ဘယ်သူကစသလဲဆိုတာတော့ကျွန်မသေသေချာချာမသိပါဘူး။
ရှေ့မှာတော့ဖတ်ခဲ့ဖူးတာတွေရှိပါတယ်....အားလုံးကစာရေးကောင်းတော့ဖတ်ရတာ
ကောင်းပြီးအဆင်ပြေပါတယ်။ ကျွန်မဆီရောက်လာတာကတော့ ဆရာသမားလေး
နေဇော်လင်းကတဂ်လုပ်လို့ပါပဲ၊ တစ်ခါမှလဲမစဉ်းစားခဲ့ပါဘူး၊ ဒါကိုရေးဖို့ဆိုတာကို
ဒါကြောင့်အဆင်ပြေဖို့ဆိုတာကိုမထင်ထားဘူး.....မှားယွင်းမှု များပြားစွာနဲ့ဖော်ပြရမှာပါ...
ဒါကိုနားလည်ခွင့်လွတ်ပြီးဖတ်ပေးစေချင်ပါတယ်ရှင်။
၁။ အစားချင်ဆုံး အစားအစာ = ပင်စိမ်းသီးကို ပဲပုတ်ဂျူးမြစ်နဲ့ရောထောင်းတာ
၂။ နေ့တိုင်းစားဖြစ်တဲ့ အစားအစာ = ထမင်း ဟင်း၊ နဲ့ ရှမ်းခေါက်ဆွဲတိုဟူး (ခေါက်ဆွဲကြိုက်တော့တစ်ပတ်ကို ၃-၄ ရက်ခေါက်ဆွဲလုပ်စားဖြစ်ပါတယ်)
၃။ အလိုချင်ဆုံး ရေမွေး = စံပယ်နံ့ပါသောပြင်သစ်လုပ်ရေမွေး
၎။ သုံးဖြစ်နေတဲ့ ရေမွေး = TENDRE JASMINE (yves rocher)
၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင် = ဒိုင်နိုဆောသားပေါက်လေး (ခုလောလောဆယ်တော့ပေးမည့်သူမရှိသေးပါ)
၆။ အလိုချင်ဆုံး ဖုန်း = မရှိသေးပါ
၇။ သုံးဖြစ်နေတဲ့ ဖုန်း = SAMSUNG
၈။ အရုးသွတ်ဆုံးအရာ = ကဗျာဆရာမ ၊ သီချင်းရေးဆရာမ
၉။ အနီးစပ်ဆုံး ဂီတ = ဂီတာတီးခြင်း၊ စိတ်ကိုသာယာပျော့ပြောင်းစေသောတေးသံ
၁၀။ အလိုချင်ဆုံး စာအုပ် = စာရေးဆရာသော်တာဆွေစာအုပ်အားလုံး
၁၁။ အခုဖတ်ဖြစ်နေတဲ့ စာအုပ် = မောင်ကောင်းထိုက်(ဟာသပဒေသာ)
၁၂။ အကြာချင်ဆုံး စကား = တောင်ကြီးမှမေမေ အမြဲနေထိုင်ကောင်းပြီး အစစအရာရာအဆင်ပြေကြောင်း
၁၃။ အဖြစ်ချင်ဆုံး ဆန္ဒ = မိသားစုလေးတစ်စုတစ်ဝေးနဲ့စည်းစည်းလုံးလုံးနေရန်
၁၄။ အလိုချင်ဆုံးဆု = ကျန်းမာသုခ အမြဲရရှိရန် (ကျွန်မ ကျန်းမာရေး မကောင်းပါ)
၁၅။ အသွားချင်ဆုံးနေရာ = တောင်ကြီးမှ မေမေ့အိမ်
၁၆။ သွားဖြစ်တဲ့ နေရာတွေ = KL နှင့် ဆေးရုံများ
၁၇။ အကြည့်ချင်ဆုံး ရုပ်ရှင် = စိတ်ဓါတ်ခွန်အားမြင့်မားစေသောဇာတ်ကားနှင့် ဟာသကားများ
၁၈။ အပြောချင်ဆုံး စကား = မေမေ၊ ချစ်သူ၊ သူငယ်ချင်း အားလုံး အမြဲပျော်ရွှင်အောင်နေထိုင်ပါ
၁၉။ အယုံကြည်ရဆုံး လူသား = မေမေ နှင့်ချစ်သူ
၂၀။ မယုံကြည်ရဆုံး အရာ = ကံတရား
၂၁။ အမုန်းဆုံးအရာ = နောက်ကြောကိုဓါးနဲ့ထိုးတတ်ကြသူများ
၂၂။ အသောက်ဖြစ်ဆုံး အအေး = ရေ နှင့် juice
၂၃။ လတ်တလော အထိတွေဆုံး အရာ = ကွန်ပြူတာ၊ ဂီတာ၊ ဟာသစာအုပ်၊ ကဗျာစာအုပ်
၂၄။ မကောင်းတဲ့ ကျန်းမာရေး = နေပူမိရင်ဖျားတယ် မိုးရေမိရင်နေမကောင်းဖြစ်တယ်
၂၅။ အကောင်းဆုံးအဖော် = သစ္စာရှိသောသူငယ်ချင်း၊ စာအုပ် ၊ သီချင်း
၂၆။ အကြိုက်ဆုံး သီချင်း = Power Of Love....
