သေသေချာချာ ဖုန်းဆက်ပြီးဖိတ်ခေါ်ပေမယ့်လဲ အဲဒီနေ့က ပြောခဲ့သလိုပါပဲ
မအားတဲ့ရက်တွဖြစ်နေလို့ ဒီလက်ဆောင်လေးတွေနဲ့ ကျေနပ်ပေးပါလို့ တောင်းပန်ရင်း
တစ်နှစ်တစ်ခါ အချိန်မှန်
ရောက် ရောက်လာတာပါ
ဒီဇင်ဘာ (၇) ရက်
အဲဒီနေ့ပေါ့ -
မြူတွေဆိုင်း ချယ်ရီတွေဝိုင်း
အပြင်မှာအေး
ရင်မှာနွေးတဲ့
အဲဒီနေ့ပေါ့
ဒီဇင်ဘာ (၇) ရက် -
နှင်းတွေဝေ တဲ့ဒီရာသီ
ချမ်းအေးမှုတွေနဲ့ အတူ
မချစ်လဲပြုံး ချစ်လဲပြုံးတဲ့
လူတော်တော်များများနဲ့အတူ
လောကအလယ်မှာ
သောကတွေလိုက်လို့ဝယ်နေတဲ့
လူအများနဲ့အတူ
ငြိမ်းချမ်းတဲ့ အပြုံးနဲ့
ကြိုနေတဲ့ လူတစ်ချို့နဲ့အတူ
လူမျိုးမရွေး ဘာသာမတွေးပဲ
လူသားအားလုံးနဲ့
ခင်မင်မှုလက်ကိုတွဲပြီး
ဖြူစင်တဲ့ အပြုံးတွေနဲ့
ရှေ့ဆက်ရမယ့်ခရီးကိုအပြုံးမပျက်
တစ်လှမ်းချင်းတက်လို့နေတဲ့
မောင်ငယ် နေဇော်လင်းရေ
မင်းလေးရဲ့မွေးနေ့
(၇) ဒီဇင်ဘာ ရောက်လို့လာချေပြီကွယ် ။
တီတီလေး(jasmine)
မွေးနေ့မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမားခြင်း လိုအင်ဆန္ဒအားလုံးပြည့်ဝပါစေလို့ တီတီလေးဆုတောင်းခဲ့ပါတယ် ။
ဘလော့ဂါ သူငယ်ချင်းအားလုံးတူတူ ဆုတောင်းကြရအောင်နော် ။
ကျေးဇူးတင်ပါတယ်ရှင် ။
ဒီဇင်ဘာ(၇)ရက်ကတော့မရောက်သေးပေမယ့်
မွေးနေ့အကြို အားတဲ့အချိန်လေး တင်ရလို့ပါ ။
ဒီဇင်ဘာ(၇)ရက်ကတော့မရောက်သေးပေမယ့်
မွေးနေ့အကြို အားတဲ့အချိန်လေး တင်ရလို့ပါ ။
11 comments:
happy birthday ပါ ကိုနေဇော်လင်းရေ..
မွေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ချမ်းမြေ့ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်ရှင်..
happy birthday ပါချစ်ကိုကြီးရေ
ယခုမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်
ချစ်သူနဲ့ရွှေလက်မြဲမြဲတွဲနိုင်ပါစေ....
happy birthday ပါ ကိုနေဇော်လင်းရေ..
မွေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ချမ်းမြေ့ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်ရှင်.
မွေးနေ့ မှာ ပျော်ရွှင်ပါစေလို့ ကိုနေရေ...အဆင်မသင့်လို့ 
စင်မြင့်ပေါ်က..အဲမှားလို့  ဒီနေရာလေးကဆိုတောင်း
ပေးနေလျှက်ပါ
Happy Birthday ပါ ကိုနေဇော်လင်းရေ
မင်္ဂလာရှိတဲ့မွေးနေ့ပါး) နောက်ကျသွားတယ်
Happy Birthday Nay Zaw Linn ! Wish you all the best !
မွေးနေ့ရှင်တစ်ယောက်
ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေ....
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေ....
ဂျက်ဂျက်လည်း ထပ်တူ ကျန်းမာပျော်ရွှင်စွာ ကဗျာတွေ၊ စာတွေ ရေးနိုင်ပါစေ..။
၇ရက်နေ့မှာ ရောက်ရှိလာမဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးအတွက်
တောင်းဆုလေးချွေခဲ့တယ် မောင်နေဇော်လင်းရေ။
ထူးမြတ်တဲ့မွေးနေ့ကစလို့ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝပြီး
မွေးနေ့ပေါင်းများစွာကို အေးချမ်းစွာဖြတ်ကျော်နိုင်ပါစေ။
မွေးနေ့အတွက် အားကြိုးမာန်တက်ပြုလုပ်ပေးခဲ့တဲ့
ဂျက်ဂျက်လည်း တူညီသောအကျိုးခံစားနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တီလေးရေ ...
အရမ်းလန်းပါတယ်။
အခု တားတား အလုပ်များနေလို့ပါ။
မွေးနေ့အတွက် အမှတ်တရ လုပ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် .. နောက်တစ်ခါ တီလေးနဲ့
တွေ့မှ စားချင်တာ အဝကျွေးမယ်နော်..
လေးစားလျှက်
Happy Birthday ပါ ကိုနေဇော်လင်း ရေ။ ဒီနေ့ ၇ရက်နေ့ဆိုတော့ ကွက်တိပဲ။ အစ်မ Jas ကမိတ်ဆက်မပေးတော့ တူလေးလား? တူကြီးလား? မသိဘူးဖြစ်နေတယ်ခင်ဗျာ။ :P
Post a Comment