ရင်ဘတ်ထဲ
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
၂၄-၁၀-၂၀၁၁တွင်( ၆) နှစ်ပြည့် အမှတ်တရအတွက်နဲ့ ဒီကဗျာလေးကိုရေးသားခဲ့တာပါ
လွန်ခဲ့တဲ့ ၁၀ ရက်မတိုင်ခင်ကပဲဘာရေးရ မလဲလို့စဉ်းစားမိနေပြီး
ရင်ဘတ်ထဲက ထွက်လာတဲ့ အကြင်နာသံဇဉ်တွေပါ။
(ပါရမီဖြည့် ဖက်)
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
မောင့်အတွက် ချစ်သက်တမ်း (၆နှစ်ပြည့်) အမှတ်တရ
32 comments:
နမ်းရှိုက်ခွင့် မရချင်ဘူး။
ငုတ်တုတ် ထိုင်ကြည့်နေချင်တယ်။
အိုဘဲ့ .... ငါလူပျိုသိုး
ဟီးဟီး
ကြောင်ဖြူများရှင်
ကောင်းလိုက်တဲ.ကဗျာလေးရှင်..
ဂျက်မလေးနဲ.ဂျက်မလေးရဲမောင်တို့
ဆန္ဒနဲ.ဘ၀ တထပ်ထဲကျပါစေကြောင်း
ဆုတောင်းရင်း....
ရမ်းခင်တတ်တဲ.
မေသန်.ဇင်
ဟယ်တော်..ခြောက်နှစ်တောင်ရှိနေပြီလား???
ဒါဆို..သူငယ်တန်းပဲရှိအုံးမှပေါ့း)
သူငယ်တန်းမှသည်..ဟိုးဆယ်တန်းအောင်
ဘွဲ့ရ..လုပ်ငန်းခွင်ဝင်..
သားသမီးမြေးမြစ်တွေရတဲ့အထိ..
မခွဲမခွာ...အတူနွှဲ
မြဲဆက်ကာ..ယှဉ်တွဲပြီး.."ကဲ"နိုင်ကြပါစေး)
ဆုတောင်းပေးတယ်နော်..ကျုပ်ကိုမကြော်ငြာနဲ့တော့းP
ပျော်စရာကြီး အစ်မရယ်.. ၆နှစ်တောင် ရှိပြီပေါ့... Congrat :D
ဟင်.....မောင်က ၆နှစ်သားပဲရှိသေးလား...ဟုတ်သေးပါဘူး မိစံပယ်.....:))))
စတာနော်...၊ကမ္ဘာတစ်သောင်းမက...ချစ်သူနှစ်ဦး ဘဝခရီးလမ်းကို ဖြောင့်တန်း
ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေသော်ဝ်...................
မဂျက်ရဲ့မောင်လဲ ဖတ်မိပြီးကြည်နူးနေပါလိမ့်မယ်
ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးဖြစ်ပါစေဗျာ။
မိုးမြင့်တိမ်
ကဲ..ချစ်ရပါသော jas ရေ
6 နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ကြည်နူးကြပါစေရှင်..
ချစ်တဲ့ ပစ်ပစ်
တစ်မိုးအောက်မှ တစ်ယောက်သောချစ်သူအတွက် ၆ နှစ်ပြည့်အလွမ်းလေး
ဖတ်သွားပါတယ် Jasmine ရေ..
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ဖတ်သွားတယ်ဗျ..။ ခံစားမှုလေးတစ်ခုပါပဲ။
သဘောကျပါတယ်ဗျာ
ကဗျာလေးက ညင်သာလိုက်တာ...
အားပါးတရ နမ်းခွင့်ရမယ် ဆိုရင်တောင် ဖြည်းဖြည်းဘဲ နမ်းမယ်ဆိုတော့...
တဘက်လူတော့ တော်တော် သဘောကျသွားမယ်...
တို့ အစ်မကတော့ ကဗျာရေး တကယ်ကောင်းဟေ့....
ဖတ်ရတာကြည်နူးစရာကောင်းတယ် စံပယ်လေးရေ။
၆-နှစ်မှသည် ကမ္ဘာပေါင်းများစွာ စိတ်တူကိုယ်တူချစ်တဲ့သူများအဖြစ် တွဲလက်မဖြုတ်စတမ်း ခိုင်မြဲနိုင်ကြပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Congrats to both of you for reaching this far mama Jas.. :)))) Muahhhhh....
Love,
MPC
အမ်မလေးဗျာ
အားကျလွန်းလို့ ဂလုဂလုတောင်မြည်သွားသေးတယ်
ချစ်နိုင်သူတွေချစ်ကြစေဗျာ
ချစ်ကြစေး)း)
မောင်ဘကြိုင်
နမ်းခွင့်ရရင်တောင်ဖွဖွလေးတဲ့လားတဲ့ဗျာ။ နှိုးတာတောင် အနမ်းနဲ့နှိုးမလို့တဲ့။ နှလုံးသားက တော်တော်လေးနုရွလတ်ဆတ်နေပါလားဗျာ။ အချစ်ကြောင့်ဖြစ်မယ်။ ဒီထက်ပိုသက်တမ်းကြာရှည်ချစ်နိုင်ပါစေဗျာ။
မစံပယ်....
ဖွဲ့နွဲ့မှု့လေး ကောင်းလှတယ်ဗျာ
ချစ်ရသူ နဖူး
အနမ်းဦးနဲ့ နိုးပါရစေ
ဖတ်ရင်းနဲ့တောင်ကြည်နူးမိတယ်
ထို ခရီးလမ်း အေးချမ်းသာယာ ကြပါစေဗျာ။
အားပေးသွားပါတယ်နော်
congrat.. ပါ မမဂျက်စ်
၆ နှစ်မစ
နှစ်ပေါင်းများစွာမက
ရွှေလက်များတွဲ
ခိုင်မြဲပါစေ ရှင်..
