နှလုံးသားရဲ့ အရှင်သခင်
******************
ရင်ဘတ်ထဲ
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
jasmine
ပါရမီဖြည့်ဖက်
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
အဲဒီကနေတဂ်ထားလို့ ကဗျာကြွေးဆပ်လိုက်ပါပြီ
ကိုလွင်ပြင်အတွက်ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ ။
jasmine
6 comments:
ကမ္ဘာတသောင်းအထိ ပေါင်းရပါစေ မကြီးဂျက်စ်ရေ
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
ချစ်ပေါ့ ဂျက်ရာ
အချစ်သက်တမ်းလေး ရှည်ပါစေ
ပါရမီဖြည့်ဖက်
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
အဲဒီကဗျာတိုလေး ကြိုက်တယ်
ပါရမီဖြည့်ဖက်
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
အဲဒီကဗျာလေး နှစ်သက်တယ်။ ခုနက မန့်လိုက်တာ ဘယ်ရောက်သွားလဲ သိဘူး :)
နှလုံးသားအရှင်သခင်အတွက်
ခိုင်မြဲလှတဲ့သံယောဇဉ်တွေ
ကမ္ဘာတစ်သောင်းထိတိုင်
ထပ်လောင်ပြီးပေါင်းအုံးမတဲ့လား ဂျက်ရေ...
ကဗျာလေးခံစားသွားတယ်။
အချိန်ပေးပြီးလာရောက်အားပေးသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
Post a Comment