happy Blog Day ချစ်မကြီး။
အသူတင်သမျှ အမြဲကွန့်မန့်တွေပေးတတ်တဲ့..လာဖတ်တတ်တဲ့ချစ်မကြီးကို
အမြဲချစ်လျက်...
@Ahthu
ဒီလိုဘဲ ဟို အကြောင်းပြ ဒီအကြောင်းပြနဲ့ ဘလော့ဂါတွေ ဘလော့နဲ့ ဝေးသွားကုန်ကြတာလေ။ မရဘူး။ ဆက်ရေး။ များများရေး။ ဒါဘဲ။း))
ဂျက်ရေ
ဆုံတွေ့ ခွင့်ရရင်တော့ အကောင်းဆုံးပေါ့နော်
အရမ်းကိုပျော်စရာကောင်းမှာပဲ
ဂျက်ရေ
ဆုံတွေ့ ခွင့်ရရင်တော့ အကောင်းဆုံးပေါ့နော်
အရမ်းကိုပျော်စရာကောင်းမှာပဲ
ပျော်စ၇ာကြီးနော် ကွန်မန့်တွေ အများကြီးပဲ.. ဘလော့ခေတ် တစ်ဖန်ဆန်းသစ်ပါစေ..
မဂျက်ရေ... ဒီတစ်ခါတော့ တကယ်အရောက်လာနိုင်ခဲ့ပြီ။ ကဗျာတွေလည်း ဖတ်သွားတယ်။ အချိန်ရရင် ထပ်လာခဲ့ဦးမယ်နော်။း)
Post a Comment