၂၇။ အကြောက်ဆုံး အလုပ် = အိပ်ရေးမ၀ပဲအမြဲစောစောထရတဲ့အလုပ်
၂၈။ တန်ဖိုးအထားရဆုံး အရာ = မေမေ၊ ချစ်သူ၊ သစ္စာရှိတဲ့သူငယ်ချင်းများ
၂၉။ အကြောက်ဆုံး တိရစ္ဆာန် = သေးသေးကွေးကွေးနဲ့ပျော့စိစိအကောင်အားလုံး
၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂ်ဂါတွေ = တောက်ပကြယ်စင် ဘသားချော၊ အလင်းသစ်၊ခနွဲ ၊မောင်စွယ်စုံ၊နေဇော်လင်း၊ Angelhlaing ၊ ကျေးလက်သားလေး ၊ ပုသိပ်သားလေး ၊ ဒုတိယလူ၊ထာဝရသစ္စာ
နန်းကြာဦး၊ ခင်မောင်ချင်း......ရှိသေးတယ်အများကြီးပဲ..
၃၁။ အပြင်သွားတိုင်းပါတဲ့ ပစ္စည်း = ဖုန်း၊ ပိုက်ဆံအိတ်
၃၂။ သွားဖြစ်တဲ့ နေရာတွေ = ဆေးရုံ၊ kl ဆေးခန်းများ
၃၃။ စိတ်အညစ်ဆုံး အချိန် = နားလည်မှုမရှိသောသူများနှင့် စကားပြောရသောအချိန်
၃၄။ အနေချင်ဆုံး နေရာ = တောင်ကြီးမှ မေမေ့အိမ်
၃၅။ ကြားလိုက်မိတဲ့ ဟာသ တစ်ခု = အမြဲလိုလိုကြားဖြစ်နေတယ်၊ မောင်ကောင်းထိုက်ဖတ်လို့
(“တစ်ယောက်ထဲ ချစ်တာကောင်းလား၊
ဒါမှမဟုတ် နှစ်ယောက်(သို့မဟုတ်)နှစ်ယောက်ထက်ပိုပြီး
ချစ်သူထားသင့်သလား”
“ဘယ်ကားသမားကိုမေးကြည့် မေးကြည့်၊
အပိုဘီးထားတာ ကောင်းတယ်လို့ဖြေကြမယ်”)
၃၆။ ပေးချင်တဲ့ သတင်းတစ်ပုဒ် = မလေးရှားမှ ဒုက္ခသည်များစွာကို Australian နိုင်ငံမှခေါ်ယူမည်ဟုသိရသည်
၃၇။ အပျော်ဆုံး ဖြစ်မဲ့အချိန် = မေမေရယ် ကို့ချစ်သူရယ် ကိုရယ် တူတူနေရမည့်အချိန်
လတ်တစ်လော စိတ်ဆန္ဒလေးတွေကတော့ဒါတွေပါပဲ...စိတ်ဆိုတာပြောင်းလဲတတ်သောအရာတစ်ခု
ဖြစ်နေပါသောကြောင့် နောင်ပြောင်းလဲခဲ့သော်.....
