ငယ်ငယ်တုန်းက သူငယ်ချင်းဖြူစင်စွာနဲ့
ချစ်ခဲ့ဖူးပါတယ်။
အားတဲ့ အချိန်လျှောက်လည်ရင်း
ဟိုနားဒီနားရောက်ခဲ့ဖူးပါတယ်။
တောင်ကြီးဟိုတယ်...ရပ်တော်မူ
တောင်ကြီးဟိုတယ်...ရပ်တော်မူ
လွမ်းစေတီ လဲ သွားခဲ့တာပဲ
အိမ်ကိုအလာ..မြို့ဦးမှာ
တိုက် ၆ လုံးလဲရောက်ပြန်ကာ
သူနေထိုင်ရာ ကန်အောက်ရပ်
ဈေးအနားမှာပါဗျ ။
ချယ်ရီလမ်းက သူငယ်ချင်းရေ
ချယ်ရီလမ်းက သူငယ်ချင်းရေ
ငယ်ဘ၀ကိုမေ့ပြီထင်
မေ့ပါနဲ့နော်သာယာလေး
ငယ်သူငယ်ချင်း ဖြူစင်အေး ။
တို့များတစ်ခါပြန်တွေ့တာ
တို့များတစ်ခါပြန်တွေ့တာ
မှတ်မိသေးလားကွာ
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ။ ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
လေးစားစွာကျေးဇူးတင်တဲ့ jasmine
7 comments:
သာယာ
ချယ်ရီလမ်း
အမှတ်..71-72
ကန်အောက်ရပ်
တောင်ကြီး.......မှငယ်သူငယ်ချင်းသို့
လွမ်းချင်းသက်သက်ဖြစ်ပါသည်။
ဝေး..ကဗျာလေးလာဖတ်တာမိုက်တယ်ကွာ...ရေးတတ်တယ်နော သင်ပေးအုံးနော
(တို့များတစ်ခါပြန်တွေ့တာ
မှတ်မိသေးလားကွာ
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ။ ။)
ကျနော်လည်းလိုက်မယ်ဗျားးး
လို့ထပ်ရေးလိုက်ချင်တော့တယ်ဗျို့.:P
ကောင်းတယ်ဗျာ.ကြိုက်တယ်ကာရန်လေးကို..
ကဗျာလေးကောင်းတယ်။ လွမ်းစေတီတော့ မဖူးဖူးသေးဘူး။ စူဠာမဏိစေတီတော့ ဖူးဖူးတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
မိုက်တယ်ဗျ။
ဖတ်သွားတယ်ညီမ ရေ
မမရေ
မီးကိုလဲရေးပေးပါ
အဲလိုကဗျာမျိုးလေး
Post a Comment