တွေ့မယ့်တွေ့တော့
တိုက်တိုက် ဆိုင်ဆိုင်
ဘာမှ ပိုင်တာမရှိ
မမြင်ရတဲ့ အနာဂတ်လဲ နတ္တိ
ဗလာတွေ ရင်ထဲလာငြိ
အထီးကျန်ညတွေလဲ
တွဲခေါ်မည့်သူမရှိ
နေမထိ ထိုင်မသာ
သာသာ ယာယာမရှိ။
ဘယ်ဝင်ရိုးက လာတယ်မသိတဲ့
ဆိုးလွန်းလှတဲ့ ကံကြမ္မာ
လက်ရုပ်ဖို့ စဉ်းစားနေတုန်း
ပုတ်ထုတ်ခံ လိုက်ရလို့
ဟန်ချက်နဲနဲ ပျက်သွားသလို
တွင်းတိမ်တိမ် ထဲကရေ
ခပ်လို့လွယ်တာ ဆန်းနေသလား
အသည်းနှလုံးမပါတဲ့
စက်ရုပ်လူသား
ချစ်ခြင်းတွေ ရောင်းစားနေတာ
ဘ၀တွေ ကောင်းစားဖို့တဲ့။
မင်းပြောသမျှ အဟုတ်မှတ်ခဲ့
အတွက်အချက်ကတော့
စက်သူဌေးဆိုပဲ
တွက်ကြည့်တော့ မျက်ရည်တွေ
ပွက်ပွက်ထ ဘ၀တွေ စိစိညက်
အသိခက်တဲ့ လောကကို
အပြစ်တင် အသစ်မြင်
ပြသနာကတော့ အနှစ်သာရမရှိတဲ့
မင်းရဲ့ သစ္စာတရား
အလုပ်မဟုတ်တဲ့ဟာတွေ
အဟုတ်လုပ်ပြီး
အမိန့်တွေ လာလာမထုတ်နဲ့
ရှုပ်တော့ရှုပ်ကုန်ပြီ
ဇယားတွေလား?
အမှားတွေလား?
အရသာကတော့
သောက်နေကျ ကော်ဖီလိုပါပဲ
နဲနဲထက်မက ခါးနေတာ
တားဖို့စဉ်းစားလိုက်မိတာ
မင်းရဲ့ အတ္တ
ဘယ်တော့မှ အရိပ်အောက်မရောက်တာက
မင်းရဲ့ မာန
ခ၀ါချဖို့ အချိန်တန်
အိမ်ပြန်ဖို့အရေး
တစ်ချက်လောက်တော့ ဆွေးနွေးသင့်
နွေးထွေးမှု ရှိတဲ့ရင်ခွင်
အဲတာ အချစ်စစ်စစ် တို့ရဲ့ ရင်ခွင်ဆိုတာ
အသိနောက်မကျဖို့ လိုမယ်ထင်။
jasmine
24 comments:
အခုတလော ကဗျာရေးဖို့စိတ်ထက်သန်နေတယ်ထင်တယ်နော်။ ကောင်းပါတယ်။ ခံစားပြီး ဖတ်သွားပါတယ်ခင်ဗျာ။
နွေးထွေးမှု ရှိတဲ့ရင်ခွင်
အဲတာ အချစ်စစ်စစ် တို့ရဲ့ ရင်ခွင်ဆိုတာ
အသိနောက်မကျဖို့ လိုမယ်ထင်။ ။
.....တဲ့ ပေါက်ကရမော်ဒန်တောင် ရင်ထဲလာငြိတယ်ဗျာ ...
ဘယ်ကလာပေါက်ကရမော်ဒန်ရမလဲညီမရေ
ကောင်းတယ်ဗျ ခံစားအားပေးသွားတယ်
ခင်မင်လျှက်
ချစ်သူမောင်
ပေါက်ကရကဗျာမှာ စူးရှရှ ပေါက်ကွဲသံ၊ လေးနက်တဲ့ အတွေးအခေါ်တွေနဲ့ ဖွဲ့နွဲ့ထားသလိုပဲ...ခံစားအားပေးသွားပါတယ် jasmineရေ..