ချစ်တဲ့
အိမ်မက်
သြော် ခြောက်နှစ်ကြီးများတောင် ခုထိကို ပေါင်းနိုင်သေးဘူးလား
ဇွဲကောင်းလိုက်တာနော် ..
း)
ချစ်ရသူနဲ့ ပေါင်းဖက်နိုင်ပါစေဗျာ ..
ဒီတခါတော့ မလွမ်းတော့ဘဲ ကဗျာတွေက အချစ်တွေနဲ့  ထုံမွှန်းနေလိုက်တာ...နှစ်ပတ်လည်ပေါင်းများစွာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ နော်...
ချစ်သူနဲ့ပေါင်းတာပဲ..၆သောင်းမကဘူး..ပေါင်းဖတ်ထားချင်တာပေါ့နော့.ဟဟာဟာဟားဟား
အာာ..ချစ်မရေ ဖြေးဖြေးနော်....ဒီမှာ နမ်းမယ်ဆိုလို့ အသက်အောင့်ထားတယ် .....:P
မိုက်တယ်မမရာ..မမရဲ့ မောင်တစ်ယောက်တော့ ကြွေဆင်းရုံတင်မက
ခွေပါကျလောက်နေပြီ.....:)
စကားလုံးလေးနည်းနည်းမှာ များစွာသောချစ်ချင်းတွေနဲ့
သစ္စာတရားတွေ စီးဆင်းနေလေတော့...
အားကျတယ်...ချစ်မရေ....
ခြောက်နှစ်မြောက်တဲ့လား.... ချစ်သူခြင်းချစ်ကြတယ်ဆိုတာမင်္ဂလာတစ်ပါးပါပဲ...။ နောင်နှစ်ပေါင်းများစွာထိ နားလည်ကြင်နာစွာ အနားမှာ အချစ်များဆထက်ပိုပါစေ...။
မမဂျက်ရေ ခရီးလွန်နေလို့ ဆုတောင်းနောက်ကျသွားတာခွင့်လွှတ်ပါကွယ်း)
မမဂျက်နဲ့ချစ်သောမောင်တို့သည် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းတို့ဖြင့်
ပြီးပြည့်စုံပါစေ .......
တို့လို့တွဲလောင်းလေးတွေလဲ အမြန်ဆုံးဖြစ်ပါစေး)
ချစ်တဲ့
ဒိုးကန်
သက်တမ်းနုနု
နှစ်တစ်ခုမှသည်
ထောင်သောင်းသက်တမ်း
နှစ်တွေတိုင်လဲ
မခွဲစတမ်း
အမြဲတမ်း
အပြစ်မမြင်
ချစ်ခင်နိုင်ကြပါစေ။
မဂျက်စ်ရေ ခြောက်နှစ်မှသည် နှစ်ပေါင်းများစွာတိုင်အောင် ချစ်ခင်ကြင်နာ လက်တွဲနိုင်ပါစေကြောင်း ဆုတောင်းရင်း ၆ နှစ်ပတ်လည်ပြည့်ကဗျာလေးကို အားပေးသွားပါတယ် ခင်ဗျာ :)
အင်း ခြောက်နှစ်ပြည့် ရတုကို ကဗျာစပ်လေတော့ ဦးဟန်ကြည်တို့လည်း ကိုးနှစ်ပြည့်ရတုကို ကဗျာစပ်ရင်ကောင်းမလား စဉ်းစားမိပေသပေါ့...ကိုင်ဇာရဲ့သီချင်းထဲကလို “ အခုအချိန်လိုမဟုတ်ဘဲ နောင်လာမယ့်နှစ်ပေါင်းငါးဆယ်...သားတို့နားမလည် မြေးတို့နားမလည် သူငယ်ပြန်တယ်ထင်လည်းထင် ”တဲ့အထိ ချစ်နိုင်ကြပါစေဗျား...
သူများတွေများ ခြောက်နှစ်တဲ့ . . .အားကျစရာ။
အို . .အေ . . ဒါပေမဲ့ . .
ဒါတွေက အပူတွေပါ . . .
ဒါနဲ့ စကားမစပ် အခုတလော မလေးမှာလည်း အတော်ပူတယ်နော် အစ်မ။ ကျနော်လည်း အနွေးထည် တစ်ထည်လောက် လိုချင်လို့...အဟိ
အိုး........ နုချက်ကတော့ ကမ်းကုန်ပါဘဲ..။
သူငယ်တောင် ပြန်ချင်သွားတယ်..။ :)
ချစ်သူနဲ့ ထာဝရလက်တွဲနိုင်ပါစေညီမရေ...။
ချစ်သောသူနှင့် ထာဝရ ... ပျော်ရွင်ခွင့်ရပါစေ ...ဗျာ ...
မောင်ဘုန်း
ဟိုက်ရှား ..... ငုတ်တုတ်ကြွေသွားတယ်ဗျာ ..
အားကျမိပါတယ်။
ထာဝရ တစ်သက်တာ ရာသက်ပန် ပျော်ရွှင်ကြပါစေ။
မညိုးနိုင်တဲ့ အချစ်မျိုးနှင့် လုပ်ပါအစ်မ အိမ်ဂျယ်ရယ် ။ ကျွန်တော်တော့ အဲလိုပဲထင်တယ် ။ အဟီးးP
Post a Comment