အဆင်အပြေဆုံးဖြစ်အောင်ကြိုးစားပြီးဖော်ပြထားပါတယ်...တစ်စုံတစ်ရာမှားယွင်းခဲ့သော်
စာဖတ်သူများအားလုံးက ပညာမပြည့်ဝသော jasmine အားနားလည်ခွင့်လွတ်ပေးပါရန်
ပြောလိုပါသည်ရှင်။ ။
အားလုံးကိုကျေးဇူးတင်လေးစားနေတဲ့ jasmine
10 comments:
Jasmine ရေ မျှော်လင့်တဲ့ နေ့ရက်လေးတွေ အမြန်ဆုံး ရောက်ရှိနိုင်ပါစေလို့ ..ဆန္ဒပြုရင်း ဆုတောင်း
ပေးတယ်နော်.... ကောင်းသောနေ့လေး ဖြစ်ပါစေ။
မမရေ
ဒိုင်နိုဆော သားပေါက်ကိုကြောက်ဘူးလားဟင်...
မုန်လာထုပ်နာလည်းဆန်းဒေးရေးမှာနော..
ရေးထားတာလေးတွေ ရိုးသားမှု အပြည့်နဲ့ ဆိုတော့ ဖတ်ရတာ အရမ်းကောင်းပါတယ်။
ဒါနဲ့ ဒိုင်နိုဆော သားပေါက်လေး ကျနော် ပေးပါ့မယ်။ ခဏတော့ စောင့်နော်။ သူ့ အမေကြီးကို အရင် မွေးနေတုန်းမို့ပါ။
စံပယ်ရေ...
ချစ်သူနဲ့ မိဘကို အတော်ဦးစားပေးတာ တွေ့ရတယ်နော်။။။
အလိုဆန္ဒတွေ ပြည့်ဝပါစေဗျာ။။။
၃၇။ အပျော်ဆုံး ဖြစ်မဲ့အချိန် = မေမေရယ် ကို့ချစ်သူရယ် ကိုရယ် တူတူနေရမည့်အချိန်......
( ဘယ်လိုဖြေလိုက်တာလဲမမဂျပ်စ်မင်းရယ်.. :P )
ကျန်းမာရေးကောင်းပါစေလို့ဆုတောင်းပေးပါတယ်။ ဒိုင်နိုဆောမမွေးကောင်းဘူး။ ကြောက်စရာကောင်းလို့း)
တီလေးရေ .... ဒိုင်နိုဆော ကိုမကြောက်ဘူးလားဗျာ။
မကြောက်ရင် ဝယ်ပေးမယ်ဗျာ။
တီလေး ဖတ်နေတဲ့ စာအုပ်ထဲက ရည်းစားအပိုထားတယ်
ဆိုတာလေ ရည်းစားများရင် မကောင်းဘူးနော် တီလေး
အကြောက်ဆုံး အလုပ် = အိပ်ရေးမ၀ပဲ အမြဲစောစောထရတဲ့အလုပ်
အဲဒါတော့ သားနဲ့တူတယ် ... စောစော မထချင်တာလေ ...
ဖတ်လို့ကောင်းတယ် တီလေးရေ ...
ဆက်ကြိုးစားပါ။
ခင်မင်လျှက်
မောင်လေး
နေဇော်လင်း
အမငှီး မွေးနေ့လက်ဆောင်က ဒိုင်နိုဆော သားပေါက်တဲ့..
ဘာလုပ်မလို့လဲ... ကြီးလာရင် ဟိုနိုင်ငံဒီနိုင်ငံတွေ သွားတော့မယ်ဆို
flight မလို ဒိုင်နိုဆောသာစီးတော့မည်များတွေးထားသလား ????
:) :) :)
ဒိုင်နိုဆောသားပေါက်လိုချင်ရင်ကျွှန်တော်ဆီမှာလာယူနော်အမထူးထူးဆန်းဆန်း
လိုချင်တဲ့ လက်ဆောင်ဆိုတော့ရှား2ပါးလေးကိုရှာပီသိမ်းထားတာ
Post a Comment