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
မမ jasmine ရေ ကျွန်တော်တော့လိုက်လို့မရဘူးဗျို့ အရမ်းတွေးထားတယ်နော် ဖတ်ရှုသွားပါတယ်နော်
အလုပ်မဟုတ်တဲ့ဟာတွေ
အဟုတ်လုပ်ပြီး
အမိန့်တွေ လာလာမထုတ်နဲ့
ရှုပ်တော့ရှုပ်ကုန်ပြီ
ကြိုက်တယ်.. မှန်တယ်.. အမိန့်လာမထုတ်နဲ့... :P
ကောင်းပါ၏
အလွန်ကို လေးစားဖွယ် ကောင်းလောက်ကို ကဗျာ ရေးနိုင်သူပေပဲ။
ထိထိမိမိလေးနဲ့ ကောင်းပါတယ်။
ဟဲ့ နေမကောင်းဘူးဆို နှလုံးသားကိုဖြစ်ညစ်ပီးမေ၇းနဲ့ လေ
ဒီပုံဆိုနင် လုံးပါးပါးလိမ့်မယ် အနားယူအုံးနော် မနားရင် နင့် ကို
ဖက်မယ်..အဲမှားလို့ ....ဟက်မယ်..ဖလမ်းဖလမ်းထချင်နေပီလား
ဟဟ
ခင်မင်လေးစားလျှက်..မောင်..ကိုကို..အမောင်လေး..အဲလဲ့
အချစ်စစ်ရဲ့ရင်ခွင်ဟာ တကယ်ဘဲနွေးသလား Jas ..
ကျမလည်းတနေ့မှာအဲလိုရင်ခွင်နွေးနွေးလေးထဲနေချင်တယ်..
အသည်းနှလုံးမပါတဲ့
စက်ရုပ်လူသား
ချစ်ခြင်းတွေ ရောင်းစားနေတာ
ဘ၀တွေ ကောင်းစားဖို့တဲ့။
လွှတ်ကြိုက်ပေါ့ အဲဒီနေရာရောက်ရင်....
ခင်မင်စွာဖြင့်
AH
ပေါက်ကရမော်ဒန်ပြီးတော့..
ဖြစ်ကတတ်ဆန်း မော်ဒန်...
ဟိုရောက်ဒီရောက်မော်ဒန်...
စသဖြင့်စသဖြင့်...
ထပ်လာဦးမယ် ထင်တယ်။း))
ခင်မင်လျှက်
အသံလေး ထွက်ရွတ်ကြည့်...
ဟစ်ဟော့သီချင်းတစ်ပုဒ် ဆိုလိုက်ရသလိုပဲ..။
ကိုကိုမောင်ရေ...စိတ်သာချ လာမှာ
အမယ် သူကကြိုတောင်သိနေရောလား
အကြားအမြင်ရနေသလိုပဲ.....
လူပျိုကြီးတွေ ၀ါကျွတ်တော့မယ်....
အကြားအမြင်လေးနဲ့ ကြည့်လိုက်ပါအုန်းနော်....
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
လေးစားစွာနဲ့ ခင်မင်သူ jasmine
အိမ်ပြန်ဖို့ အရေး တချက်မကဘူး ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အဖြေကတော့ ပြန်လို့ မရသေးပါဘူး အစ်မရယ်...
အိမ်ပြန်ဖို့ အချိန်တန်ပြီတဲ့....မိုက်တယ်မမရေ...
ကူးသွားဖြစ်ပါတယ်...အချိန်ယူပြီး နှစ်ခေါက်သုံးခေါက်လောက် ဖတ်ကြည့်ဖို့လိုမယ်လို့ ယူဆမိလို့ပါ...
“ပြသနာ“ - “ပြဿနာ“
“အဲတာ“ - “အဲဒါ“
ကာရန်ယူထားတာ ချစ်စရာကောင်းတယ်လို့ ခံစားမိပါတယ်...
ပေါက်ကရမော်ဒန်ကို ခပ်တည်တည်နဲ့
အသေအချာဖတ်သွားတယ်ဂျက်ရေ
ပျော်ရွှင်ပါစေရှင်
ဒုတိယ အပုဒ် လေးကို ပိုကြိုက်မိတယ်ဗျာ..
ထိထိမိမိ လည်းရှိလှတယ်။
ကဗျာလေးအားပေးသွားတယ် စံပယ်ရေ။
ရေးလည်းရေးတတ်ပါ့နော်။ တစ်နေ့ထက်တစ်နေ့ ကလောင်အသွားပိုထက်လာတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရေးအသားတွေ အရမ်းကောင်းတယ်ဗျာ။ လာအားပေးသွားပြီ အစ်မ Jas ရေ။
"အချစ်စစ်စစ် တို့ရဲ့ ရင်ခွင်ဆိုတာ
အသိနောက်မကျဖို့ လိုမယ်ထင်။"
ဆိုတာလေးကို အကြိုက်ဆုံးပဲ။
နောက်မှပြီးအောင်ဖတ်တော့မယ် jasmine ရေ...
မိုက်တယ် ၊ ခိုက်တယ် ၊ညိတယ်၊ ပေါက်တယ် ၊ကွဲတယ်
ဟဲဟဲ ရေးစရာတွေများနိုင်ပါစေ...
ဖတ်သွားတယ်ဗျို့ အရမ်းကောင်းတယ်...
ဖတ်သွားတယ် အရမ်းကောင်းတယ်....
Post a Comment