အပြုံးတွေပျောက်ဆုံး
တွယ်တာမှုတွေပျက်သုဉ်းနေတဲ့ ဘ၀လေးကို
ပြန်လည်စိုပြေလာစေတဲ့ သူ
အချစ်တွေကို အသက်သွင်းပေးခဲ့သူ
အမုန်းတွေ ရင်ထဲမထားပဲ
သံယောဇဉ် အသင်္ချေ တွေ ရင်ဘတ်ထဲ ၀င်လာစေတဲ့ သူ
လက်ကျန်ဘ၀လေးအတွက်
အနားသတ်တွေ လှပအောင် လမ်းပြပေးတဲ့ သူ
သဲဖြူခင်းပြီး စံပယ်တွေ ကာရံပေးခဲ့ သူ
ခပ် ပါးပါးသာကျန်တဲ့ မျော်လင့်ချက်လေးကို အရောက်တင်ပေးခဲ့ သူ
ကိုယ် ကြိုက်တတ်တဲ့ သီချင်းလေးတွေ ရှာဖွေဖွင့်ပေးတတ် သူ
အပိုင်းအစတွေများလွန်းလှတဲ့ လောက
အတုတွေပေါများလွန်းတဲ့ လောက
အဖြူစစ်စစ်တွေရှားလာတဲ့ လောက
မိုးရာသီရဲ့ ဟန်ပန်တွေ ဘာမှ မရှိတဲ့နေရာ တခု
နှင်းထုတွေ ဖုန်းလွှမ်းတဲ့ အရပ်ဒေသ
အရိုးထဲ စိမ့်ပြီး အေးလွန်းတဲ့ အိမ်လေးထဲမှာ
အမြဲအားပေး တတ်သူ
ယုယ ကြင်နာပေး တတ်သူ
ဖေးမပေး တတ်သူ
အဲတာ ကျွန်မချစ်ရသူပါ ။
jasmine
စာတွေ များများတင်နိုင်အောင်လို့ တဂ်ပါရစေရှင်
မိမိကြိုက်ရာခေါင်းစဉ်ဖြင့်ရေးသားနိုင်ပါတယ်
သာဂျီးမင်း
လရိပ်အိမ်
တီတင့်
မဒမ်ကိုး
ပစ်ပစ်
10 comments:
အမုန်းတွေ ရင်ထဲမထားပဲ
သံယောဇဉ် အသင်္ချေ တွေ ရင်ဘတ်ထဲ ၀င်လာစေတဲ့ သူ
လက်ကျန်ဘ၀လေးအတွက်
အနားသတ်တွေ လှပအောင် လမ်းပြပေးတဲ့ သူ
အဲဒီစာသားလေးတော့ ပို နှစ်သက်မိ
ဟုတ် ဆွေလေးရေ-----ထပ်ပြီးကြွားပါရစေ
အဲတာ ကိုလွင်ပြင်ကိုရေးတာပါ သူကဂျက်ထက်အသက်ငယ်ပေမဲ့လဲ လူကြီးလေးလိုပဲ
ဟုတ် ဆွေလေးရေ-----ထပ်ပြီးကြွားပါရစေ
အဲတာ ကိုလွင်ပြင်ကိုရေးတာပါ သူကဂျက်ထက်အသက်ငယ်ပေမဲ့လဲ လူကြီးလေးလိုပဲ
ဂျက် ရဲ့ ချစ်သူ အမွှန်းတင်
ငကြွားစိန်လုပ်တာလေးကို
လာအားပေးသွားတယ်နော်...:)
ခုတလော "သံယောဇဉ်" ဆိုတဲ့ စကားလုံးလေးကို ကြောက်ရွံ့နေမိတယ်။ မကြီးရဲ့ကဗျာလေးက မကြီးချစ်ရသူရဲ့ရင်ထဲကို ထိထိမိမိ ဝင်ရောက်နေမှာပါ။ ကဗျာလေးရယ် ၊ အိမ်လေးရယ် အရမ်းလှနေတယ်။
ကြွားကဗျာ
ချစ်စရာစကားလုံးလေးတွေနဲ့ သီကုံးထားတဲ့ ကဗျာလေးဖတ်သွားတယ် ဂျက်ရေ....
ရေးအုံးမှာ ... :P ♥♥♥
အိမ်အသစ်လေးရဲ့အရောင်က မှုန်မှုန်မှိုင်းမှိုင်းနဲ့ မီးမီးကြိုက်တဲ့အရောင်ဆင်းမျိုး
အိုမားနဲ့သာမီးအကြိုက်တူတာပေါ့နော်
ပြီးပြည့်စုံနေတဲ့ချစ်ခြင်းကဗျာ ဝမ်းမြောက်ပီတိဖြစ်ပါ၏။
Post a Comment