ချစ်သူဆီက ဘာတွေရယူခဲ့သလဲ
သူ့ထံကို ဘာတွေပေးထားခဲ့သလဲ
မင်းလေးစဉ်းစားခဲ့ဖူးပါသလား.... ...???
မေးပါရစေတော့...
ကွဲအက်ပြီး တေ့ဆက် ဆက်ထားတဲ့
နှလုံးသားဆီကို....အပြုံးတွေသုံးပြီး
မင်းအရောက်လာနိုင်ပါသလား.....?? ?
အကြိမ်ပေါင်းများစွာတက်ခဲ့ရတဲ့
ဆေးရုံ.....ဒီနှလုံးသား
အကောင်းတိုင်းတော့ ...မဖြစ်နိုင်ပါဘူး
အပြစ်မမြင်တဲ့ အချစ်တွေကပဲ
ခြေစုံပြစ်ပြီး ယုံမိတာပါ
ကြေကွဲခြင်းတွေတော့မယူချင်ပါဘူး ...ချစ်သူရေ
ဒါမေမဲ့လဲ....
မင်းလေးပေးတာ...ဥပေက္ခာတွေ...သမု ဒ္ဒရာ မက
ပြန်ယူပါလား...???
လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေ သေးသိမ်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန်....ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့.....ရင်ထဲလဲဘာမှ မရှိတော့ပါလား။ ။ ။
jasmine
8 comments:
မရေ
အရင်ဆုံးဖတ်လိုက်ပါပြီနော်...
တစ်ကယ်ရင်ထဲဘာမှမရှိတော့ဘူးလား
မောင်ရော...ဘယ်မှာထားလဲ...
နတ်နတ်မေးတဲ့အတိုင်းပဲမေးပါရစေတော့နော်
အသည်းလေးလို့ခေါ်နေတဲ့ မောင်ရော....
သူဆီကကျနော်ရခဲ့ တယ်ဟန်ဆောင်ကောင်းခဲ့ တဲ့ အပြုးတွေကျနော်ပြန်ပေးလိုက်ရတာတော့ဘ၀တခုပဲအမရေ....
ကြုံတုံးလေးရင်လာဖွင့်လိုက်တာ
လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေ သေးသိမ်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန်....ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့.....ရင်ထဲလဲဘာမှမရှိတော့ပါလား။
မမရေ ခံစားအားပေးလျှက်...
အရှုပ်တွေလုပ်နေလို့ ခုမှပဲ ရောက်တယ်...:):)
ညီမ ရေ
ကဗျာလေး ဖတ်သွားတယ်နော်
ဒေါ်လေးရေ ကျွန်တော်ရောက်ခဲ့ပါတယ်.. အမြဲတန်း မပျက်မကွက်လာလည်တတ်တဲ့ ဒေါ်လေးကို ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော့်ရဲ့ ဧည့်ဝတ်မကျေတာတွေ အတွက်လည်း စိတ်မဆိုးဖို့ တောင်းပန်ခဲ့ပါတယ်ဗျို့.. ပျော်ရွှင်ချမ်းမြေ့ပါစေဒေါ်လေး
သူ့ဆီကတော့ ဘာမှမရခဲ့ပါဘူး။
ကိုယ်ကချင်းဘဲပေးဆပ်နေရသူပါ။
ချစ်သူဆီကိုမျော်လင့်ပြီးချစ်တာမကောင်းဘူးလေ
မေတ္တာသန့်သန့်ပဲမျော်လင့်တာကောင်းတယ်
ကိုယ်ကဘာမှမရပေမဲ့ဝမ်းမနဲပါနဲ့
ပေးနိုင်သလောက်ပေးလိုက်ပါ။ ။
ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျွန်မအမြဲ
ကျေးဇူးတင်နေမှာပါရှင်.....
အကြံပေးချက်များကိုလဲအလေးထားပါတယ်ရှင်။
ဝေဖန်မှုတွေကိုလဲဖိတ်ခေါ်ပါတယ်ရှင်။
Post a Comment