အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။
မကောင်းတာကတော့
မကောင်းဆိုးဝါး ပါဝင်နေတဲ့
အိပ်မက်
အမြန်ဆုံးမိုးလင်းပြီး
မကောင်းတဲ့အရာအားလုံး
ပျက်သုန်းပါစေတော့ ။
ကြင်နာခြင်းတရားတွေက
သေနတ်ထဲက ကျည်ဆံ
ထွက်သလို
ဒိုင်းကနဲ မြည်ပြီး
ပျောက်သွားမှာ မဟုတ်တဲ့အရာလေ ။
မင်းနဲ့ပတ်သက်တဲ့
လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
ပြီးတော့ပြန်ထွက်သွားတယ် ။
jasmine
27 comments:
ကဗျာနဲ့ မိုးထားတဲ့ အိမ်ကလေးကို လာလည်ရင်း ကဗျာလေး ဖတ်သွားပါတယ် ခင်ဗျာ။
နောက်ဆုံး အပိုဒ်လေး
ကိုကြိုက်တယ်....
အားလုံးအဆင်ပြေပါစေ စပါယ်ချို
မင်းနဲ့ပတ်သက်တဲ့
လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
ပြီးတော့ပြန်ထွက်သွားတယ် အားပေးခဲ့တယ် မမဂျက်ရေ
ခင်မင်စွာဖြင့်
ဖတ်တဲ့သူတိုင်းလိုလို နောက်ဆုံးအပိုဒ်ကလေးကို ဟတ်ထိသွားကြသလိုပဲ ညီမလဲ အဲလိုပဲ ဖြစ်သွားတယ် :D
မိုးတီမ်ပြိုအောင်တော့ငိုပါနဲ့မမရယ်
ကဗျာလေးခံစားသွားပါတယ်။။
စံပယ်ရေ..အလွမ်းလာလည်သွားတယ်။ (အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။
မကောင်းတာကတော့
မကောင်းဆိုးဝါး ပါဝင်နေတဲ့
အိပ်မက်
အမြန်ဆုံးမိုးလင်းပြီး
မကောင်းတဲ့အရာအားလုံး
ပျက်သုန်းပါစေတော့ ။
(အလွမ်းပါလို့လားတော့မသိ ဒီအပုဒ်လေး တော်တော်ကြိုက်တယ်။
ဆက်လက်အားပေးနေမယ်
ခင်မင်စွာဖြင့်
အလွမ်း
အမှတ်တရတွေကိုတော့ ပျောက်မသွားစေချင်ဘူးပေါ့ဗျာ..။
အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။
အချစ်တွေချိုတော့လဲ
ဆိုလို့ ကောင်းတာပဲနော်
ကဗျာလေးက အသက်ဝင်တယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
အလွမ်းတောထဲက ဂျက်ရေ အလွမ်းကဗျာလေးအားပေးသွားတယ်။
တီတင့် ၅ရက် ၆ရက် မလေးကိုအလည်လာမှာ ဂျက် လွင်ပြင်လေးတို့နဲ့ ဆုံချင်တယ် အလုပ်အားရင်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်တယ် ဒိုင်းကနဲ မြည်ပြီး ပျောက်သွားတဲ့ အရာမှ မဟုတ်တာပဲ . . . ထိရှခဲ့ကြတာက နင့်နင့်သည်းသည်းပဲ . . .
ခင်မင်စွာဖြင့်
ဗညားရှိန်
အလွမ်းတွေကလဲ ဧည့်သည်လိုဘဲ ပြန်ထွက်သွားရင်ကောင်းမယ်
ကဗျာလေးက ငြိမ့်ငြိမ့်လေး .... နှစ်သက်သွားပါတယ် ...။
ကျွန်တော့်ရင်ကလအလွမ်းတွေလဲ စံပယ်ပြောသလို
ဧည့်သည်အဖြစ်နဲ့ ပြန်သွားကြရင် အတော်နေသာ
ထိုင်သာရှိသွားမှာပဲဗျာ
ခင်သော ဇာနည်
မကြီးဂျက်ရေ.....အလွမ်းကဗျာလေးဖတ်သွားတယ်ဗျာ....
အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ကောင်းသတဲ့လေ
မိုးတိမ်တွေပြိုတော့လဲ
ငိုလို့ကောင်းတာပါဘဲ
အဲ့စာသားလေးက ထိသဗျာ.....တော်တော်ကြိုက်တယ်......
ကဗျာတွေကိုချစ်လို့ ကဗျာတွေနဲ့ မိုးထားတဲ့အိမ်လေးကို လာလည်သွားပါတယ်နော်:)))
အားရာ ...စိတ်ပြေလက်ပျောက် .... အလည်လာခဲ့ပါတယ် ...
အလွမ်းကဗျာ လေးနဲ့  တိုးနေပြီ ..... ။
အစ်မရေ ...မရောက်ဖြစ်တာကြာသွားလို့  ... ကဗျာ ...တွေ လာဖတ်တာပါ .. ။
လွမ်းတတ်လိုက်တာ ကဗျာလေးနဲ့....။
ဒါနဲ့စကားမစပ် ချစ်ချစ်ပြောင်းပေးထားတဲ့ အိမ်အသစ်ကလေး လှလိုက်တာ...။
ပန်းတွေဝေနေတဲ့ အိမ်အသစ်လေးမှာ ကဗျာရနံ့တွေက ထုံလို့သင်းလို့..
ကဗျာလေးတွေအားလုံး ကောင်းတယ်။ ဟုတ်တယ်နော် အကြင်နာတရားဆိုတာ လွယ်လွယ်နဲ့ပျောက်သွားတတ်တာမျိုးမှ မဟုတ်တာ။
နံနက်ခင်း မစောတစောတွင် ကဗျာလေးတစ်ပုဒ်ကို ကော်ဖီတစ်ခွက်သောက်ရင်း ခံစားသွားပါသည်။
း)
ခင်လျက်
မြတ်
လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
ပြီးတော့ပြန်ထွက်သွားတယ် ။
အားပေးခဲ့ပါတယ်...
လွမ်းကို လွမ်းနိုင်လွန်းတယ်
ကဗျာတွေ တထောကြီး ပိုင်ပုံထောက်ရင် အလွမ်းတွေ အများကြီး ပြိုကျထားတယ် ထင်တယ်၊း) ချစ်စရာ ကဗျာလေး ဖတ်သွားပါတယ် မစံပယ်ရေ..။
မရောက်တာ အတော့ကို ကြာသွားတယ်..
ဒီထက်ပို ရေးနိုင်ပါစေအုံး..
ဒီထက်ပို နေကောင်းပါစေအုံး..
ဒီထက်ပို အားလုံးအဆင်ပြေပါစေအုံး ဒေါ်ဂျက် :)
ဒီကဗျာလေးကို နှစ်နှစ်ခြိုက်ခြိုက်ထပ်ခါထပ်ခါ ဖတ်မိတယ်
း) ကဗျာလေးနုပြီး လှနေတယ်း)
မမရဲ့ ညလေး ကဗျာအိမ်လေးထဲ လည်လည်လာပီး ဖတ်သွားတယ်နော...
:D
မစံပယ်ရေ.........
ဒီကဗျာရဲ့ အပေါ်ဆုံး အပိုဒ်လေးကိုတော့ ဘယ်လိုကြိုက်သွားမှန်းကို မသိဘူးဗျာ တကယ်လည်းချီးကျူးမိပါတယ်။ မနေ့ကတည်းကလာဖတ်သွားတာပါ တနွေးနွေးနဲ့ကို ခံစားလို့ကောင်းလို့ အခုနောက်တစ်ခေါက် လာဖတ်တာပါ။
လွမ်းဖွယ် ..
ဂျူ
Post a Comment